ဖက်ရှင် ချစ်သူတိုင်းရဲ့ အဝတ်ဘီဒိုထဲမှာ ဘယ်လို ဘောင်းဘီ အမျိုးအစားတွေ နေရာယူထားသင့်သလဲဆိုတာကို ကွီးတို့ သိပြီးပါပြီလား။

ဖက်ရှင်ချစ်သူကွီးတို့အနေနဲ့ လူပုံအလယ်မှာ စတိုင်လ်ကျတဲ့အသွင်၊ ဆွဲဆောင်မှုရှိပြီး ကြည့်ကောင်းတဲ့ယောကျာ်းတစ်ယောက်အသွင် ဖန်တီးချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဘောင်းဘီအမျိုးအစားများဖြင့် ရှိုးထုတ်နိုင်ပါတယ်။

သိုးမွှေးဘောင်းဘီ

ဖက်ရှင် ဘောင်းဘီ

Photo: Mango

သိုးမွှေးဘောင်းဘီလေးတွေကတော့ အေးမြတဲ့ရာသီဥတု အခြေအနေမျိုးမှာ ဝတ်ဆင်နိုင်တဲ့ ဘောင်းဘီအမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။ အပေါ်ဝတ်အင်္ကျီကိုတော့ တီရှပ် (သို့) စပို့ရှပ်လေးနဲ့ တွဲဖက်ဝတ်ဆင်ပေးနိုင်ပါတယ်။

ချီနိုဘောင်းဘီ

ဖက်ရှင် ဘောင်းဘီ

Photo: Cyrillus

ပေါ့ပါးလွတ်လပ်တဲ့ ဖက်ရှင်စတိုင်လ်မျိုး ဖန်တီးချင်တယ်ဆိုရင်တော့ ချီနို ဘောင်းဘီကို ရွေးချယ်သင့်ပါတယ်။ အရောင်အမျိုးအစား အများအပြားရှိတဲ့အနက် သဘာဝဆန်တဲ့အရောင်ကို ရွေးချယ်နိုင်ပါတယ်။

ဘောင်းဘီအပွ

ဖက်ရှင် ဘောင်းဘီ

Photo: H&M

ကြပ်ထုပ်နေတဲ့ ဘောင်းဘီတွေကို ဝတ်ဆင်ရတာ ငြီးငွေ့လာတဲ့အခါ အခုလိုမျိုး ပွပွယယဘောင်းဘီဖက်ရှင်မျိုးကို ရွေးချယ်လိုက်ပါ။

လီနင်သားဖြင့် ချုပ်လုပ်ထားတဲ့ ဘောင်းဘီ

ဖက်ရှင် ဘောင်းဘီ

Photo: Pinkoi

လီနင်သားဖြင့် ချုပ်လုပ်ထားတဲ့ ဘောင်းဘီများသည်လည်း ဈေးကွက်ထဲမှာ ရောင်းအားသွက်ပါတယ်။ ထိုဘောင်းဘီများသည် ကွီးတို့ကို ပိုမိုဆွဲဆောင်မှုရှိပြီး ကြည့်ကောင်းလာအောင် ကူညီပေးနိုင်ပါတယ်။

ကြိုးတပ်ဘောင်းဘီ

ဖက်ရှင် ဘောင်းဘီ

Photo: Apetogentleman

ကြိုးတပ်ဘောင်းဘီတွေရဲ့ အားသာချက်ကတော့ ခါးပတ်မပါဘဲ ဝတ်ဆင်နိုင်ခြင်းပါ။ ခါးပတ်မပတ်ချင်တဲ့ နေ့တွေမှာ ဖက်ရှင် ကျချင်တယ်ဆိုရင်တော့ ကြိုးတပ် ဘောင်းဘီ လေးကိုသာ ရွေးချယ်ပေးလိုက်ပါ။

အားကစားဘောင်းဘီ

trousers for kwee

Photo: Theadultman

လူငယ်ရော လူကြီးပါ ဝတ်ဆင်နိုင်တဲ့ ဘောင်းဘီအမျိုးအစားတစ်ခုဖြစ်ပါတယ်။ ထသွားထလာ ဖက်ရှင် မျိုးအတွက် လိုက်ဖက်တဲ့ ဘောင်းဘီ အမျိုးအစားတစ်ခုဖြစ်ပါတယ်။

မတိုမရှည်ဘောင်းဘီ

trousers for kwee

Photo: DMARGE

ဘောင်းဘီအောက်အနားသားက ခြေမျက်စိမဖုံးရပါဘူး။ ဒီလိုဘောင်းဘီလေးတွေကတော့ အရပ်သိပ်မရှည်တဲ့ ကွီးတို့နဲ့ လိုက်ဖက်ပါတယ်။

Cargo ဘောင်းဘီ

trousers for kwee

Photo: Wired

ဘောင်းဘီအိပ်ကပ်တွေ အများကြီးပါတဲ့ ဘောင်းဘီမျိုးကိုမှ ကြိုက်နှစ်သက်တယ်ဆိုရင်တော့ Cargo ဘောင်းဘီလေးကို ရွေးချယ်နိုင်ပါတယ်။ သူကတော့ လူငယ်ဆန်တဲ့ဘောင်းဘီဖက်ရှင်တစ်မျိုးပဲ ဖြစ်ပါတယ်။

ခါးမြင့်ဘောင်းဘီ

trousers for kwee

Photo: Pinterest

Retro စတိုင်လ်ဘက်သွားတဲ့ ရှေးကျတဲ့ဖက်ရှင်စတိုင်လ်မျိုး ဖန်တီးချင်ပါသလား။ ဒါဆိုရင်တော့ ခါးမြင့်ဘောင်းဘီလေးတွေကိုသာ ရွေးချယ်လိုက်ပါ။ ခါးမြင့်ဘောင်းဘီကို ရှပ်အင်္ကျီအပျော့သားနဲ့ တွဲဖက်ဝတ်ဆင်နိုင်ပြီး ထိုရှပ်အင်္ကျီကို ကြယ်သီးနှစ်လုံးလောက် အလွတ်ထားပြီး ဝတ်ဆင်လိုက်မယ်ဆိုရင်တော့ အမိုက်စားဖက်ရှင်စတိုင်လ်တစ်ခုရသွားပြီပေါ့။

ကွီးတို့ရဲ့အဝတ်ဘီဒိုထဲမှာရော အခုဖော်ပြသွားတဲ့ ဘောင်းဘီအမျိုးအစား ဘယ်နှမျိုးလောက် ပိုင်ဆိုင်ထားပါသလဲ။ ဘယ်ဘောင်းဘီအမျိုးအစားက ဖက်ရှင်အကျဆုံးဖြစ်မယ်လို့ ထင်ပါသလဲ။

Source: Fashionbeans

Featured Image: Wsj