ကျွန်တော်တို့သည် ကျွန်တော်တို့ မိခင်ထံမှ DNA များကို ၅၀ ရာခိုင်နှုန်းခန့် လက်ခံရရှိပြီး ဖခင်ထံမှ DNA များကိုလည်း ၅၀ ရာခိုင်နှုန်းခန့် လက်ခံရရှိတယ်လို့ ဇီဝဗေဒ သင်ခန်းစာများထဲတွင် ဖတ်ရှုလေ့လာခဲ့ဖူးကြပါလိမ့်မယ်။ ဖခင်နဲ့ ရုပ်ချင်းဆင်လျှင် ဖအေတူသားလို့ အပြောခံရပြီး မိခင်နဲ့ ရုပ်ချင်းဆင်လျှင် မအေတူသားလို့ ပြောကြပါတယ်။ သင်ရော သင့် ဖခင် ထံမှ ဘယ်လို အမူအကျင့် နှင့် သွင်ပြင်လက္ခဏာ များကို အမွေဆက်ခံရရှိထားပါသလဲ။
များသောအားဖြင့် အမျိုးသားများသည် သူတို့ရဲ့ ဖခင် များထံမှ ယခုဖော်ပြပါ အမူအကျင့် များနှင့် သွင်ပြင်လက္ခဏာ များကို အမွေဆက်ခံရရှိတတ်ကြပါတယ်။
အရပ်အနိမ့်အမြင့်

Photo: iStock
ဒီအချက်သည် သိပ္ပံနည်းပေါ် အခြေခံကာ ကောက်ချက်ချထားတာဖြစ်ပါတယ်။ ဖခင်ထံမှ လက်ခံရရှိတဲ့ မျိုးရိုးဗီဇများသည် သားတစ်ယောက်ရဲ့ အရပ်ရှည်ခြင်းနှင့် ကြီးထွားမှုဖြစ်စဉ်ကို လှုံ့ဆော်ပေးပါတယ်။ မိဘနှစ်ပါးစလုံးရဲ့ မျိုးရိုးဗီဇသည် သားတစ်ယောက်ရဲ့ အရပ်အနိမ့်အမြင့်အပေါ် လွှမ်းမိုးမှုရှိတယ်ဆိုပေမယ့် ဖခင်ရဲ့ မျိုးရိုးဗီဇက ပိုမိုလွှမ်းမိုးမှုရှိပါတယ်။
ခြွင်းချက်အနေနဲ့ ငယ်ရွယ်စဉ်မှာ လုံလောက်တဲ့အာဟာရ ရရှိမှုသည်လည်း အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုအနေနဲ့ ပါဝင်တာကိုလည်း သိထားသင့်ပါတယ်။ ဖခင်က ဘယ်လောက်ပဲ အရပ်ရှည်နေပါစေ ထိုကလေးသည် ငယ်ရွယ်စဉ်မှာ ဖျားနာခြင်းကြောင့်ပဲဖြစ်ဖြစ်၊ လုံလောက်တဲ့အာဟာ၇ မရရှိတဲ့အတွက်ကြောင့်ပဲဖြစ်ဖြစ် ကလေးရဲ့ အရပ်သည် ဖခင်လိုမျိုး ရှည်မလာတာကိုလည်း အချို့သောဖြစ်စဉ်တွေမှာ တွေ့မြင်နိုင်ပါတယ်။
နောက်ဖြစ်စဉ်တစ်ရပ်အနေနဲ့ ဖခင်က အရပ်မရှည်ဘဲနဲ့ သားဖြစ်သူက အရပ်ရှည်နေတဲ့အခါ အဖေဘက်က အဘိုးရဲ့ အရပ်ကြောင့်လည်းဖြစ်နိုင်သလို ဖြည့်စွက်စာများနှင့် အာဟာရများ၊ အားကစားလိုက်စားမှုများကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ထိုအခြေအနေနှစ်ရပ်ကတော့ ထူးခြားဖြစ်စဉ်အဖြစ် ခြွင်းချက်အနေနဲ့ သတ်မှတ်ထားပေးရမှာဖြစ်ပါတယ်။
သွားကျန်းမာရေး

ဖခင်ရဲ့ သွားကျန်းမာရေးသည် အားနည်းတယ်ဆိုရင် ကလေးသည်လည်း သွားဆရာဝန်ထံ မကြာခဏ သွားပြရလေ့ရှိတတ်ပါတယ်။ မိခင်သည် ဘယ်လောက်ပဲ ကျန်းမာခိုင်ခံ့တဲ့ သွားများကို ပိုင်ဆိုင်ထားစေကာမူ ဖခင်ရဲ့သွားတွေက မကောင်းတဲ့အခါ သားသမီးသည် ထိုအရာကို ဖခင်ထံမှ အမွေဆက်ခံရရှိတတ်ပါတယ်။
Gender

Photo: iStock
ဟုတ်ပါတယ်။ ဖခင်ထံမှ မလွဲမသွေ အမွေဆက်ဆံရရှိတာကတော့ Gender ပဲဖြစ်ပါတယ်။ ဒီအချက်ကတော့ ၁၀၀ ရာခိုင်နှုန်းအသေချာဆုံးပါပဲ။
ပါးချိုင့်

Photo: QuotesGram
ပါးချိုင့်တွေသည် ချစ်စရာကောင်းစေသောအရာတွေဖြစ်တယ်လို့ လူအများက မှတ်ယူထားကြပါတယ်။ အချို့ဆိုရင် ပါးချိုင့်ကို တမင်လုပ်ဖော်ထားတာတွေရှိပါတယ်။ သို့သော် သိပ္ပံပညာရှင်များရဲ့ ပြောကြားချက်အရ ပါးချိုင့်တွေသည် မျက်နှာကြွက်သားများ တစ်စုံတစ်ရာ မှားယွင်းသွားခြင်းကြောင့် (သို့) လုံလောက်တဲ့ မျက်နှာကြွက်သားများ မရရှိတဲ့အတွက်ကြောင့် ပါးချိုင့်ကဲ့သို့ ဖြစ်ရခြင်းဖြစ်တယ်လို့ ပြောကြားထားကြပါတယ်။ ဒီအချက်ကိုလည်း ဖခင်ထံမှ အမွေရကြတာဖြစ်ပါတယ်။
အထက်ဖော်ပြပါအချက်များကတော့ သင့် ဖခင် ထံမှာ အမွေဆက်ခံရရှိလေ့ရှိတဲ့ အမူအကျင့် နှင့် သွင်ပြင်လက္ခဏာ များပဲဖြစ်ပါတယ်။
Source: Brightside
Featured Image: Daily Sabah
