ဘောင်းဘီ အကွက် ဖက်ရှင် တွေသည် လတ်တလောမှာ ရေပန်းစားလူကြိုက်များလာပြီး စတိုင် ကျချင်တဲ့ ကွီး တို့အားလုံး ရွေးချယ်ဝတ်ဆင်လာကြပါတယ်။ ကွီး တို့ရဲ့ အဝတ်အစားဘီဒိုထဲတွင် အနည်းဆုံးတစ်ထည်လောက် ထားရှိသင့်တဲ့ ဖက်ရှင် အဝတ်အထည်တစ်မျိုးပဲဖြစ်ပါတယ်။ ဘောင်းဘီအကွက် ဖက်ရှင် တွေကို ပိုပြီး အထာကျကျ ဝတ်ဆင်ချင်ပြီး စတိုင် အပြည့်နဲ့ ရှိုးထုတ်ချင်တဲ့ ကွီးတို့အတွက် ဖက်ရှင်စတိုင်လ်အမျိုးမျိုးကို ဝေမျှပေးလိုက်ရပါတယ်။

ဘောင်းဘီ အကွက် နှင့် တီရှပ်ဖက်ရှင်

ဖက်ရှင် စတိုင် ကွီး

ဒီဖက်ရှင်ကတော့ ဆယ်ကျော်သက်နှင့် နှစ်ဆယ်ကျော် ကွီးတို့အတွက် အထာကျ မိမိုက်စေမယ့်ဖက်ရှင်အမျိုးအစားတစ်ခုဖြစ်ပါတယ်။

စမတ်ကျကျဝတ်ဆင်ချင်တဲ့ ကွီးတို့အတွက်

ဖက်ရှင် စတိုင် ကွီး

ဒီဖက်ရှင်မျိုးအတွက် ဘောင်းဘီ အကွက် နဲ့ ရှပ်အင်္ကျီတို့ကို တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။

ဘောင်းဘီ အကွက် နဲ့ ဘလေဇာအင်္ကျီတို့ကို တွဲဖက်ဝတ်ဆင်ပါ

ဖက်ရှင် စတိုင် ကွီး

ကွီးတို့အနေနဲ့ နက်ခ်တိုင် တပ်မယ်ဆိုရင်လည်း ရပါတယ်။ Formal ဆန်တဲ့ဘက်ကို မသွားချင်တဲ့ ကွီးတို့အတွက်ကတော့ နက်ခ်တိုင် မတပ်လည်း ဖက်ရှင်ကျနေမှာပါ။

Suspenders ကြိုးနဲ့ တွဲဖက်ဝတ်ဆင်ပါ

ဖက်ရှင် စတိုင် ကွီး

တူညီတဲ့ ဖက်ရှင်ကို ထပ်တလဲလဲ မဖန်တီးချင်ဘဲ သစ်လွင်ဆန်းသစ်တဲ့ ဖက်ရှင်မျိုး ဖန်တီးချင်တဲ့ ကွီးတို့အတွက် Suspenders ကြိုးက ဖက်ရှင်ကျအောင် ကူညီပေးမယ့် ဖက်ရှင်အသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်ပါတယ်။ ဘောင်းဘီအကွက် ဖက်ရှင် တွေနဲ့ စတိုင် ကျချင်တဲ့ ကွီး တို့အားလုံးအတွက် နည်းလမ်းသစ်တစ်ခုဖြစ်ပါတယ်။

ဘောင်းဘီ အကွက် ကို ဂျင်းဂျက်ကတ်နှင့် တွဲဖက်ဝတ်ဆင်ပါ

ဖက်ရှင် စတိုင် ကွီး

ကွီးတို့က ဒီ့ထက်ပိုပြီး စတိုင် ကျချင်တယ်ဆိုရင်တော့ နေကာမျက်မှန်တစ်လက်ပါ ထပ်တပ်နိုင်ပါတယ်။ တကယ့်ကို ဆွဲဆောင်ညှို့ငင်အား ပြင်းသွားမှာဖြစ်ပါတယ်။

တီရှပ်နှင့် တွဲဖက်ဝတ်ဆင်ပါ

ဖက်ရှင် စတိုင် ကွီး

အရိုးရှင်းဆုံးက ဖက်ရှင်အကျဆုံးဆိုတဲ့စကားလေးအတိုင်းပဲ ဘောင်းဘီ အကွက် ကို တီရှပ်နဲ့ အခုလိုလေး တွဲဝတ်လိုက်တဲ့အခါမှာလည်း လူပုံအလယ်မှာ ထင်းခနဲ ဆွဲဆောင်မှုရှိနေမှာ အမှန်ပါပဲ။

ဟူဒီအင်္ကျီနဲ့ တွဲဖက်ဝတ်ဆင်ထားတဲ့ ဖက်ရှင်

Best Ways to Wear Plaid Pants for Men

ပေါ့ပေါ့ပါးပါး ဖက်ရှင် မျိုးကို ဖန်တီးချင်တဲ့ ကွီး တို့အတွက်ကတော့ ဟူဒီအင်္ကျီနဲ့ ဘောင်းဘီ အကွက် ကို တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။

ကုတ်အင်္ကျီ ထပ်ဝတ်လိုက်ပါ

Best Ways to Wear Plaid Pants for Men

ကွီး တို့အနေနဲ့ ကုတ်အင်္ကျီ အထူကြီး မဝတ်နိုင်ဘူးဆိုရင်တောင်မှ ကုတ်အင်္ကျီ ပါးပါးလေးနဲ့ ရှိုးထုတ်နိုင်ပါတယ်။

သားရေဂျက်ကတ်နှင့် တွဲဖက်ထားတဲ့ ဘောင်းဘီ အကွက် ဖက်ရှင်

Best Ways to Wear Plaid Pants for Men

ဒီဖက်ရှင်လေးကတော့ အထာကျကျနဲ့ မိမိုက်တဲ့ ဖက်ရှင် မျိုး ဖန်တီးချင်တဲ့ ကွီးတို့အတွက် ကွက်တိပါပဲ။

အနွေးထည်ပွပွနဲ့ တွဲစပ်ဝတ်ဆင်ထားတဲ့ All Black ဖက်ရှင်

Best Ways to Wear Plaid Pants for Men

ခေါင်းအစ ခြေအဆုံး၊ ဦးထုပ်ကနေ ခြေအိတ်၊ ဖိနပ်အထိပါ တစ်ကိုယ်လုံးကို အနက်ရောင်နဲ့ ဆင်မြန်းလိုက်တဲ့အခါ Classic ဆန်ပြီး Bold ဖြစ်တဲ့ ဖက်ရှင်မျိုးကို ဖန်တီးနိုင်ပြီပေါ့။

ပေါ့ပါးလွတ်လပ်တဲ့ ဖက်ရှင်

Best Ways to Wear Plaid Pants for Men

စမတ်ကျချင်တဲ့အချိန်မှာတော့ ရှပ်အင်္ကျီလေးကို ဘောင်းဘီထဲ ထည့်ဝတ်လိုက်ပါ။ ပေါ့ပေါ့ပါးပါးဖက်ရှင်မျိုး ဖန်တီးချင်တဲ့အချိန်မှာတော့ တီရှပ်ကို ပုံမှန်ဝတ်နေကျအတိုင်းပဲ အပြင်ထုတ် ဝတ်ဆင်လိုက်ပါ ကွီးတို့ရေ။

Source: Fashionhombre

Featured Image: Fashionhombre