ပါတီပွဲများ ဆင်နွှဲတဲ့အခါ ကော့တေး၊ ဝိုင်၊ ဝီစကီ အစရှိတဲ့ဖျော်ရည်များသည် မရှိမဖြစ်အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုဖြစ်ပါတယ်။ ကော့တေးများ၊ ဝိုင်များ၊ ဝီစကီများ မပါတဲ့ ပါတီပွဲများသည် အသက်ဝင်ပြီး ပြီးပြည့်စုံတဲ့ခံစားချက်တစ်ခုကို ပေးစွမ်းနိုင်မှာမဟုတ်ပါဘူး။ မတူညီတဲ့ဖျော်ရည်အမျိုးအစားအမျိုးမျိုးရှိတဲ့အနက် ကွီးတို့သည် ပေါ်ပြူလာ အဖြစ်ဆုံး ကော့တေး များနှင့်သာ ကိုယ့်ရဲ့ ပါတီပွဲလာ သူငယ်ချင်းများကို ဧည့်ခံချင်နေပါသလား။
ဒါဆိုရင်တော့ လူကြိုက်အများဆုံးနှင့် ပေါ်ပြူလာ အဖြစ်ဆုံး ကော့တေး အမျိုးအစားတွေက ဘယ်ကော့တေးတွေဖြစ်မလဲဆိုတာ သိထားဖို့လိုအပ်ပါတယ်။
ကော့တေးဆိုတာကတော့ အသီးဖျော်ရည်နှင့် အယ်လ်ကိုဟောကို အချိုးကျကျရောစပ်ကာ ဖျော်ထားတဲ့အဖျော်ယာမကာကို ကော့တေးလို့ ခေါ်တွင်တာကိုတော့ အားလုံးသိပြီးသားဖြစ်ကြပါလိမ့်မယ်။ ကမ္ဘာ့ပထမဦးဆုံး ကော့တေးကိုတော့ ၁၈၀၀ ပြည့်နှစ်အစောပိုင်းတုန်းက အမေရိကန် ယမကာအဖျော်ဆရာတစ်ဦးဖြစ်တဲ့ Jerry Thomas က စတင်တီထွင်ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းတွင် ကော့တေးဖျော်ရည်သည် တဖြည်းဖြည်း ခေတ်စားလာသောအခါ ကော့တေးပါတီများပါ ဆင်နွှဲလာကြပါတယ်။
ကော့တေးဖျော်စပ်နည်းများသည်လည်း အဖျော်ဆရာတစ်ယောက်နဲ့တစ်ယောက် မတူတဲ့အတွက်ကြောင့် ကော့တေးအမျိုးအစားများသည်လည်း အမျိုးမျိုး ပေါ်ထွက်လာတာဖြစ်ပါတယ်။ မတူညီတဲ့ ကော့တေးအများအပြားရှိတဲ့အနက် လူကြိုက်အများဆုံးနှင့် ပေါ်ပြူလာအဖြစ်ဆုံး ကော့တေး များကတော့ …
Pisco Punch

Pisco Punch လို့ အမည်ပေးထားတဲ့ ဒီဖျော်ရည်လေးကတော့ နာနတ်သီး၊ သံပုယိုသီး၊ လိမ္မော်သီးစတဲ့ အသီးဖျော်ရည်များနှင့် ရှန်ပိန်တို့ကို ရောစပ်ကာ ဖျော်စပ်ထားတာဖြစ်ပါတယ်။ စွဲမက်ဖွယ်ရာအရသာမျိုး ပိုင်ဆိုင်ထားတဲ့ ကော့တေးတစ်ခုဖြစ်ပါတယ်။
Corpse Reviver #2

ဒီကော့တေးကတော့ ဂျင်၊ သံပုယိုရည်၊ Cointreau နဲ့ ဝိုင်ဖြူအနည်းငယ်ထည့်ကာ ဖျော်စပ်ထားတာဖြစ်ပြီး အရသာက ရှတတလေးနဲ့ တမူထူးခြားပါတယ်။
Irish Coffee

