ကမ္ဘာ့အပြင်းဆုံး အယ်လ်ကိုဟောဖျော်ရည်များကိုမှ သောက်သုံးချင်တဲ့ ပုရိသ တို့အတွက် ဒီတစ်ခါမှာတော့ အယ်လ်ကိုဟော ပါဝင်မှုအများဆုံး ဖျော်ရည်များအကြောင်း ဝေမျှပေးချင်ပါတယ်။ ပုရိသ တို့အနေနဲ့ ဘော်ဒါတွေနဲ့အတူ သောက်ကာ Celebrate လုပ်ချင်တာမျိုးပဲဖြစ်ဖြစ် တစ်ယောက်တည်း အေးအေးဆေးဆေး Chill လုပ်ချင်တာမျိုးပဲဖြစ်ဖြစ် ဒီ အယ်လ်ကိုဟော ဖျော်ရည်တွေက ဘဝင်ခိုက်စေမှာပဲ ဖြစ်ပါတယ်။

Polmos Spirytus Rektyfikowany Vodka

Polmos Spirytus Rektyfikowany Vodka

Photo: Liquordepotoneonta

ဗော့ကာကြိုက်နှစ်သက်သူ ကွီးတို့အားလုံး အကြိုက်တွေ့သွားမယ့် အမျိုးအစားတစ်ခုပါ။ ပိုလန်နိုင်ငံထုတ် ဗော့ကာတစ်မျိုးဖြစ်ပြီး သူ့ထဲမှာ အယ်လ်ကိုဟော ၉၆ ရာခိုင်နှုန်းခန့် ပါဝင်ပါတယ်။

Everclear 190

Everclear 190

Photo: Ingenio Virtual

အမေရိကန်နိုင်ငံထုတ် အယ်လ်ကိုဟောတစ်မျိုးဖြစ်ပြီး သူ့ထဲမှာတော့ အယ်လ်ကိုဟော ပြင်းအား ၉၅ ရာခိုင်နှုန်းခန့် ပါဝင်ပါတယ်။ ပြင်းပြင်းလေးမှ ကြိုက်တယ်ဆိုတဲ့  ကွီးတို့အားလုံး ဘဝင်ခိုက်သွားစေမှာပါ။

Golden Grain 190

Golden Grain 190

Photo: Spec’s

Golden Grain သည်လည်း အမေရိကန်နိုင်ငံထုတ် အယ်လ်ကိုဟောတစ်မျိုးဖြစ်ပြီး သူ့ထဲမှာ အယ်လ်ကိုဟော ပြင်းအား ၉၅ ရာခိုင်နှုန်း ပါဝင်ပါတယ်။

Hapsburg Absinthe XC

ပုရိသ အယ်လ်ကိုဟော

Photo: Wine And Spirits

ဒီအမျိုးအစားကတော့ ဒီဇိုင်း (၄) မျိုး၊ အရသာ (၄) မျိုးနဲ့ လာတဲ့ အယ်လ်ကိုဟောတစ်မျိုးဖြစ်ပြီး အီတလီနိုင်ငံထုတ် ဖြစ်ပါတယ်။ သူ့ထဲမှာတော့ အယ်လ်ကိုဟောပြင်းအား ၈၉.၉ ရာခိုင်နှုန်း ပါဝင်ပါတယ်။

Balkan 176 Vodka

ပုရိသ အယ်လ်ကိုဟော

Photo: Thewhiskyexchange

သူကတော့ Sebia နိုင်ငံထုတ်ဖြစ်ပြီး သူ့ထဲမှာတော့ အယ်လ်ကိုဟော ပြင်းအား ၈၈ ရာခိုင်နှုန်း ပါဝင်ပါတယ်။ ဗော့ကာ ကြိုက်နှစ်သက်တဲ့ ကွီးတို့အားလုံး အကြိုက်တွေ့ကြမှာ ဖြစ်ပါတယ်။

Sunset Very Strong Rum

ပုရိသ အယ်လ်ကိုဟော

Photo: Uncommoncaribbean

Saint Vincent လို့ခေါ်တဲ့ မြေထဲပင်လယ်ကျွန်းစုတစ်ခုမှ ထုတ်လုပ်တဲ့ ရမ်အမျိုးအစားတစ်ခုဖြစ်ပြီး သူ့ရဲ့ အယ်လ်ကိုဟော ပြင်းအားကတော့ ၈၄.၅ ရာခိုင်နှုန်း ပါဝင်ပါတယ်။ ရမ် ကြိုက်နှစ်သက်တဲ့ ပုရိသတို့အတွက် ရွေးချယ်သင့်တဲ့ အမျိုးအစားတစ်ခုပါ။

Stroh 160 Rum

ပုရိသ အယ်လ်ကိုဟော

Photo: Chilledmagazine

ဒီရမ်ကတော့ သြစတြီးယားနိုင်ငံထုတ် ရမ်တစ်မျိုးဖြစ်ပြီး အမိုက်စားကော့တေးများ ဖော်စပ်ရာတွင်လည်း အင်မတန်အသုံးတည့်တဲ့ ရမ်တစ်ခုဖြစ်ပါတယ်။ သူ့ထဲမှာတော့ အယ်လ်ကိုဟောပါဝင်မှုနှုန်း ၈၀ ရာခိုင်နှုန်းရှိပါတယ်။

ပုရိသ တို့လည်း အပြင်းတကာ့အပြင်းစား အယ်လ်ကိုဟော ကိုမှ ရွေးချယ်သောက်သုံးချင်တယ်ဆိုရင်တော့ အခုဖော်ပြသွားတဲ့ အယ်လ်ကိုဟောဘရန်းအမျိုးအစားများကို ရွေးချယ်သောက်သုံးနိုင်ပါတယ်။

Source: Travelandleisure

Featured Image: Nextluxury