ဒေါ်လာ ဈေး အတက်အကျ ကြားမှာ ဗျာများပြီး ဖုန်း တစ်လုံး ဝယ်ဖို့ကိုတောင် သေသေချာချာ ဆုံးဖြတ်ချက် မချရဲဖြစ်နေပါသလား။ ဒါဆိုရင်တော့ ဘတ်ဂျက် ဖုန်း တွေထဲက ဈေးသက်သာတဲ့ မော်ဒယ် အမျိုးအစားများကို ရွေး ချယ် ဝယ်ယူသင့်ပါတယ်။

အခုဖော်ပြပေးမှာကတော့ ဘတ်ဂျက် ဖုန်း တွေထဲက ဈေးသင့်တင့်တဲ့ မော်ဒယ် အမျိုးအစားများပဲ ဖြစ်ပါတယ်။ ကွီးတို့လည်း ရွေး ချယ် ဝယ်ယူနိုင်အောင်လို့ အခုပဲ လေ့လာကြည့်လိုက်ပါ။

OnePlus Nord N30 5G

OnePlus Nord N30 5G

သူ့ရဲ့ စခရင်မ် အရွယ်အစားကတော့ ၆.၇၂ လက်မ အရွယ်အစား ရှိပါတယ်။ ဆင်းကဒ်အမျိုးအစားကတော့ Nano-Sim ဖြစ်ပြီး အလေးချိန်ကတော့ ၆.၈ အောင်စလောက် လေးပါတယ်။ ဒီမော်ဒယ် အမျိုးအစားကတော့ ဒေါ်လာ ၂၅၀ ဝန်းကျင်သာ ကုန်ကျမှာ ဖြစ်ပါတယ်။ 50W Wired Charging နဲ့ ထုတ်လုပ်ထားခြင်းကတော့ သူ့ရဲ့ အားသာချက် ဖြစ်ပါတယ်။ ဒါ့ကြောင့် ခဏလေး အားသွင်းထားတာနဲ့ အားပြည့်မြန်ပါတယ်။ အခုလို အချိန်မျိုးမှာ ဝယ်ယူထားသင့်တဲ့ ဖုန်းတစ်လုံးပါပဲ။

Samsung Galaxy A15 5G

Samsung Galaxy A15 5G

သူ့ရဲ့ စခရင်မ် အရွယ်အစားကတော့ ၆.၅ လက်မ ရှိပြီး အလေးချိန်ကတော့ ၇.၅ အောင်စ လေးပါလိမ့်မယ်။ ဒီဇိုင်းကတော့ သူ့ရဲ့ Flagship ဒီဇိုင်းလိုမျိုးတော့ မိမိုက်မနေပါဘူး။ ဒါပေမဲ့ OLED Display ကြောင့် ကာလာအနေအထားကတော့ ရှယ်ဖိုင်းပါတယ်။ ဘက္ထရီကလတော့ 5000mAh အမျိုးအစားကို အသုံးပြုထားပါတယ်။​

Samsung Galaxy A15 5G ကဆိုရင်တော့ဖြင့် ဒေါ်လာ ၂၀၀ သာ ကုန်ကျမှာ ဖြစ်ပါတယ်။

Moto G Play

ဖုန်း မော်ဒယ် ရွေး

ဈေးသက်သာတဲ့ ဘတ်ဂျက် ဖုန်း မော်ဒယ် အမျိုးအစားကို ရွေး ချယ်ချင်တဲ့ ကွီးတို့အတွက် အသင့်တော်ဆုံး အမျိုးအစား နောက်တစ်ခုကတော့ Moto G Play ပါပဲ။ သူကတော့ ဒေါ်လာ ၁၅၀ သာ ကုန်ကျမှာ ဖြစ်ပါတယ်။

Google Pixel 7a

ဖုန်း မော်ဒယ် ရွေး

ဒီဇိုင်း မိမိုက်နေတဲ့ ဖုန်းမျိုးကိုမှ ကိုင်ချင်တယ်ဆိုရင်တော့ ဒီအမျိုးအစားလေးကို ကိုင်သင့်ပါတယ်။ Google Pixel 7a ကတော့ တခြား မော်ဒယ်တွေနဲ့ ယှဥ်ရင် ဈေးတော့ နည်းနည်းမြှောက်ပါတယ်။ ဒါပေမဲ့ သူ့ကွာလတီနဲ့ ပေးရတဲ့ တန်ဖိုးက ဝယ်ရတာ တန်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၄၂၆ ဒေါ်လာ ပေးဝယ်ရမှာ ဖြစ်ပါတယ်။

Nothing Phone 2a

ဖုန်း မော်ဒယ် ရွေး

သူ့ဒီဇိုင်းက ဘာနဲ့မှ မတူ တစ်မူထူးခြားတဲ့ ဒီဇိုင်းတစ်ခုဖြစ်ပြီး ပါဖောမန့်စ် ပိုင်းကလည်း ပြောစရာမလိုအောင် မိမိုက်ပါတယ်။ အလေးချိန်ကလည်း ပေါ့ပေါ့ပါးပါး ရှိပြီး ကိုင်ရတာ ကောင်းပါတယ်။ Nothing Phone 2a ကို ဝယ်ယူချင်တယ်ဆိုရင်တော့ ဒေါ်လာ ၃၄၉ ဒေါ်လာ ပေးဝယ်ရပါလိမ့်မယ်။

ကွီးတို့ရော အခုဖော်ပြသွားတဲ့ ဖုန်း အမျိုးအစားတွေထဲက ဘယ် မော်ဒယ် အမျိုးအစားကို ရွေးချယ် ဝယ်ယူမယ်လို့ စိတ်ကူးထားပါသလဲ။​

Source: Engadget.com

Featured Image: Tomsguide