ပျင်းစရာ ကောင်းတဲ့ နေ့စဉ်ဘဝကြီးထဲက ရုန်းထွက်ပြီး စမတ်ကျတဲ့ လူနေမှုပုံစံအသစ်စီ ကူးပြောင်းဖို့အတွက် နည်းပညာမြင့် Smart Home Gadgets တွေအများကြီး ပေါ်ထွက်လာနေပါပြီ။ Smart Home Gadgets ဆိုတာကတော့ အိမ်တစ်အိမ်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ တစ်နေ့တာ အဆင်မပြေမှု ပြဿနာတွေကို ကူညီဖြေရှင်းပေးဖို့နဲ့ ပိုမိုလွယ်ကူအဆင်ပြေစေဖို့အတွက် နည်းပညာကို အသုံးချထားတဲ့ အီလက်ထရွန်းနစ်ပစ္စည်းတွေကို ခေါ်ပါတယ်။ ဒီ Devices တွေဟာဆိုရင် Wi-Fi ၊ Bluetooth ၊ အင်တာနက်လို ကွန်ယက်တွေနဲ့ ချိတ်ဆက်အသုံးပြုရမှာဖြစ်ပြီး အတိုင်းအတာတစ်ခုအထိ အလိုအလျောက် လုပ်ဆောင်နိုင်တဲ့ အမိုက်စားနည်းပညာစနစ်တွေ ပါဝင်ပါတယ်။ ပုံမှန်သမားရိုးကျ ပျင်းစရာ နေထိုင်မှုပုံစံထဲက ထွက်ပြီး စမတ်ကျတဲ့ နေထိုင်မှုပုံစံထဲကို သွားချင်တယ်ဆိုရင်တော့ အခုပြောပြမယ့် Gadgets တွေကို အသုံးပြုနိုင်ပါတယ်။

(၁) Video Doorbell

Video Doorbell

Photo : Reviewed – USA Today

အိမ်ရဲ့လုံခြုံရေးအတွက် စိတ်ပူနေရတဲ့ အခုလို ခေတ်ပျက်ကာလကြီးထဲမှာ ဒီ Device လေးက တော်တော်လေး အသုံးဝင်စေပါတယ်။ Video Doorbell ပစ္စည်းလေးက ကွီးတို့ရဲ့ အိမ်ရှေ့တံခါးဝမှာ ဘယ်သူတစ်စုံတစ်ယောက် ရောက်နေလဲဆိုတာကို စမတ်ဖုန်းတွေကနေတဆင့် အလွယ်တကူ ချိတ်ဆက်ကြည့်နိုင်မှာ ဖြစ်ပြီး အကယ်၍ ကိုယ်ကအိမ်နဲ့အဝေးတစ်နေရာကို ရောက်နေတယ်ဆိုရင်တောင် အိမ်ကို ဘယ်သူရောက်လာတယ်ဆိုတာကို ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုမှတ်တမ်းတွေကနေတဆင့် ပြန်လည်စစ်ဆေးကြည့်နိုင်မှာ ဖြစ်ပါတယ်။

(၂) Robotic Vacuum Cleaner

Robotic Vacuum Cleaner

Photo : TP-Link

ဒီ Device လေးကတော့ ကွီးတို့အိမ်ရဲ့ သန့်ရှင်းမှုအတွက် တာဝန်ယူပေးမယ့် ရိုးရှင်းတဲ့ စက်ရုပ်ဖုန်စုပ်စက်တစ်ခု ဖြစ်ပါတယ်။ သာမန်ဖုန်စုပ်စက်တွေလို လူကိုယ်တိုင် ကိုင်တွယ်လုပ်ဆောင်စရာမလိုတဲ့အပြင် ဆူညံသံနည်းပြီး နေအိမ်ကြမ်းပြင်မှာရှိတဲ့ ဖုန်နဲ့အညစ်အကြေးတွေကို သေချာစနစ်တကျ သန့်ရှင်းပေးနိုင်မှာပါ။ မစတ်ကျတဲ့ Features တွေထည့်သွင်းပေးထားပြီး လွယ်ကူရိုးရှင်းစွာ အသုံးပြုလို့ရတဲ့ ပစ္စည်းတစ်ခု ဖြစ်ပါတယ်။

(၃) Smart Light

 Smart Light

Photo : Palmetto Solar

ပျင်းစရာ နေထိုင်မှုပုံစံထဲကထွက်ပြီး စမတ်ကျကျနေဖို့ဆိုရင် ကွီးတို့အိမ်မှာ တပ်ဆင်ထားတဲ့ မီးလုံးတွေကိုလည်း Smart Light တွေနဲ့ အစားထိုးအသုံးပြုဖို့ မမေ့ပါနဲ့။ Smart မီးလုံးတွေက မီးအဖွင့်အပိတ်သာမက မီးအလင်းအရောင် အမှိန်အဖျော့ ၊ ရောင်စုံမီးများ စသဖြင့် ကွီးတို့လိုချင်သမျှ အားလုံးကို စမတ်ဖုန်းထဲမှာရှိတဲ့ App လေးကနေပဲတဆင့် လိုသလို ထိန်းချုပ်ခိုင်းစေလို့ ရပါတယ်။

(၄) Smart Window Curtains

Smart Window Curtains

Photo : Gadget Flow

Smart တံခါး ၊ Smart သော့ ၊ Smart မီးခလုတ်စသည်ဖြင့် ကွီးတို့ရဲ့နေအိမ်ကို စမတ်ကျအောင် ပြောင်းလဲပေးနိုင်မယ့် Devices တွေ အများကြီးရှိသလို အခုပြောပြပေးမယ့် ပစ္စည်းလေးကလည်း လုံးဝ Smart ဖြစ်တဲ့ Device တစ်ခုပါပဲ။ ဒါကတော့ ကွီးတို့ နေအိမ်ရဲ့ ပြတင်းပေါက်နဲ့ ခန်းစည်းလိုက်ကာတွေကို စမတ်ကျကျ အဖွင့်အပိတ်လုပ်ပေးမယ့် အသေးစား Wireless Robot လေးတစ်ခု ဖြစ်ပါတယ်။ စမတ်ဖုန်းနဲ့ ချိတ်ဆက်ပြီး လိုက်ကာတွေကို လိုသလို အဖွင့်အပိတ်လုပ်နိုင်မှာဖြစ်သလို အလိုအလျောက် လိုက်ကာအဖွင့်/အပိတ်ကိုလည်း Schedule ချပြီး သတ်မှတ်ထားလို့ ရပါတယ်။

အခုပြောပြပေးခဲ့တဲ့ ပစ္စည်းလေးတွေကတော့ ကွီးတို့ရဲ့ ပျင်းစရာ ကောင်းတဲ့ နေ့စဉ်ဘဝကြီးထဲက ရုန်းထွက်ပြီး စမတ်ကျတဲ့ လူနေမှုပုံစံအသစ်စီကူးပြောင်းဖို့အတွက် အမိုက်စား နည်းပညာမြင့် Smart Home Gadgets တွေပဲ ဖြစ်ပါတယ်။ ကွီးတို့အကြိုက်ဆုံး ပစ္စည်းလေးကရော ဘယ်တစ်ခုဖြစ်မလဲ???

Featured Photo : The New York Times