ခရီးသွားခြင်းသည် စိတ်ဖိစီးမှုများကို ပြေလျော့စေပြီး စိတ်လက်ရွှင်လန်းလာအောင် ကူညီပေးပါတယ်။ ဒါ့ကြောင့်လည်း လူအများသည် ရုံး ပိတ်ရက် တွေမှာ ခရီးထွက် ကာ စိတ်လက်အပန်းဖြေကြတာ ဖြစ်ပါတယ်။ တကယ်တော့ ရုံး ပိတ်ရက် တွေမှာ ခရီးထွက် ခြင်းသည် ဆိုရှယ်မီဒီယာတွေပေါ်မှာ ဓာတ်ပုံလှလှတင်တာထက် ပိုပြီး အဓိပ္ပာယ်ပြည့်ဝဖို့ လိုအပ်ပါတယ်။

စိတ်လှုပ်ရှားစရာကောင်းပြီး ခွန်အားသစ်များ သွန်းလောင်းခြင်း၊ အမှတ်တရကောင်းများ ဖန်တီးနိုင်ခြင်း၊ စိတ်ဖိစီးမှုများ ဖြေဖျောက်ပေးနိုင်ခြင်း အစရှိတဲ့ အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်သည်အထိ အစွမ်းထက်တဲ့ အရာကတော့ ခရီးသွားခြင်းပဲ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ရက်ရှည် ရုံး ပိတ်ရက် တွေမှာ အိမ်ထဲမှာပဲ အခန်းအောင်းနေမယ့်အစား စိတ်ပြေလက်ပျောက် ခရီးထွက် သင့်ပါတယ်။ ဘာ့ကြောင့်ခရီးထွက်သင့်သလဲဆိုတဲ့ အကြောင်းအရင်းများကတော့ …

အမှတ်တရကောင်းများကို ဖန်တီးပေးနိုင်ခြင်း

ပိတ်ရက် ခရီးထွက်

နေရာဒေသအသစ်တစ်ခုဆီသို့ ခရီးသွားခြင်းသည် အမှတ်တရကောင်းတစ်ခုကို ဖန်တီးပေးနိုင်ပါတယ်။ ဓာတ်ပုံသပ်သပ် ရုပ်ဝတ္ထု အမှတ်တရချည်းသက်သက် ကျန်ရစ်ခဲ့တာမျိုးမဟုတ်ဘဲ မှတ်ဥာဏ်ထဲမှာပါ အမှတ်တရကောင်းများ ကျန်ရစ်ခဲ့တာမျိုးပါ။ အသက်အရွယ်ရလာလို့ တစ်ချိန်ချိန်မှာ ပြန်ပြောင်းသတိရကြည့်တဲ့အခါ ထိုနေရာလေးကို ဘယ်အချိန်တုန်းက သွားခဲ့တာ၊ ဘယ်သူနဲ့ သွားခဲ့တာ၊ အဲ့ဒီတုန်းက ရာသီဥတုက ဘယ်လိုမျိုးဖြစ်နေတာ၊ ဘယ်နေရာတွေကို သွားလည်ခဲ့တာ စသည်ဖြင့် အမှတ်တရကောင်းများ ပြန်ပေါ်လာမှာပဲ ဖြစ်ပါတယ်။

မတူညီတဲ့ ယဥ်ကျေးမှုအမျိုးမျိုးကို လေ့လာနိုင်ခြင်း

ပိတ်ရက် ခရီးထွက်

တစ်နေရာနဲ့ တစ်နေရာသည် ယဥ်ကျေးမှုချင်း မတူညီကြပါဘူး။ ကျနော်တို့ မြန်မာနိုင်ငံတွင်းထဲမှာတောင် ပြည်နယ်တစ်ခုကနေ အခြားပြည်နယ်တစ်ခုစီသို့ သွားလာတဲ့အခါ လူနေမှုပုံစံနှင့် ဓလေ့စရိုက်များ ကွာခြားနေတာကို တွေ့မြင်နိုင်ပါတယ်။ အချို့နေရာဒေသများကတော့ ဖော်ရွေပျူငှာမှုကို အတိုင်းသားမြင်တွေ့နိုင်ပြီး အချို့နေရာဒေသများကတော့ ဖော်ရွေမှုကို ထုတ်ဖော်ပြသလေ့မရှိပါဘူး။ အချို့ကတော့ ခင်မင်ရင်းနှီးစွာ စကားပြောဆိုတတ်ကြသလို အချို့ကလည်း စကားပြောတဲ့အခါ ဘုနဲ့ ဘောက်စတိုင်လ်မျိုးဖြင့် စကားပြောဆိုကြပါတယ်။

ဒီလိုမတူညီတဲ့ ယဥ်ကျေးမှု၊ ဒေသအလိုက် လူနေမှုအဆင့်အတန်း၊ ပြောပုံဆိုပုံ ကွာခြားခြင်းတို့ကို ကွီးတို့ကိုယ်တိုင် သွားရောက်လေ့လာမှသာလျှင် တွေ့မြင်နိုင်မှာပဲ ဖြစ်ပါတယ်။

