ဒီပြဿနာက ယောကျာ်းလေး အများစု ကြုံတွေ့ရလေ့ ရှိပါတယ်။ ဖွားဖက်တော် ယားယံတဲ့ အခြေအနေဟာ Sexually Transmitted Infection (STI) လို့ခေါ်တဲ့ လိင်ကတဆင့် ကူးစက်တက်တဲ့ ရောဂါတွေကြောင့် ဖြစ်တက်ပေမယ့်လည်း ကူးစက်ရောဂါတွေကြောင့်ရယ်လို့ တစ်ထစ်ချပြောလို့ မရပါဘူး။ ဒီဆောင်းပါးမှာတော့ အမျိုးသားတွေရဲ့ လိင်တံနဲ့ ကန့်သတ်ဧရိယာတဝိုက်မှာ ယားယံမှု ဖြစ်စေတဲ့ အကြောင်းအရင်းတွေကို ပြောပြပေးပါမယ်။
Photo : Men’s Health
ပထဆုံး အကြောင်းအရင်းကတော့ Jock Itch လို့ခေါ်တဲ့ မှိုကြောင့်ဖြစ်တတ်တဲ့ အရေပြားရောဂါတစ်မျိုးပါ။ အထူးသဖြင့် အားကစားသမားတွေမှာ အဖြစ်များပြီး တင်းကျပ်တဲ့ အဝတ်အစားတွေ ၊ ချွေးနဲ့ စိုထိုင်းဆမှု ဖြစ်စေတဲ့ အဝတ်အစားတွေကို ဝတ်ဆင်တဲ့အခါ အရေပြားပေါ်မှာ မှိုစွဲမှုကနေတဆင့် ယားယံမှုကို ဖြစ်ပေါ်စေတာ ဖြစ်ပါတယ်။ ယားယံမှုကို သက်သာစေဖို့ဆိုရင်တော့ ဖွားဖက်တော် နဲ့ ကန်သတ်ဧရိယာ အရေပြားတဝိုက်ကို ခြောက်သွေ့သန့်ရှင်းအောင်ထားပြီး ဆရာဝန် ညွှန်ကြားတဲ့ ယားယံမှုသက်သာစေတဲ့ လိမ်းဆေးတွေ လိမ်းနိုင်ပါတယ်။
နောက်တစ်ချက်ကတော့ ဓာတ်မတည့်မှုကြောင့် ဖြစ်တက်ပါတယ်။ အဓိကကတော့ ဓာတုပစ္စည်းတွေပါဝင်တဲ့ ဆပ်ပြာတွေ ၊ အမွှေးရနံ့ပါတဲ့ ဆပ်ပြာတွေနဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုသုံး ထုတ်ကုန်တွေကြောင့် ဖြစ်တက်ပါတယ်။ အဆိုပါ ပစ္စည်းထုတ်ကုန်တွေကို သုံးနေတာ ရပ်လိုက်မယ် ဆိုရင်တော့ ဓာတ်မတည့်မှုကြောင့် ဖြစ်ပေါ်နေတဲ့ ယားယံမှု အခြေအနေဟာ လျော့ပါးသက်သာ သွားနိုင်ပါတယ်။
ဆက်လက်ပြီး ဆိုရီယေးစစ် (Psoriasis) လို့ခေါ်တဲ့ အရေပြား ပြဿနာဟာလည်း ယားယံမှုကို ဖြစ်ပေါ်စေတဲ့ အကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။ အရေပြား မျက်နှာပြင်မှာ ဆဲလ်တွေစုပုံလာပြီး အကွက်အကွက်နဲ့ ထူပိန်းပိန်း ဖြစ်လာတဲ့ အခြေအနေကို ခေါ်ပါတယ်။ လိင်တံ ၊ ကပ်ပယ်အိတ် ၊ လိင်အင်္ဂါစပ် ၊ တင်ပါးနဲ့ ပေါင်းအတွင်းပိုင်း အရေပြားနေရာတွေမှာ ဖြစ်တက်ပါတယ်။ ဆိုရီယေးစစ် (Psoriasis) ရောဂါဟာ သေချာကုသမှု ခံယူမယ်ဆိုရင်တော့ ယားယံခြင်းတွေကို သက်သာစေနိုင်ပါတယ်။
Photo : The Lifesciences Magazine
အထက်ဖော်ပြပါ အချက်တွေကတော့ ဖွားဖက်တော်နဲ့ ကန့်သတ်ဧရိယာ တဝိုက်မှာ ယားယံမှု ဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲက ဖြစ်လေ့ဖြစ်ထ အရှိဆုံး အခြေအတွေပဲ ဖြစ်ပါတယ်။ အခြေခံအားဖြင့်တော့ နေ့စဉ် တစ်ကိုယ်ရည် သန့်ရှင်းမှုကို ဂရုစိုက်ပြီး ကန့်သတ် ဧရိယာတဝိုက်ကို သန့်ရှင်းခြောက်သွေ့ အောင်ထားမယ် ၊ ပေါ့ပါးချောင်ချိတဲ့ အဝတ်အစားတွေ ဝတ်ဆင်မယ် ၊ ချစ်တင်းနှောပြီး သို့မဟုတ် လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေ လုပ်ဆောင်အပြီးကို ဖွားဖက်တော်ကို သေချာလေး သန့်ရှင်းရေးလုပ်ပေးမယ် စတဲ့ အချက်တွေကို လိုက်နာမယ်ဆိုရင် ကျန်းမာသန့်ရှင်းတဲ့ ညီလေးကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။
Source : American Academy of Dermatology
Featured Photo : Gillette UK