အူဝဲ ဆိုပြီး လူသားအဖြစ် မွေးဖွားလာတဲ့ စက္ကန့်ပိုင်းအတွင်းမှာတင် ကွီးတို့သည် တစ်ယောက်တည်းပါပဲ။ ကွီးတို့ အဖော်ရအောင်ဆိုပြီး ဘယ်သူကမှ အဖော်ပြုပြီး မွေးဖွားမလာပါဘူး။ မိခင်ဗိုက်မှာကတည်းက အတူတူ အဖော်ပြုနေကြပါတယ်ဆိုတဲ့ အမွှာတွေတောင် မွေးဖွားလာတဲ့အခါ အချိန်သပ်သပ်စီ မွေးဖွားလာကြတာပါ။ ဒါ့ကြောင့် ကိုယ့်အနားမှာ ဘယ်သူမှမရှိဘူး။ တစ်ယောက်တည်းပါပဲလားဆိုပြီး စိတ်ဓာတ်ကျကာ ဖီးလ် ဖြစ်မနေဘဲ အားကိုး စရာ ငါတစ်ယောက်လုံး ကျန်သေးတယ်ကွဆိုပြီး ကိုယ့်ကိုယ်ကိုယ် အားပြန်ပေးဖို့ လိုအပ်ပါတယ်။

လူတစ်ယောက်က ဘယ်လောက်ပဲ ကွီးတို့ ချစ်ပါတယ်၊ ခင်ပါတယ်လို့ ဆိုနေပါစေ အဆုံးသတ်မှာတော့ ကွီးတို့သည် ကိုယ့်ကိုယ်ကိုယ်ပဲ ပြန်အားကိုးရမှာဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ လူတွေသည် ပြောင်းလဲတတ်ပြီး သူတို့ရဲ့ စိတ်ခံစားချက်များ၊ သူတို့ရဲ့ ဦးစားပေးအရာများ၊ သူတို့ရဲ့ အချစ်တွေသည်လည်း ပြောင်းလဲတတ်ပါတယ်။ ကွီးတို့ကို အနားလည်ဆုံးသူ၊ ကွီးတို့ကို အချစ်ဆုံးသူ၊ ကွီးတို့ စိတ်ထိခိုက် နာကျင်ရမှာကို မလိုချင်ဆုံးသူ၊ ကွီးတို့ရဲ့ လုံခြုံမှုကို ဦးစားအပေးဆုံး လူကတော့ ကွီးတို့ကိုယ်တိုင်ပါပဲ။ ဒါ့ကြောင့်မို့လို့လည်း တစ်ယောက်တည်းဆိုပြီး ဖီးလ် ဖြစ်မနေဘဲ ကိုယ့်ကိုယ်ကိုယ် အားကိုး ရမှာပဲဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် အားမကိုးတတ်ဘူး၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်မရှိ ဖြစ်နေရင်တော့ အခုဖော်ပြမယ့် အချက်များကို လိုက်လုပ်ကြည့်လိုက်ပါ။

ကိုယ့်ကိုယ်ကိုယ် ချစ်ပါ၊ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။

man self love

ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိခြင်းသည် ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်းနဲ့ တိုက်ရိုက် ပတ်သက်ဆက်နွယ်နေပါတယ်။ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်လာမှသာလျှင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် တိုးမြှင့်လာမှာဖြစ်ပြီး ကွန်းဖီးဒန့်စ် လယ်ဗယ်က မြှင့်တက်လာမှာပဲဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နိုင်တဲ့ နည်းလမ်းတွေက အများကြီးပါပဲ။ အရင်ဦးဆုံး စောစော အိပ်ရာဝင်ပါ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်အနားယူပါ။ မနက်စောစော အိပ်ရာထပါ။ မနက်ခင်း နေရောင်ခြည်ရဲ့ အလင်းရောင်ကို ထိတွေ့ခံစားပါ။ ကျန်းမာရေးနဲ့ ညီညွှတ်ပြီး အာဟာရမျှတအောင် စားသုံးပါ။ စိတ်ဖိစီးမှုများကို လျော့ချပါ။ ကိုယ့်ကို စိတ်ညစ်စေတဲ့အရာများကို ခေါင်းထဲက ထုတ်လိုက်ပါ။ အရေးမပါတဲ့ အရာများအတွက် စိတ်အညစ်ခံပြီး အချိန်မပေးပါနဲ့။ ကိုယ့်ကိုယ်ကိုယ် ချီးမွမ်းပါ။ မိမိသည် တော်ကြောင်း၊ စမတ်ကျတဲ့ လူသားတစ်ယောက်ဖြစ်ကြောင်း ကိုယ့်ကိုယ်ကိုယ် အသိအမှတ်ပြုပါ။

မှန်လို ကျင့်သုံးပါ

ဖီးလ် အားကိုး

လူတိုင်းနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါ စိတ်ထားဖြောင့်မတ်တည်ကြည်စွာ ထားပါ။ ကိုယ်က မိတ်ဆွေကောင်းလို့ သတ်မှတ်ထားပေမယ့် တစ်ဖက်က ကိုယ့်ကိုမိတ်ဆွေကောင်းလို့ မသတ်မှတ်တဲ့အခါ၊ ကိုယ့်အပေါ် ဖျံကျတာမျိုးရှိတဲ့အခါ ထိုဆက်ဆံရေးကို ဖြတ်တောက်ပစ်ဖို့လည်း ဝန်မလေးပါနဲ့။ ကိုယ့်ဘေးပတ်ဝန်းကျင်မှာ ကိုယ့်လိုမျိုး စိတ်ထားဖြောင့်မတ် တည်ကြည်သူတွေနဲ့ပဲ ဝန်းရံထားပါ။ ကိုယ့်အပေါ် မလိုမုန်းထားရှိနေသူများ၊ ကိုယ့်အကြောင်း သွားပုတ်လေလွှင့် ပြောနေသူများကိုလည်း ဆက်ဆံရေးတွေ ပျက်ပြားမှာကို ကြောက်ရွံ့တဲ့စိတ်နဲ့ ခခယယ ပေါင်းသင်းဆက်ဆံနေစရာမလိုပါဘူး။ အမှိုက်လိုလူသားများအတွက် ကွီးတို့အချိန်က မထိုက်တန်ဘူးဆိုတာကို သတိရလိုက်ပါ။

