ပုရိသ တို့သည် Skincare နှင့် ပတ်သက်လာရင် အရိုးရှင်းဆုံး နည်းလမ်းများကိုသာ အသုံးပြုချင်ကြတာဖြစ်ပါတယ်။ အမျိုးသမီးတွေ ပြုလုပ်လေ့ရှိတဲ့ ရှုပ်ထွေးပွေလီတဲ့ Skincare အဆင့်များကို ပြုလုပ်ရတာ အာရုံနောက်ပြီး အချိန်ကုန်တယ်လို့ သတ်မှတ်ကြတာပါ။ အာရုံနောက်ရတာ မကြိုက်တဲ့ ပုရိသ တို့အတွက် အလွယ်ကူဆုံးနှင့် အရိုးရှင်းဆုံး Skincare နည်းလမ်းများကို ဖော်ပြပေးလိုက်ရပါတယ်။

ပုရိသ တို့ Skincare ပစ္စည်းများ ဝယ်ယူတဲ့အခါ

ပုရိသ Skincare

ကိုယ့်ရဲ့ အသားအရေက ဘယ်အမျိုးအစားထဲ ပါသလဲဆိုတာ စဥ်းစားရမှာဖြစ်ပါတယ်။ အသားအရေ အမျိုးအစားကို အဓိက အားဖြင့် (၅) မျိုး ခွဲခြားနိုင်ပါတယ်။ Sensitive အသားအရေပိုင်ရှင်၊ ပုံမှန် အသားအရေပိုင်ရှင်၊ ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်၊ အဆီပြန်တဲ့ အသားအရေပိုင်ရှင်နှင့် ပေါင်းစပ် အသားအရေ ပိုင်ရှင်တို့ပဲဖြစ်ပါတယ်။

ပေါင်းစပ်အသားအရေ ပိုင်ရှင်များကတော့ မျက်နှာရဲ့ တချို့နေရာအစိတ်အပိုင်းတွေက ခြောက်သွေ့နေတတ်ပြီး အချို့အစိတ်အပိုင်းတွေက အဆီပြန်နေတတ်တာမျိုးပါ။ ကွီးတို့အနေနဲ့ ကိုယ် ဝယ်ယူတဲ့ပစ္စည်းအမျိုးအစားက ဘယ်အသားအရေ ပိုင်ရှင်အတွက် ထုတ်လုပ်ထားသလဲဆိုတာကို သိအောင် ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း ပြုလုပ်ပြီးတိုင်းမှာ မျက်နှာသစ်ပါ

ပုရိသ Skincare

လေ့ကျင့်ခန်း ပြုလုပ်ပြီးတဲ့နောက်မှာ မျက်နှာပေါ်တွင် အညစ်အကြေးနှင့် ဖုန်မှုန့်များ ကပ်ငြိနေမှာပဲဖြစ်ပါတယ်။ အလုပ်က ပြန်လာပြီးတဲ့နောက်မှာလည်း ထိုနည်းတူပါပဲ။ ထိုကဲ့သို့ ညစ်ပတ်ပေရေနေတဲ့ မျက်နှာကို ရိုးရိုးဆပ်ပြာခဲဖြင့် မျက်နှာသစ်ချလိုက်လို့လည်း မရပါဘူး။ ဆပ်ပြာခဲတွေမှာ အသားအရေကို ထိခိုက်ပျက်စီးစေတဲ့ အပြင်းစားပါဝင်ပစ္စည်းများ ပါဝင်ပါတယ်။ ဒါ့ကြောင့် ကိုယ့်မျက်နှာ အသားအရေ အမျိုးအစားနှင့် သင့်တော်မယ့် မျက်နှာသစ်ဆေးဖြင့် မျက်နှာသစ်ရပါမယ်။ ပူလွန်းတဲ့ ရေဖြင့် မျက်နှာသစ်ခြင်းမှလည်း ရှောင်ကြဥ်သင့်ပြီး ကြက်သီးနွေး ရေနွေးဖြင့် မျက်နှာသစ်ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။

