ဆံပင်ကေဆိုရင် တိုတိုရှင်းရှင်းမှ ကြိုက်တဲ့ အဖွဲ့က သီးသန့်ရှိပါတယ်။ ကျွန်တော်တို့ ယောကျာ်းလေး အများစုက ဆံပင်ထိန်းသိမ်းရတာ ၊ ပုံသွင်းပြီး သ,နေရတာကို များသောအားဖြင့် သိပ်သဘော မတွေ့ကြပါဘူး။ ဖြစ်နိုင်ရင် တိုတိုကပ်ကပ် ၊ ပြောင်ပြောင်ရှင်းရှင်း နဲ့ပဲ ဆံပင်ထိန်းသိမ်းမှုတွေ သိပ်မလုပ်ရတဲ့ ခပ်တိုတို ခပ်ပါးပါး ဆံပင်စတိုင်တွေကို ပိုအထားများ ကြပါတယ်။ ဒီနေရာမှာ ရွေးချယ်ဖို့အသင့်တော် ဆံပင်စတိုင်တွေထဲက Buzz Cuts Hairstyles တွေပါပဲ။ Buzz Cuts နဲ့ Fades ကိုမှ မတူညီတဲ့ စတိုင်းမျိုးမျိုး ပြောင်းလဲထားချင်တဲ့ ကွီးတို့အတွက် အမိုက်စား Hairstyles အချို့ကို အခုဆောင်းပါးလေးကနေတဆင့် ဖော်ပြပေးလိုက်ပါမယ်။
(၁) High & Tight Buzz Cut
Photo : The Trend Spotter
ပြောင်ပြောင်ရှင်းရှင်း ကိုမှ လူငယ်ဆန်ပြီး စွယ်စုံရတဲ့ Hairstyle မျိုး လိုချင်ရင် High & Tight Buzz Cut ကေ ကို ညွှန်းချင်ပါတယ်။ ဒီ ဆံပင်ကေရဲ့ အဓိက ထူးခြားမှုက ဘေးနဲ့နောက် ဆံသားတွေကို ခပ်မြင့်မြင့် အပြောင် ရှိတ်ထိုးထားတာပါ။ ရိုးရှင်းပြီး ယောကျာ်းတိုင်းနဲ့ လိုက်တဲ့ ဆံပင်စတိုင်တစ်ခု ဖြစ်သလို မျက်နှာကို ရှည်ပြီးသွယ်သယောင် Look မျိုး ပေးစွမ်းပါလိမ့်မယ်။
(၂) Buzz Cut With Line Up
Photo : The Trend Spotter
ဒီဆံပင်စတိုင်ကတော့ Buzz Cut ကိုမှ ပိုပြီး သပ်ရပ်အထာကျတဲ့ အနားသပ် Line တွေ ထည့်သွင်း ညှပ်ထားတာပါ။ ဆံပင်ရဲ့ အနားသပ်တွေကို သေချာလိုင်းဖော်ပြီး ရိတ်ထားတာ ဖြစ်တာကြောင့် သပ်သပ်ရပ်ရပ်နဲ့ ပိုပြီး ယောကျာ်းဆန်တဲ့ အသွင်အပြင်မျိုး ရစေမှာ ဖြစ်ပါတယ်။ Buzz Cut With Line Up ဆံပင်ကေ ညှပ်တဲ့အခါ ကိုယ့်ရဲ့မျက်နှာကျနဲ့ လိုက်ဖက်တဲ့ အနားသပ် လိုင်းပုံစံကို ဆံသဆရာနဲ့ သေချာတိုင်ပင်ပြီး ညှပ်ဖို့ အကြံပေးချင်ပါတယ်။
(၃) Long Buzz Cut
Photo : The Trend Spotter
Long Buzz Cut ဆံပင်စတိုင်က အရမ်းကြီး တိုတိုပြောင်ပြောင် မညှပ်ချင်တဲ့ အမျိုးသားတွေအတွက် ပြီးပြည့်စုံတဲ့ ရွေးချယ်စရာ Hairstyle တစ်ခုပါ။ ဆံပင်ရဲ့အရှည် အနေအထားက အရမ်းလည်း မတို, အရမ်းလည်း မရှည်တဲ့အတွက် ထိန်းသိမ်းရ လွယ်ကူပြီး ပေါ့ပါးလွတ်လပ်မှု ရှိစေပါတယ်။ ရှင်းရှင်းသန့်သန့်နဲ့ ယောကျာ်းဆန်တဲ့ အသွင်အပြင်ကို လိုချင်ရင်တော့ Long Buzz Cut ဆံပင်စတိုင်က သေချာပေါက် ရွေးချယ်သင့်တဲ့ အထဲမှာ ပါပါတယ်။
(၄) Low Fade Buzz Cut
Photo : The Trend Spotter
Low Fade Buzz Cut ဆံပင်စတိုင်ကတော့ အမျိုးသားတိုင်းလိုလိုနဲ့ လိုက်ဖက်မှုရှိပါတယ်။ လူငယ်ကနေ လူလတ်ပိုင်းအထိ အရွယ်စုံ ဆိုဒ်စုံ လိုက်လျောညီထွေမှု ရှိစေပါတယ်။ Low Fade Buzz Cut က အဓိက အားဖြင့် ဦးခေါင်းရဲ့ ဘေးဘယ်ညာ , အနောက် အားလုံးရဲ့ အောက်ဖျားလေးတွေကိုပဲ Low Fade ရှိတ်ထိုးပြီး ညှပ်ထားတာပါ။ ဆံပင်ရဲ့အောက်ခြေကို တစ်လက်မဝန်းကျင်ခန့် အနေအထားလောက်ပဲ ဖြတ်တောက်ညှပ်ထားတာ ဖြစ်ပါတယ်။
(၅) Colored Buzz Cut
Photo : The Trend Spotter
Buzz Cut ကိုမှ အထာအကျဆုံး ပုံစံမျိုး သွင်းချင်ရင်တော့ ကာလာသွင်းဖို့ အကြံပေးပါရစေ။ ကိုယ့်ရဲ့ Personality နဲ့ ကိုက်ညီမှုရှိတဲ့ ကာလာကို စိတ်ကြိုက်ရွေးချယ် ဆိုးနိုင်ပါတယ်။ လက်ရှိလူငယ်တွေကြားမှာတော့ အရောင်တောက်တောက် ကာလာဆန်းဆန်းလေးတွေ ပိုခေတ်စားနေတာ တွေ့ရပါတယ်။ ဒါပေမယ့်လည်း ကိုယ့်စိတ်ကြိုက်ကာလာ ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေတဲ့ အရောင် ၊ ကိုယ့်ရဲ့အသားအရေနဲ့ လိုက်ဖက်တဲ့ကာလာမျိုးကို ရွေးချယ်ဆိုးဖို့ တိုက်တွန်းချင်ပါတယ်။
Featured Photo : Beardoholic