Irish Coffee လို့အမည်ပေးထားတဲ့ ကော့တေးကတော့ အိုင်းရစ်ဝီစကီ၊ ခရင်မ်အအေးနှင့် ကော်ဖီပူတို့ကို ရောနှောကာ ဖျော်စပ်ထားတာဖြစ်ပါတယ်။ ကော်ဖီကြိုက်သူများအတွက် သောက်သုံးသင့်တဲ့ ကော်ဖီကော့တေးလေးပဲဖြစ်ပါတယ်။
Hanky-Panky

ဂျင်အနည်းငယ်၊ Vermouth အနည်းငယ်တို့ကို ရောစပ်ထား ဖျော်စပ်ထားတဲ့ အရိုးရှင်းဆုံး ကော့တေးတစ်ခုဖြစ်ပါတယ်။
Long Island Iced Tea

ရမ်အပျော့စားအနည်းငယ်၊ ဗော့ကာ၊ တကီလာနှင့် ဂျင်တို့ကို အချိုးကျ ရောစပ်ကာ ဖျော်စပ်ထားတဲ့ ကော့တေးလေးပဲဖြစ်ပါတယ်။
Pina Colada

ဒီကော့တေးကိုတော့ ရမ်အဖြူ၊ အုန်းနို့ခရင်မ်နှင့် နာနတ်သီးဖျော်ရည်တို့ကို အချိုးကျကျရောစပ်ကာ ဖျော်စပ်ထားတဲ့ ပေါ်ပြူလာ ဖြစ်သော ကော့တေး အမျိုးအစားတစ်ခုဖြစ်ပါတယ်။
Pico Sour

Pico Sour ဖျော်စပ်ဖို့အတွက်ဆိုရင်တော့ သံပုယိုရည် အနည်းငယ်၊ Syrup အနည်းငယ်တို့ လိုအပ်ပြီး ကိုယ့်အကြိုက်ပေါ် မူတည်ပြီး ကြက်ဥအကာ ထပ်ထည့်နိုင်ပါသေးတယ်။
Bloody Mary

နာမည်နဲ့လိုက်တဲ့ Bloody Mary ဖျော်ရည်လေးဖြစ်ပါတယ်။ ခရမ်းချဉ်သီးဖျော်ရည်ကို ဗော့ကာအနည်းငယ်၊ အခြားအချိုအစပ်အနည်းငယ်တို့ဖြင့် ဆတူရောကာ အရသာရှိအောင် ဖျော်စပ်ထားတာဖြစ်ပါတယ်။
Whiskey Sour

Whiskey Sour ဖျော်နည်းကလည်း လွယ်ကူပါတယ်။ သူ့ကို ဖျော်ဖို့အတွက်ဆိုရင် ဝီစကီအနည်းငယ်၊ သံပုယိုရည်အနည်းငယ်နှင့် သကြားအနည်းငယ်သာ လိုအပ်ပါတယ်။
Daiquiri

နောက်ထပ် လူကြိုက်များပြီး ပေါ်ပြူလာ ဖြစ်တဲ့ ကော့တေး တစ်မျိုးကတော့ Daiquiri ပဲဖြစ်ပါတယ်။ သူ့ကို ဖျော်စပ်ဖို့ဆိုရင်တော့ ရမ်အဖြူ၊ သံပုရာရည်နှင့် Syrup အနည်းငယ်သာ လိုအပ်ပါတယ်။
Negroni

Negroni ကတော့ နံပါတ် (၁) လူကြိုက်အများဆုံး ကော့တေးတစ်ခုဖြစ်ဖြစ်ပါတယ်။ သူ့ကို ဖျော်စပ်ဖို့ဆိုရင်တော့ ဂျင် အနည်းငယ်၊ Campari နဲ့ Vermouth တို့ကို အချိုးကျကျ ရောစပ်တတ်ဖို့လိုပါလိမ့်မယ်။
ကော့တေးချစ်သူကွီးတို့ရော အခုဖော်ပြသွားတဲ့ ကော့တေးအမျိုးအစားများထဲက ဘယ်ကော့တေးကို အကြိုက်ဆုံးဖြစ်မလဲ။
Source: Vinepair
Featured Image Source: Lifefamilyfun
