ဒီနေ့ခေတ်မှာ အလုပ်တစ်ခု ရဖို့ ထင်သလောက် မလွယ်တော့ပါဘူး။ အရည်အချင်းရှိပြီး တော်တဲ့ထက်တဲ့ လူငယ်လူရွယ်တွေ ပေါ်ထွန်းလာတဲ့အမျှ လုပ်ငန်းခွင်နယ်ပယ်မှာ ပြိုင်ဆိုင်မှု ၊ စိန်ခေါ်မှုတွေဟာ ပိုမိုပြင်းထန် လာပါတယ်။ အဓိက အရေးကြီးတာကတော့ ကိုယ့်ကိုယ်ကိုယ် အရည်အချင်း ပြည့်ဝနေအောင် လိုအပ်သမျှ ကွက်လပ်တွေကို ဖြည့်တင်းထားဖို့ပါ။ အရည်းအချင်း ရှိသူတိုင်းအတွက် နေရာတစ်ခုဆိုတာ ရှိစမြဲပါပဲ။ ဒီတစ်ခေါက်မှာ အလုပ်လျှောက်သူများစွာထဲကမှ သင်ဟာ အလုပ် ရနိုင်တဲ့ အခွင့်အရေး ပိုများစေဖို့ ပြင်ဆင်ထားသင့်တဲ့ အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) Resume ကောင်းကောင်း ပြင်ဆင်ထားပါ

Employees

Photo : ProQuest Recruitment

ကိုယ်ရေးအချက်အလက် Resume တစ်ခုဟာ ကြည့်လိုက်တာနဲ့ ထူးခြားပြီး ဆွဲဆောင်မှု ရှိနေရပါမယ်။ အလုပ် လျှောက်တဲ့အခါ အလုပ်ရှင်ဘက်က ပထမဆုံး မြင်ရမှာက သင့်ရဲ့ CV Form ကိုပါ။ CV Form မှာ အဓိကဖော်ပြချင်တဲ့ သင့်ရဲ့ ကျွမ်းကျင်မှုတွေ ၊ လုပ်ငန်းအတွေ့အကြုံတွေကို ရှင်းရှင်းလင်းလင်းနဲ့ သပ်သပ်ရပ်ရပ် ရေးသားထားဖို့ လိုပါတယ်။

(၂) ကျွမ်းကျင်မှု ၊ အရည်အချင်းနဲ့ ကိုက်ညီတဲ့ အလုပ်ကို ရှာပါ

Employees

Photo : MBO Partners

အလုပ်ရှာတဲ့အခါ ရရာ အလုပ် ဝင်လုပ်တာမျိုး မဟုတ်ပဲ သင်ဘာတွေ အားသာလဲ ၊ သင့်ရဲ့ ကျွမ်းကျင်မှု အရည်အချင်းတွေက ဘာလဲဆိုတာ ဆန်းစစ်လေ့လာပြီး ကိုက်ညီတဲ့ အလုပ်ကို ရှာဖွေလျှောက်ထား သင့်ပါတယ်။ ရှေ့မှာ အတွေ့အကြုံ ရှိပြီးသား အလုပ်ရှိတယ်ဆိုရင် တာဝန်ယူလုပ်ဆောင်ခဲ့တဲ့ အလုပ်တွေအကြောင်း ၊ လုပ်ငန်းအတွေ့အကြုံကို သေချာလေး ရေးသားဖော်ပြပေးပါ။ သင့်ရဲ့ကျွမ်းကျင်မှု ၊ အတွေ့အကြုံတွေဟာ ကုမ္မဏီဘက်က လိုအပ်ချက်ကို ဖြည့်တင်းပေးနိုင်မယ်ဆိုရင် အလုပ်ခန့်ဖို့ ရာခိုင်နှုန်ပိုများပါတယ်။

(၃) အဆက်အသွယ် ချိတ်ဆက်မှုတွေကို မြှင့်တင်ထားပါ

Employees

Photo : Entrepreneur

အလုပ်ရှာတဲ့အခါ အဆက်အသွယ်ဟာ အရေးကြီးပါတယ်။ Network ကောင်းလေ ရှင်သန်ကျလည်ရာ ပတ်ဝန်းကျင်ဟာ ပိုကျယ်ပြီး သင့်အတွက် အခွင့်အလမ်းကောင်း ၊ အလုပ်ကိုင်ကောင်းတွေ ရဖို့ အခွင့်အရေး ပိုများနိုင်ပါတယ်။ သင်ကိုယ်တိုင်က ပြည့်ဝတဲ့ အရည်အချင်းတွေကို ပိုင်ဆိုင်ထားသင့်သလို အဆက်အသွယ် ချိတ်ဆက်မှုကောင်းကောင်း ရှိရင် ပိုကောင်းတဲ့ အလုပ်ခွင် နယ်ပယ်တစ်ခုမှာ လုပ်ကိုင်ခွင့် ရနိုင်ဖို့ အလားအလာ ပိုရှိပါတယ်။

(၄) ပုံရိပ်ကောင်းတစ်ခု တည်ဆောက်ပါ

Employees

Photo : DecodeHR

ဝန်ထမ်းတိုင်း ပရော်ဖက်ရှင်နယ် နယ်ပယ်မှာ ပုံရိပ်ကောင်း တည်ဆောက်ထားနိုင်ဖို့က အရေးကြီးပါတယ်။ လုပ်ငန်းရှင်ဘက်က ယုံကြည်မှု ၊ အားကိုးအားထားပြုမှု ခံရသူတစ်ယောက် ဖြစ်ဖို့အတွက် သင့်ရဲ့ လုပ်ရည်ကိုင်ရည် ၊ ကျွမ်းကျင်မှု ၊ တာဝန်ယူမှု တာဝန်ခံမှု ၊ ကြိုးစားအားထုတ်မှု ပိုင်းတွေကို ပိုကောင်းအောင် အားစိုက်ထုတ် သင့်ပါတယ်။ အလုပ်ခွင် နယ်ပယ်တစ်ခုမှာ ခိုင်မာတဲ့ နာမည်ကောင်းတစ်ခု ရလာတဲ့အခါ သင်ကိုယ်တိုင် အလုပ် ရှာနေရတာထက် အလုပ်တွေက သင့်ကို လာရှာကြပါလိမ့်မယ်။

Source : Aston Carter

Featured Photo : Forbes