ဆေးလိပ်ရဲ့ ဘေးထွက်ဆိုးကျိုးတွေကိုတော့ အထူးတလည် ပြောပြနေဖို့လိုမယ် မထင်ပါဘူး။ ဆေးလိပ်သောက်ခြင်းဟာ အရေပြား ၊ အဆုတ် ၊ နှလုံးကျန်းမာရေးနဲ့  မျိုးပွားမှုစနစ်နဲ့ဆက်စပ်နေတဲ့ ခန္ဓာကိုယ်ရဲ့ မည်သည့်အစိတ်အပိုင်းကိုမှ ကောင်းကျိုးမပြုတာ အမှန်ပါ။ ဒါ့အပြင် ကိုယ်ခံအားစနစ်ကိုလည်း ထိခိုက်ပျက်စီးစေတဲ့အပြင် အမျိုးသားတို့ရဲ့ သုတ်ပိုးကျန်းမာရေးနဲ့ အိပ်ရာပေါ်က စွမ်းဆောင်ရည်ပိုင်းမှာပါ ပြဿနာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ သတင်းကောင်းကတော့ ဆေးလိပ်ဖြတ်တာနဲ့ ကွီးတို့ရဲ့ နေ့စဉ်ဘဝကျန်းမာရေးမှာ ကောင်းကျိုးတွေများစွာ ရှိလာနိုင်မှာ ဖြစ်ပြီး လိင်မှုဘဝကျန်းမာရေးကိုလည်း တိုးတက်လာစေမှာ ဖြစ်တယ်လို့ လေ့လာမှုတွေက ဆိုထားပါတယ်။ ဒီဆောင်းပါးလေးမှာတော့ လိင်မှုစွမ်းဆောင်ရည်ပိုကောင်းဖို့ အိပ်ရာပေါ်မှာ ပိုစွမ်းပိုကြမ်းနိုင်ဖို့ ဘာကြောင့် ဆေးလိပ် ဖြတ်သင့်လဲဆိုတဲ့ အကြောင်းအရင်းတွေကို ပြောပြပေးပါမယ်။

(၁) လိင်စိတ်နိုးကြားမှု ပိုကောင်းစေတယ်

Couple in bed

Photo : Youth Incorporated Magazine

ဆေးလိပ် ဖြတ်လိုက်တာနဲ့ လိင်စိတ်နိုးကြားတက်ကြွမှုဟာ အရင်ကထက် သိသိသာသာ ပိုမိုအားကောင်းလာတာ တွေ့ရမှာပါ။ လိင်စိတ်ဆန္ဒ တက်ကြွမှုနဲ့အတူ စိတ်ကျေနပ် ပျော်ရွှင်မှုကိုလည်း အပြည့်အဝ ခံစားရနိုင်မှာ ဖြစ်ပါတယ်။ လေ့လာမှုတွေအရ ဆေးလိပ်မသောက်တဲ့ အမျိုးသားတွေဟာ ဆေးလိပ်သောက်သူတွေနဲ့ နှိုင်းယှဉ်မယ်ဆိုပါက လိင်ဆက်ဆံမှု ပမာဏ နှစ်ဆအထိရှိတယ်လို့ ဆိုထားပါတယ်။

(၂) ညီလေးထောင်မတ်နိုင်စွမ်းကို ပိုကောင်းစေတယ်

Couple in bed

Photo : Formen Health

ဆေးလိပ် / စီးကရက်မှာပါတဲ့ နီကိုတင်းဓာတ်က သွေးကြောတွေကို ကျုံ့သွားစေပြီး လိင်တံထောင်မတ်နိုင်စွမ်းကို ထိန်းသိမ်းဖို့အတွက် လိုအပ်တဲ့ သွေးစီးဆင်းမှုကို ကန့်သတ်ပေးပါတယ်။ ဒါကြောင့် ဆေးလိပ်အလွန်အကျွံ သောက်တဲ့အခါမှာ သွေးစီးဆင်းမှု ကမောက်ကမ ဖြစ်စေပြီး လိင်တံကောင်းစွာ မထောင်မတ်နိုင်တာ ၊ လိင်တံထောင်မတ်မှု အားပျော့တာတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့ ဆေးလိပ်ဖြတ်လိုက်မယ်ဆိုရင်တော့ ကွီးတို့ရဲ့ ညီလေးက အရင်ကထက် ပိုမိုလျှင်မြန်စွာ နိုးကြားထောင်မတ်လာနိုင်တာကို တွေ့ရမှာဖြစ်ပြီး အရွယ်အစားအားဖြင့်လည်း ပိုကြီးလာတာကို ခံစားရစေမှာ ဖြစ်ပါတယ်။

(၃) လိင်မှုစွမ်းဆောင်ရည်ကို မြှင့်တင်ပေးတယ်

Couple in bed

Photo : GAINSWave

ဆေးလိပ်သောက်ခြင်းဟာ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာ စွမ်းအင်ထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့ ၉၀ ရာခိုင်နှုန်းသော အောက်ဆီဂျင်သယ်ဆောင်နိုင်စွမ်းကို အဟန့်အတား ဖြစ်စေပါတယ်။ ဆေးလိပ်သောက်ခြင်းကြောင့် ကိုယ်ခံအားစနစ်ကို ဆုံးရှုံးစေတာ ၊ အသက်ရှုမဝတာ ၊ သက်လုံစွမ်းအား ကျဆင်းစေတာနဲ့ လိင်စိတ်ဆန္ဒ လျင်မြန်စွာ လျော့ပါးသွားစေတာမျိုးတွေ ဖြစ်တက်ပါတယ်။ အကယ်၍ ဆေးလိပ်ဖြတ်လိုက်မယ်ဆိုရင်တော့ ဒီပြဿနာတွေကို ကိုင်တွယ်ဖြေရှင်နိုင်မှာဖြစ်ပြီး အိပ်ရာပေါ်မှာ စွမ်းဆောင်ရည် အပြည့်အဝ ပြသနိုင်မှာပဲ ဖြစ်ပါတယ်။

ဆေးလိပ်ဖြတ်လိုက်ခြင်းကြောင့် လိင်အင်္ဂါ ကျန်းမာသန်စွမ်းမှု ၊ လိင်စိတ်နိုးကြားမှုပိုင်းတွေမှာ ပိုမိုကောင်းမွန်လာစေမယ့်အပြင် အိပ်ရာပေါ်မှာ အပြည့်ဝဆုံးသော စွမ်းဆောင်ရည်ကို ပြသနိုင်မှာ ဖြစ်တာကြောင့် သင်ရောသင့်ပါတနာပါ စိတ်ကျေနပ်ပျော်ရွှင်မှုကို ရရှိခံစားရရှိစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပျော်ရွှင်ကျေနပ်ဖို့ကောင်းတဲ့ လိင်မှုဘဝကို ပိုင်ဆိုင်နိုင်ဖို့ ဒီနေ့ကစပြီး ဆေးလိပ် ဖြတ်ပါလို့ တိုက်တွန်းချင်ပါတယ်။

Featured Photo : Healthshots