စိတ်ဖိစီးစရာ လက်တွေ့လောကကြီးထဲကနေ ရုန်းထွက်ပြီး စိတ်ကူးယဥ်ကမ္ဘာကြီးထဲသို့ အလည်သွားနိုင်ခြင်း

ခရီးသွားခြင်းဆိုတာသည် တကယ်တော့ စိတ်ကူးယဥ်ကမ္ဘာကြီးထဲသို့ ဝင်ရောက်လိုက်တာနဲ့ တူပါတယ်။ ခရီးသွားခြင်းကို တစ်ခါလောက် အစပျိုးလိုက်တာနဲ့ ထပ်ဖန်တလဲလဲ ခရီးသွားချင်စိတ်တွေ ပေါ်လာမှာပဲ ဖြစ်ပါတယ်။ စိတ်ကူးယဥ်ကမ္ဘာကြီးဆိုတာသည် တစ်ခါဝင်ပြီးသွားတာနဲ့ ပြန်ရုန်းထွက်ဖို့ ခက်ခဲတယ်မဟုတ်လား။

ကျနော်တို့ရဲ့ နေ့စဥ်ဘဝကြီးသည် စားဝတ်နေရေးကြောင့် ရုန်းကန်နေရခြင်း၊ အလုပ်ကြောင့် စိတ်ဖိစီးစရာများ၊ လူမှုရေးအရှုပ်အထွေးများ၊ စီးပွားရေး၊ မိသားစုရေး၊ အိမ်တွင်းရေး အရှုပ်အထွေးများကြောင့် စိတ်ညစ်စရာတွေ ရှိနေတတ်ပါတယ်။ ထိုစိတ်ညစ်စရာများထဲကမှ ခဏတဖြုတ်လောက် ရုန်းထွက်ချင်တယ်ဆိုရင်တော့ ရုံး ပိတ်ရက် တွေမှာ ခရီးထွက် ဖို့ အကြံပေးချင်ပါတယ်။ ခရီးသွားခြင်းကြောင့် စိတ်ညစ်စရာများကို ဖယ်ရှားနိုင်ပြီး ကြုံတွေ့နေရတဲ့ ပြဿနာများအတွက် ဖြေရှင်းရမယ့် နည်းလမ်းကောင်းများကို ရှာဖွေတွေ့ရှိနိုင်ပါတယ်။ အားအင်အသစ်သွန်းလောင်းပြီး ဘဝကြီးကို တစ်ကနေ ပြန်စနိုင်မှာပဲ ဖြစ်ပါတယ်။

အသစ်အဆန်းများကို လေ့လာနိုင်ခြင်း

travelling

ခရီးတစ်ခါထွက်တိုင်း အသစ်အဆန်းတစ်ခုဆိုတာကို လေ့လာနိုင်စမြဲပဲ ဖြစ်ပါတယ်။ ထိုအသစ်အဆန်းဆိုတာကတော့ ကိုယ့်ရဲ့ လူမှုဘဝအတွက်လည်း အထောက်အကူ ပြုချင်ပြုနိုင်သလို၊ ကိုယ့်ရဲ့ စီးပွားရေးအတွက်၊ လုပ်ငန်းခွင့်အတွက် အကျိုးဖြစ်ထွန်းတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အိုင်ဒီယာအသစ်အဆန်းများ ထွက်ချင်တယ်ဆိုရင်တော့ ခရီးထွက်ရင်း တီထွင်ဆန်းသစ်မှုဥာဏ်ကို ကွန့်မြူးနိုင်ပါတယ်။

ဒေသထွက်အစားအစာများကို မြည်းစမ်းနိုင်ခြင်း

travelling

Photo: Worldnomads

နေရာဒေသတစ်ခုဆီမှာ ကိုယ်ပိုင်ရိုးရာ အစားအစာများ ရှိပါတယ်။ ကျနော်တို့ရဲ့ မြန်မာနိုင်ငံတွင်းမှာတင်ပဲ တိုင်းရင်းသားမျိုးစုံ ပေါင်းဆည်းနေထိုင်ကြတဲ့အတွက်ကြောင့် တိုင်းရင်းသားရိုးရာအစားအစာများသည်လည်း အများအပြားဖြင့် မြည်းစမ်းလို့ မကုန်နိုင်အောင်ပါပဲ။ အစားအစာချစ်သူ Foodies များလည်း ခရီးသွားနေစဥ်အတွင်းမှာ ဒေသထွက်အစားအစာများကို မြည်းစမ်းကြည့်ရင်း ဘဝကို ပျော်ပျော်ပါးပါး ကုန်ဆုံးနိုင်ပါတယ်။

အရေးကြီးဆုံးအချက်တစ်ခုကတော့ ခရီးသွားနေစဥ်အတွင်းမှာ စိတ်ညစ်စရာတွေကို ချန်ထားခဲ့ပြီး စိတ်ဖိစီးစရာတွေကို မစဥ်းစားမိဖို့ပါပဲ။

Source: Andbeyond

Featured Image: Freepik