PC နဲ့ ဂိမ်း အမြဲဆော့တဲ့ ဂိမ်းချစ်သူ ကွီးတို့ကတော့ Gaming Mouse ကောင်းကောင်း တစ်လုံး မဖြစ်မနေ ဝယ်ထားသင့်ပါတယ်။ Gaming Mouse ထဲမှာမှ Wireless ဖြစ်ရမယ် ၊ အမိုက်စား စွမ်းဆောင်ရည်တွေနဲ့ ကွာလတီ အကောင်းဆုံး အမျိုးအစားတွေကို ရှာနေတယ်ဆိုရင် အခုပြောပြမယ့် အထဲက ကွီးတို့ ရွေးချယ်နိုင်ပါတယ်။
(၁) Razer Viper V2 Pro
Photo : Razer
Razer ရဲ့ Gaming Mouse တွေကတော့ ထွေထွေထူးထူး ပြောစရာမလိုအောင် မိုက်ပြီးသားပါပဲ။ ဒီထဲကမှ ဘက်ထရီ သက်တမ်း ကြာရှည်ခံပြီး ပေါ့ပါးကျစ်လစ်တဲ့ ဒီဇိုင်းတည်ဆောက်ပုံနဲ့ အမိုက်စား Features တွေ ပါဝင်တဲ့ Razer Viper V2 Pro ကတော့ ဂိမ်းချစ်သူ ကွီးတို့ အကြိုက် တွေ့စေမယ့် Gaming Mouse တစ်လုံး ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၅၀ ဝန်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။
(၂) Logitech G305 Lightspeed
Photo : The Gamesmen
ဈေးသက်သာပြီး ကွာလတီ အကောင်းထဲက လိုချင်ရင်တော့ Logitech G305 Lightspeed ကို ရွေးချယ်နိုင်ပါတယ်။ Budget ဖြစ်ပေမယ့် စွမ်းဆောင်ရည်ကတော့ လုံးဝမညံ့ပါဘူး။ လက်ထဲမှာ အံဝင်ခွင်ကျ ဖြစ်စေတဲ့ ဒီဇိုင်းနဲ့ ဖန်တီးထားတဲ့အတွက် နာရီပေါင်းများစွာ သက်တောင့်သက်သာ ဂိမ်းကစားနိုင်မှာ ဖြစ်ပါတယ်။ AA ဘက်ထရီ ထည့်သွင်း အသုံးပြုရမှာ ဖြစ်ပြီး နာရီပေါင်း ၂၅၀ ဝန်းကျင် အသုံးပြုနိုင်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၄၀ ဝန်းကျင် ရှိပါတယ်။
(၃) Corsair Darkstar Wireless
Photo : Reddit
MMOs နဲ့ MOBA ဂိမ်းတွေ ဆော့ဖို့အတွက် အကောင်းစား Gaming Mouse တစ်လုံး ရှာနေရင်တော့ Corsair Darkstar Wireless က စဉ်းစားစရာပါ။ ဒီကောင်လေးက ဒီဇိုင်းပိုင်းမှာ အခြား Mouse တွေနဲ့ မတူပဲ တော်တော်လေး ထူးခြားကွဲထွက်နေပြီး လက်ထဲကိုင်ထားရတဲ့ ဖီလင်ကိုက သက်တောင့်သက်သာဖြစ်နေစေမယ့် အမိုးခုံးပုံ ဒီဇိုင်းနဲ့ ဖန်တီးထားတာပါ။ လှုပ်ရှားမှုတိုင်းကို သွက်လက်မြန်ဆန်စွာ ထိန်းချုပ်နိုင်မှာဖြစ်ပြီး Click နှိပ်ရတဲ့ ဖီလင်ကိုက ပရီမီယမ်ဆန်တဲ့ ခံစားမှုကို ရရှိစေမှာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၇၀ ဝန်းကျင် ရှိပါတယ်။
(၄) Razer DeathAdder V3 Hyperspeed
Photo : Razer
Razer DeathAdder V3 Hyperspeed ကတော့ Gaming အတွက် တင်မကပဲ ပေါ့ပေါ့ပါးပါး ရုံးသုံးကျောင်းသုံး အတွက်ပါ အဆင်ပြေတဲ့ စွယ်စုံရ အမိုက်စား Mouse တစ်လုံး ဖြစ်ပါတယ်။ ဈေးနှုန်းအသင့်အတင့်နဲ့ စွမ်းဆောင်ရည်ကောင်းပြီး ရိုးရှင်းတဲ့ ဒီဇိုင်းပုံစံနဲ့ ထုတ်ထားပါတယ်။ ဒီ Mouse မှာက Razer Focus X 26K Optical Sensor ကို အသုံးပြုပေးထားပြီးတော့ ဘက်ထရီ သက်တမ်း နာရီပေါင်း ၁၀၀ ဝန်းကျင် အသုံးပြုနိုင်မှာ ဖြစ်သလို အလေးချိန်က ၅၅ ဂရမ်သာ ရှိပါတယ်။ Razer DeathAdder V3 Hyperspeed ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၁၂၀ ဝန်းကျင် ရှိပါတယ်။
Source : GamesRadar+
Featured Photo : SPARK microsystems