ကွီးတို့ စကီလေးနဲ့ ဖဲမွေ့ရာထက်မှာ နှစ်ပါးသွားကတဲ့အခါ ဖလန်း ဖလန်း အားအင် အပြည့်နဲ့ ချစ်တင်းနှော တာမျိုးကိုပဲ လိုချင်ကြတယ် မဟုတ်လား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းများကို အသုံးပြုနိုင်ပါတယ်။ ဒီအချက်များကတော့ ကွီးတို့ကို ဖဲမွေ့ရာထက်မှာ ဖလန်း ဖလန်း နဲ့ အားအင်အပြည့် ချစ်တင်းနှော နိုင်အောင် ကူညီပေးမှာပဲ ဖြစ်ပါတယ်။

(၁) Cardio လေ့ကျင့်ခန်းများနဲ့ ခွန်အား တိုးလာအောင် ကြိုးစားပါ

Cardio

လေ့ကျင့်ခန်း မှန်မှန် ပြုလုပ်ခြင်းက ကွီးတို့ရဲ့ ခန္ဓာကိုယ်ကို သက်လုံကောင်းပြီး အမောခံနိုင်အောင် ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် အဝလွန်ခြင်း၊ နှလုံးရောဂါ၊ သွေးတိုးရောဂါတို့ပါ မခံစားရအောင် ကူညီပေးနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ ကွီးတို့ရဲ့ ညီလေး ရွှေပန်း ညှိုးမသွားရလေအောင် ကူညီပေးနိုင်ပါတယ်။ ဖဲမွေ့ရာထက်မှာ ပါဖောမန့် ကောင်းကောင်း ချပြချင်တယ် ဆိုရင်တော့ Cardio လေ့ကျင့်ခန်းများနဲ့ ခွန်အား တိုးလာအောင် ကြိုးစားသင့်ပါတယ်။​

(၂) ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ Healthy Diet များကို စားသုံးပါ

Healthy diet

ကွီးတို့ စားသုံးလိုက်တဲ့ အစားအစာက ကွီးတို့ ဘာဆိုတာကို ဖော်ပြနေပါတယ်။ ကွီးတို့က ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာများကို စားသုံးမယ်ဆိုရင် ခန္ဓာကိုယ်က အဆီပိုတွေ မရှိဘဲ ကျန်းမာရေး ကောင်းမွန်ကာ သက်လုံကောင်းပြီး အမောခံနိုင်မှာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဆန့်ကျင်ဘက်အနေနဲ့ ကွီးတို့က အဆီ အဆိမ့်များ၊ အငန်များ လွန်ကဲတဲ့ အစားအစာတွေကို အလွန်အကျွံ စားသုံးမယ်ဆိုရင်တော့ အမောအပန်းလည်း ခံနိုင်မှာ မဟုတ်ဘဲ ကျန်းမာရေးကိုလည်း တဖြည်းဖြည်း ထိလာပါလိမ့်မယ်။

(၃) အိပ်စက်ချိန်ကို အလျော့မခံပါနဲ့

ဖလန်း ချစ်တင်းနှော

အရွယ်ရောက်ပြီးသား လူတစ်ယောက်အနေနဲ့ တစ်ညလျှင် ၇ နာရီ (သို့) ၇ နာရီအထက် အိပ်စက် သင့်တယ်လို့ ကျန်းမာရေး ပညာရှင်များက ညွှန်ကြားထားပါတယ်။ ကွီးတို့ဆီမှာရော အဲ့ဒီလိုမျိုး လုံလောက်တဲ့ အိပ်စက်ချိန် ရှိရဲ့လား။ ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ပါက ကွီးတို့ရဲ့ လိင်မှုဘဝကို ထိခိုက်စေမှာ အမှန်ပါပဲ။ ဒါ့ကြောင့် ကွီးတို့အနေနဲ့ ဖလန်း ဖလန်းနဲ့ ချစ်တင်းနှော ချင်တယ်ဆိုရင် အိပ်စက်ချိန်ကို အထိအခိုက်ခံလို့ မရပါဘူး။

(၄) ဆေးလိပ်ဖြတ်ပါ

ဖလန်း ချစ်တင်းနှော

ဆေးလိပ် သောက်ခြင်းက ကွီးတို့ရဲ့ အဆုတ်ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာကို ကွီးတို့ သိပြီးသား ဖြစ်ပါလိမ့်မယ်။ ထိုအဆုတ် ကျန်းမာရေးက တဖြည်းဖြည်း ယိုယွင်း ပျက်စီးလာတဲ့အခါ သက်လုံကောင်းနိုင်မှာလည်း မဟုတ်တော့သလို အမောလည်း ခံနိုင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် သွေးလှည့်ပတ်စီးဆင်းမှုလည်း လျော့နည်းလာပြီး ကွီးတို့ ရွှေပန်းလည်း ညှိုးသွားတတ်ပါတယ်။ ကွီးတို့ ညီလေးက နိုးထသင့်တဲ့အချိန်မှာ နိုးထမလာမှာကို မကြောက်ဘူးဆိုရင်တော့ ဆေးလိပ် မဖြတ်နဲ့ပေါ့ဗျာ။

ကွီးတို့ရော အားအင်အပြည့်နဲ့ ချစ်တင်းနှောနိုင်ဖို့ကို ဘယ်လိုတွေ လုပ်ဆောင်လေ့ရှိပါသလဲ။

Source: Hims.com

Featured Image: Mom