နှုတ်ခမ်းမွှေးနှင့် မုတ်ဆိတ်မွှေးတို့ ရိတ်တဲ့အခါ ဂရုစိုက်ပါ

ပုရိသ Skincare

အချိန်မရှိလို့ဆိုပြီး နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေးတွေကို ခပ်မြန်မြန် သက်သက်ရိတ်လိုက်တဲ့အခါ အသားအရေ ရှတာမျိုးတွေ၊ ဘလိတ်ဓား ရှရာတွေနှင့် ပြည့်နှက်နေတတ်ပါတယ်။ ဒါ့ကြောင့် နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေး ရိတ်ဖို့အတွက်လည်း အချိန်ပေးသင့်ပါတယ်။

မရိတ်ခင်မျာ အရင်ဦးဆုံး နှုတ်ခမ်းမွှေးများကို ရေစိုပြီး ပျော့သွားအောင် ပြုလုပ်ပါ။ ထို့နောက် မုတ်ဆိတ်ရိတ်ခရင်မ် အသုံးပြုကာ နှုတ်ခမ်းမွှေးပေါ်တဲ့ လားရာအတွိုင်း ရိတ်ပေးရမှာပဲဖြစ်ပါတယ်။ တစ်ချက် ရိတ်ပြီးတိုင်း မုတ်ဆိတ်ရိတ်တံကို ရေဖြင့် တစ်ကြိမ် ဆေးကြောပေးရပါမယ်။ မုတ်ဆိတ်ရိတ်ပြီးတဲ့အခါမှာလည်း မေးစေ့တစ်ဝိုက်ကို ရေဓာတ်ဖြည့်ခရင်မ် လိမ်းကျံပေးဖို့ မမေ့ပါနှင့်။

နေ့စဥ် ရေဓာတ် ဖြည့်ပါ

man apply moisturizer

Moisturizer သည် အသားအရေထဲတွင် ရေဓာတ်ကို ပိတ်လှောင်ပေးထားတာဖြစ်ပြီး အသားအရေမှာ အရေးအကြောင်းများ မထအောင် ကူညီပေးကာ ပိုမိုငယ်ရွယ်နုပျိုနေအောင် ကူညီပေးမှာပဲဖြစ်ပါတယ်။ ရလာဒ်ကောင်းတွေ လိုချင်တယ်ဆိုရင်တော့ ရေချိုးပြီးပြီးချင်း (သို့) မုတ်ဆိတ်ရိတ်ပြီးပြီးချင်း အသားအရေက စိုစွတ်နေတုန်းမှာ Moisturizer ကို လိမ်းကျံပေးရမှာဖြစ်ပါတယ်။

နေလောင်ကာခရင်မ်ကိုလည်း မမေ့ပါနှင့်

sunscreen

အသားအရေက နေရောင်ခြည်နှင့် ထိတွေ့မှုများပါက အရေးအကြောင်းများထခြင်း၊ အိုမင်းရင့်ရော်မှု မြန်ဆန်ခြင်း၊ အမဲစက်များ ဖြစ်ပေါ်ခြင်း အစရှိတဲ့ ဘေးထွက်ဆိုးကျိုးများဖြစ်ပေါ်စေပါတယ်။ ကွီးတို့အနေနဲ့ အပြင်ထွက်ပြီဆိုတာနဲ့ နေပူပူ၊ မိုးရွာရွာ၊ ဆောင်းတွင်းပဲဖြစ်ဖြစ် နေလောင်ကာခရင်မ် လိမ်းကျံပေးရမှာပဲဖြစ်ပါတယ်။

ပုရိသ တို့အနေနဲ့ ဒီအချက်များဖြင့် Skincare ပြုလုပ်မယ်ဆိုရင်တော့ အသားအရေက နေ့ချင်းညချင်းကို ကျန်းမာလှပလာမှာပဲ ဖြစ်ပါတယ်။

Source: Aad

Featured Image: Freepik