ကိုယ့်ပတ်ဝန်းကျင်မှာ အကောင်းမြင်စိတ်ရှိသူများနဲ့သာ ခြံရံထားသင့်ပြီး ကိုယ်ကိုယ်တိုင်ကလည်း အကောင်းမြင်စိတ် မွေးမြူဖို့လိုအပ်ပါတယ်။ အကောင်းမြင်စိတ်များနဲ့ ပြည့်နှက်နေတဲ့ ပတ်ဝန်းကျင်တစ်ခုက ကွီးတို့ကို စိတ်အားတက်ကြွစရာများ၊ ကံကောင်းခြင်းများသာ ဆောင်ကျဥ်းပေးလာပါလိမ့်မယ်။

ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်ပါ

ဖီးလ် အားကိုး

ကွန်းဖီးဒန့်စ် လယ်ဗယ် မြင့်နေဖို့ဆိုရင် ကွီးတို့သည် ကိုယ့်ကိုယ်ကိုယ် လယ်ဗယ်မြင့်လာအောင် ပြုပြင်မွမ်းမံဖို့ လိုအပ်ပါတယ်။ တစ်နေရာတည်းမှာပဲ ရပ်တန့်မနေဘဲ တိုးတက်မှုရှိအောင် ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးဖို့လိုအပ်ပါတယ်။ အသစ် အသစ်သော အရာများကို လေ့လာသင်ယူပါ။ ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်ပါ။ ကိုယ့်ရဲ့ အောင်မြင်များ၊ တစ်နှစ်တာအတွက် ဖြစ်မြောက်အောင် လုပ်ဆောင်ရမယ့် ရည်မှန်းချက် ပန်းတိုင်များကို အကောင်အထည်ဖော်ပါ။ ကိုယ့်ရဲ့ အရည်အချင်းတွေ တိုးတက်လာအောင် ဖြည်းဖြည်းချင်း တည်ဆောက်ယူပါ။ ဒီဖြစ်စဥ်ကြီးတစ်ခုလုံးသည် နေ့ချင်း ညချင်း ဟုန်းခနဲ ဒိုင်းခနဲ ဖြစ်လာမှာမဟုတ်ပါဘူး။ အချိန်တစ်ခုကြာမှာဖြစ်ပြီး ချက်ချင်း မဖြစ်လာသေးလို့လည်း စိတ်ဓာတ်ကျစရာ ဘာအကြောင်းမှ မရှိပါဘူး။ တစ်နေရာတည်းမှာ ခြေထောက်နှစ်ဖက်စလုံး စုံချပြီး ရပ်တန့်နေတာထက် တရွေ့ရွေ့ သွားနေဖို့ပဲ လိုအပ်ပါတယ်။ မာရသွန် ပြေးစရာလည်း မလိုပါဘူး။ တစ်နေ့လျှင် ခြေလှမ်းတစ်လှမ်း လှမ်းရုံနဲ့တင် ကွီးတို့ရဲ့ တိုးတက်မြင်ကို လပိုင်းအတွင်းမှာ မြင်သာလာမှာပဲဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူပါ

ဖီးလ် အားကိုး

ကြီးကြီးမားမား ကိစ္စမှမဟုတ်ပါဘူး။ အသေးအဖွဲ ကိစ္စတစ်ခုကို ပြီးမြောက်အောင် ပြုလုပ်နိုင်ခဲ့ရင်လည်း ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူဖို့ မမေ့ပါနဲ့။ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူပြီး ကိုယ့်ရဲ့ လုပ်ဆောင်မှုအတွက် ဆုချဖို့လည်း မမေ့ပါနဲ့။ ဒီလိုမျိုး ဆုချခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုယ် မိုတီပေးရာရောက်ပြီး နောက်ထပ် ကြိုးစားချင်စိတ်ဖြစ်လာအောင်လည်း တွန်းအားပေးနေပါတယ်။ ဘယ်သူ့ကိုမှ အားကိုးနေစရာမလိုပါဘူး။ ကွီးတို့ ဘဝမှာ ကွီးတို့သာ ပဲ့ကိုင်ရှင်ဖြစ်တယ်ဆိုတာကို သတိရနေရပါမယ်။ ဘယ်သူမှ ကိုယ့်အနားနားမှာ မရှိလည်း ကွီးတို့ တစ်ယောက်လည်း ကျန်နေသေးတယ်ဆိုတာကို သတိရလိုက်ပါ။ ကိုယ့်အား ကိုယ်ကိုးပြိး ရရှိလာတဲ့ အောင်မြင်မှုက ပိုမိုချိုမြိန်ပြီး ဘယ်သူ့ ဘယ်သူရဲ့ ကျေးဇူးတရားတွေ ကိုယ့်အပေါ်မှာ တင်ကျန်မနေတဲ့အတွက်ကြောင့် ဘဝမှာ ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်နိုင်ပါတယ်။

ကွီးတို့ရော အနားနားမှာ ဘယ်သူမှ မရှိလို့ အားငယ်နေတုန်းလား။

Source: Futurelearn

Featured Image: Freepik