ဆွဲဆောင်မှုရှိပြီး စတိုင်လ်ကျတဲ့ ကွီးတစ်ယောက်ဖြစ်ဖို့ဆိုရင် ကိုယ့်ရဲ့ ဖက်ရှင် ကို ရှို့ပဲ့ မသွားအောင် သေသေချာချာ ဝတ်ဆင်တတ်ဖို့ လိုအပ်ပါလိမ့်မယ်။ ဘယ်လို ဖက်ရှင် တွေက ကွီးတို့ကို ရှိုးပဲ့ သွားစေနိုင်သလဲဆိုတာ သိပြီးပါပြီလား။
(၁) စတိုင်လ် ဘောင်းဘီကို ရှူးဖိနပ်နဲ့ မဝတ်ဘဲ အခြားသော ဖိနပ်များနဲ့ ဝတ်ဆင်ခြင်း
စတိုင်လ်ဘောင်းဘီက ကွီးတို့ကို စမတ်ကျပြီး ကြည့်ကောင်းအောင် ကူညီပေးနိုင်ပါတယ်။ ဒီလိုမျိုး စမတ်ကျအောင် ကူညီပေးမယ့် စတိုင်လ် ဘောင်းဘီတွေကို ရှူးဖိနပ်နဲ့ ဝတ်ရမယ့်အစား အားကစားဖိနပ်များ၊ Sneakers ဖိနပ်များနဲ့ တွဲဖက်ဝတ်ဆင်လိုက်ရင်တော့ အလွဲကြီး လွဲသွားပါပြီ။ ရုတ်တရက် ဖျတ်ခနဲ ကြည့်လိုက်ရင်တော့ လိုက်ဖက်သယောင်ယောင် ရှိပါလိမ့်မယ်။ ဒါပေမဲ့ အားကစားဖိနပ် (သို့) Sneakers နဲ့ စတိုင်လ် ဘောင်းဘီကတော့ ဘယ်လိုမှ မလိုက်ဖက်တဲ့ အတွဲအစပ်ပဲ ဖြစ်ပါတယ်။
(၂) ဖက်ရှင်တစ်မျိုးတည်းကိုပဲ ထပ်တလဲလဲ ဝတ်ဆင်နေခြင်း
တစ်ခါလာလည်း ပုဆိုးနဲ့ တိုက်ပုံ၊ ပုဆိုးနဲ့ တီရှပ်ပဲ ဝတ်ဆင်နေမယ်ဆိုရင် ရိုးအီစရာကောင်းလှပါတယ်။ သင့်ရဲ့ဖက်ရှင်ကို တစ်ရက်နဲ့တစ်ရက် မတူအောင် ပြောင်းလဲဝတ်ဆင်လိုက်ပါ။ ဒါဆိုရင် ကြည့်ရတာ ပိုမိုဆွဲဆောင်မှုတိုးနေမှာပါ။
(၃) ကိုယ့် ခန္ဓာကိုယ် အချိုးအစားကို မသိခြင်း
မိမိခန္ဓာကိုယ်ထက် ကြီးလွန်းသော (သို့) သေးလွန်းသော အဝတ်အစားများ ဝတ်ဆင်ခြင်းသည် သင့်ကို သက်သောင့်သက်သာမဖြစ်စေတဲ့အပြင် သင့်ရဲ့ဖက်ရှင်ကိုလည်း ဆွဲဆောင်မှုကျစေပါတယ်။ ဒါ့ကြောင့် အကောင်းဆုံးကတော့ သင့်ရဲ့ခန္ဓာကိုယ်ဆိုဒ်နဲ့ သေချာတိုင်းချုပ်ထားတဲ့အဝတ်အစားများကို ရွေးချယ်ဝတ်ဆင်ဖို့ပါပဲ။
(၄) ဖက်ရှင် အသုံးအဆောင်ပစ္စည်းများကို လိုအပ်သည်ထက် ပိုပြီး ဝတ်ဆင်ခြင်း
ဖက်ရှင် အသုံးအဆောင်ပစ္စည်းများက ကွီးတို့ကို ဖက်ရှင်ကျအောင် ကူညီပေးမယ့် အရာတွေပဲဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ကို လိုတာထက်ပိုပြီး ဝတ်ဆင်မိမယ်ဆိုရင်တော့ ကြည့်ရဆိုးပြီး ကွီးတို့ကို ရှိုးပဲ့သွားစေမှာ အမှန်ပါပဲ။ တကယ်လို့ ကွီးတို့က နေကာမျက်မှန် တပ်မယ်ဆို ဦးထုပ် မဆောင်းပါနဲ့။ ဖန်စီ ဆွဲကြိုး ဝတ်မယ်ဆို ဖန်စီ လက်ပတ်တွေ၊ ဖန်စီ လက်စွပ်တွေ မဝတ်ပါနဲ့။ အသင့်အတင့်ပဲ ရှိုးထုတ်တာကောင်းပါတယ်။
(၅) အရောင်များကို ပေါင်းစပ်ကာ မဝတ်ဆင်တတ်ခြင်း
ဖက်ရှင်ဂုရုတစ်ယောက်ဖြစ်ဖို့ဆိုရင် ဆန့်ကျင်ဘက်နှစ်ခုကို ပေါင်းစပ်တတ်ဖို့လည်းလိုသလို ဆင်တူနှစ်ခုကိုလည်း ပေါင်းစပ်တတ်ရပါမယ်။ ဥပမာ ဆန့်ကျင်ဘက်အရာနှစ်ခုဖြစ်တဲ့ ရှပ်အင်္ကျီနှင့် ဘောင်းဘီကို တွဲဖက်ဝတ်ဆင်ခြင်း၊ ဆင်တူသော အရောင်နှစ်မျိုးကို အနုအရင့် တွဲဖက်ဝတ်ဆင်ခြင်း စသည်ဖြင့် ဖက်ရှင်ကို ဆော့ကစားတတ်ဖို့လိုပါတယ်။
ဒီလောက်ဆိုရင်တော့ ဖက်ရှင်ချစ်သူ ကွီးတို့လည်း ရှောင်ကြဥ်သင့်တဲ့ ဖက်ရှင်အလွဲလေးတွေကို သိသွားလောက်ပြီလို့ မျှော်လင့်မိပါတယ်။
Source: Brightside.me
Featured Image: YouTube