Headphones သုံးပြီး သီချင်း နားထောင်တဲ့အခါ ပြင်ပ ဆူညံသံ တွေက တော်တော်လေး စိတ်အနှောက်အယှက် ဖြစ်စရာပါ။ Outdoor အားကစား သမားတွေနဲ့ Gym ကစား သူတွေဆိုရင် ပိုသိကြမယ် ထင်ပါတယ်။ ဒီလို အပြင်က ဆူညံသံတွေကို ဖယ်ရှားပေးပြီး ကြည်လင်ပြတ်သားတဲ့ သီချင်းသံကို သေချာခံစားနားဆင် ချင်တယ်ဆိုရင်တော့ Noise Cancelling နည်းပညာပါဝင်တဲ့ Headphones တွေကို အသုံးပြုနိုင်ပါတယ်။ Noise Cancelling Headphones တွေထဲမှာဆိုရင် အခုပြောပြမယ့် အမျိုးအစားတွေကတော့ လုံးဝအမိုက်စားပါပဲ။

(၁) Bose Noise Cancelling Headphones 700

Bose Noise Cancelling Headphones 700

Photo : Man Of Many

ပြင်ပက ဆူညံသံ တွေကြောင့် စိတ်အနှောက်အယှက် ဖြစ်နေရတဲ့ ပြဿနာကနေ ကင်းဝေးချင်ရင် Bose Noise Cancelling Headphones 700 နားကြပ်က အကောင်းဆုံး ရွေးချယ်မှုတစ်ခုပါပဲ။ နားကြပ် နှစ်ဖက်စလုံးမှာ Noise Cancelling နည်းပညာကို အသုံးပြုပေးထားတဲ့အတွက် သီချင်းနားထောင်ချိန်မှာရော ၊ ဖုန်းခေါ်ဆိုမှုတွေအတွက်ပါ ကြည်လင်ပြတ်သားတဲ့ အသံကွာလတီကို ရရှိစေမှာပါ။ Touch Control ၊ Built-in Voice Control လုပ်ဆောင်ချက်တွေ ပါဝင်ပြီး ဘက်ထရီသက်တမ်းက နာရီ ၂၀ ဝန်းကျင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

(၂) Sony WH-1000XM3

Sony WH-1000XM3

Photo : Man Of Many

Sony အမှတ်တံဆိပ်ထဲက အကောင်းဆုံး Wireless Noise Cancelling Headphone လို့ပြောရင် Sony WH-1000XM3 ထက် ပိုကောင်းတဲ့ နားကြပ် မရှိနိုင်ပါဘူး။ တစ်ခါအားသွင်းပြီးရင်နဲ့ဘက်ထရီ သက်တမ်း နာရီ ၃၀ ကျော် အသုံးပြုနိုင်မှာ ဖြစ်သလို ပြင်ပက ဆူညံသံ တွေကို ထိထိရောက်ရောက် ဖယ်ရှားရှင်းလင်းပေးနိုင်ပြီး ကြည်လင်ပြတ်သားတဲ့ အသံစနစ်ကို ထုတ်ပေးပါတယ်။ ပရီမီယမ်ဆန်တဲ့ဒီဇိုင်းနဲ့ နားမှာတပ်ဆင်အသုံးပြုချိန် သက်တောင့်သက်သာ ရှိစေအောင် သေချာဒီဇိုင်း ထုတ်ထားတဲ့အတွက် အချိန်ကြာကြာ Headphone အသုံးပြုချင်တဲ့သူတွေအတွက် အထူးသင့်လျော်ပါတယ်။

(၃) Bang & Olufsen Beoplay H95

Bang & Olufsen Beoplay H95

Photo : Man Of Many

Bang & Olufsen Beoplay H95 နားကြပ်ကတော့ အထူးဒီဇိုင်းထုတ်ထားတဲ့ 40mm Titanium Drivers တွေနဲ့ Custom DSP ပါဝင်တဲ့အတွက် ပြင်ပက ဆူညံသံ တွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်မှာ ဖြစ်ပြီး ဘက်ထရီသက်တမ်းက ၃၈ နာရီအထိ ကြာရှည်စွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အသံအတိုးအချဲ့ ၊ Noise Cancellation Levels နဲ့ Transparency အားလုံးကို ကိုယ်တိုင် စိတ်ကြိုက်ချိန်ညှိ အသုံးပြုနိုင်မှာဖြစ်ပြီး နားကြပ်အုံကို ခေတ်မှီသေသပ်လှပတဲ့ အလူမီနီယံဒိုင်ခွက်ဒီဇိုင်း ကာဗာတွေနဲ့ ဖုံးအုပ်ပေးထားပါတယ်။

(၄) Microsoft Surface Headphones

Microsoft Surface Headphones

Photo : Man Of Many

ရိုးရှင်းပြီး အထာကျတဲ့ ဒီဇိုင်း ၊ Powerful အဖြစ်ဆုံး Bass အသံထွက် ကွာလတီ ၊ ညင်သာချောမွေ့တဲ့ Touch Controls တွေနဲ့ ကြည်လင်ပြတ်သားတဲ့ အသံစနစ်တွေကြောင့် Headphone ချစ်သူတွေကြားမှာ နာမည်ကြီး လူကြိုက်များနေတာကတော့ Microsoft ရဲ့ Surface Headphones တွေပါပဲ။ Microsoft ရဲ့ ဆူညံသံတွေ ဖယ်ရှားပေးတဲ့ Noise Cancelling နည်းပညာကတော့ ပြောစရာမလိုအောင် ကောင်းမွန်ပြီး Minimalist ဆန်တဲ့ ဒီဇိုင်းပိုင်း ကြိုက်သူတွေအတွက် ရွေးချယ်စရာ နားကြပ်တစ်ခုဖြစ်ပါတယ်။ Microsoft Surface Headphones မှာက 40mm Free-edge Speaker Drivers တွေ ထည့်သွင်းပေးထားပြီး ဘက်ထရီသက်တမ်းကတော့ ၁၅ နာရီကြာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Source : Man Of Many

Featured Photo : Microsoft