ကွီးတို့ရဲ့ မွေးရာပါ ဖွားဖက်တော်သည် ဂရုစိုက်ရမယ့် ခန္ဓာကိုယ် အင်္ဂါ အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဖွားဖက်တော် နဲ့ ပတ်သက်တဲ့အခါ အသေးအဖွဲ ပြဿနာလေးပဲဆိုပြီး ပေါ့ဆ လို့ မရပါဘူး။
ဘယ်လို ပြဿနားများက ကွီးတို့ရဲ့ ဖွားဖက်တော် ကျန်းမာရေး ချို့ယွင်းနေပြီဖြစ်ကြောင်းကို ဖော်ပြနေသလဲဆိုတာကို ဒီဆောင်းပါးကနေတဆင့် လေ့လာကြည့်လိုက်ပါ။
(၁) အကွက်များ ဖြစ်ပေါ်နေတဲ့အခါ
Photo : Menshealth
ကွီးတို့ရဲ့ ဖွားဖက်တော် အရေပြားပေါ်မှာ အနီကွက်တွေကို မြင်တွေ့နေရချိန်မှာ သာမန် အရေပြား ပြဿနာလေးလို့ ထင်မြင်ကောင်း ထင်မြင်မိပြီး ပေါ့ဆ စွာ နေမိပါလိမ့်မယ်။ ဒါပေမဲ့ ဒါက သာမန် အရေပြား ပြဿနာ မဟုတ်ပါဘူး။ ဒီအနီရောင် အကွက်တွေက ကင်ဆာ ရောဂါ ခံစားနေရကြောင်း ဖော်ပြနေတဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။ စောစီးစွာ ကုသမှု ခံယူမှသာလျှင် ကွီးတို့အတွက် အခြေအနေကောင်းမှာပဲဖြစ်ပါတယ်။
(၂) တင်းတင်းကြပ်ကြပ် ဖီလင်မျိုး ခံစားနေရတဲ့အခါ
Photo : Everyday Health
ကွီးဖို့ ဖွားဖက်တော် ထိပ်နားက အရေပြားသည် တင်းတင်းကြပ်ကြပ် ဖီလင်များ ခံစားနေရပါသလား။ တခါတလေမှာ တင်းကြပ်တဲ့ ခံစားချက်အပြင် နာကျင်မှုကိုပါ ထပ်ပေါင်း ခံစားနေရပါသလား။
ဖြစ်နိုင်ခြေကတော့ ကွီးတို့ ခန္ဓာကိုယ် ဟော်မုန်း မညီမျှခြင်းကြောင့်လည်း ဖြစ်နိုင်သလို ကွီးတို့ရဲ့ ကိုယ်ခံစွမ်းအားက ကမောက်ကမ ဖြစ်နေလို့လည်း ဖြစ်နိုင်ပါတယ်။ တကယ်လို့ ကွီးတို့က ရောဂါ နုနေချိန်မှာ မကုသဘဲ လျစ်လျူရှုထားမယ်ဆိုရင်တော့ ဆီးလမ်းကြောင်းနဲ့ သက်ဆိုင်တဲ့ ရောဂါများ ခံစားရနိုင်ပြီး ဆီးမသွားနိုင်တော့တာမျိုးတွေပါ ကြုံတွေ့ရပါလိမ့်မယ်။
(၃) ဆီးသွားချိန်မှာ သွေးပါတဲ့အခါ
Photo : The Irish Times
ကွီးတို့ ဆီးသွားချိန်မှာ သွေးပါတဲ့အခါ ကွီးတို့ ကျောက်ကပ်မှာ ပြဿနာ တစ်ခုခု ရှိကြောင်းကို ဖော်ပြနေတာပဲ ဖြစ်ပါတယ်။ ဒါမှမဟုတ် ကွီးတို့ရဲ့ ဆီးအိတ်မှာ မသင်္ကာစရာတစ်ခုခု ကြုံတွေ့နေရကြောင်း ဖော်ပြနေတာပဲ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ မြန်မြန်ဆန်ဆန် ကုသမှု ခံယူသင့်တဲ့ ကျန်းမာရေး ပြဿနာတစ်ခုပဲ ဖြစ်ပါတယ်။
(၄) ဖွားဖက်တော် ယားယံနေတဲ့အခါ
Photo : News24
ကွီးတို့ ဖွားဖက်တော် ယားယံရခြင်း အကြောင်းအရင်းများ အများအပြားရှိပါတယ်။ ပထမ အကြောင်းအရင်းကတော့ သာမန် အရေပြားခြောက်လို့ ယားယရခြင်း ဖြစ်ပါတယ်။ ဒါကတော့ အထူးတလည် စိုးရိမ်စရာ မလိုတဲ့အခြေအနေပဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အသားခြောက်ခြင်းကို မြန်မြန်သက်သာအောင်လို့တော့ ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ နောက်ထပ် ဖြစ်နိုင်ခြေကတော့ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများ ခံစားနေရလို့ပဲဖြစ်ပါတယ်။ ဒီအခြေအနေမျိုးဆိုရင်တော့ မြန်မြန်ကုသမှု ခံယူဖို့ လိုအပ်ပါတယ်။
ဒါ့ကြောင့် ကွီးတို့ရဲ့ ဖွားဖက်တော် ယားယံလာပြီဆိုတာနဲ့ ကိုယ့်ရဲ့ နေထိုင်ပြုမူမှု ပုံစံကို ချက်ချင်း ပြန်ဆန်းစစ်ကြည့်လိုက်ပါ။ ဒါမှသာလျှင် ဖွားဖက်တော် ယားယံရခြင်း အကြောင်းအရင်းကို သိရှိမှာပဲ ဖြစ်ပါတယ်။
ကွီးတို့ ဖွားဖက်တော် ကျန်းမာရေး အခြေအနေရော အခြေအနေ ကောင်းရဲ့လား။ ကွီးတို့ရဲ့ ဖွားဖက်တော်ကို ဘယ်လိုမျိုး ဂရုစိုက်လေ့ရှိပါသလဲ။
Source : Menshealth
Featured Photo : Healthline