ကွီးတို့ရဲ့ ဖွားဖက်တော် လေး လူစဥ်မှီဖို့ဆိုရင် ဘာတွေကို လိုက်နာ ကျင့်သုံးရမလဲဆိုတာ သိပြီးပါပြီလား။ ကွီးတို့ရဲ့ ဖွားဖက်တော်က ဖွားဖက်တော်စဥ် မှီမှီနဲ့ ကြီးထွားနေမှသာလျှင် ကိုယ့်ရဲ့ ရှော်တီလေးနဲ့ ချစ်တင်းနှောတဲ့အခါ အဆုံးစွန်ထိ ပျော်ရွှင်မှုကို ခံစားရမှာပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ ဖွားဖက်တော် ကြောင့် ပျော်ရွှင်မှု အတိ ခံစားချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အချက်များကို လိုက်နာ သင့်ပါတယ်။
(၁) ကာဖိန်းဓာတ် မှီဝဲပါ
ကွီးတို့က မနက်ခင်းကို ကာဖိန်းဓာတ်နဲ့ နိုးကြားတက်ကြွ လန်းဆန်းအောင် ပြုလုပ်လေ့ရှိတယ်ဆိုရင်တော့ ဒါလေးက သတင်းကောင်းတစ်ခုပါပဲ။ လူပေါင်း ၃၀၀၀ ကျော်ကို လေ့လာထားတဲ့ စမ်းသပ်မှုတစ်ခုအရ တစ်နေ့လျှင် ကာဖိန်းဓာတ် ၈၅ မီလီဂရမ်မှ ၃၀၀ မီလီဂရမ် (ကော်ဖီ ၁ ခွက်မှ ၃ ခွက်ခန့်)အထိ သောက်သုံးသူများသည် ကာဖိန်းဓာတ် နည်းနည်းပဲ ရရှိသူများထက် ရွှေပန်းညှိုးသွားနိုင်ခြေ ပိုနည်းတယ်ဆိုတာကို လေ့လာတွေ့ရှိရပါတယ်။
ဒါဆိုရင်တော့ ကာဖိန်းဓာတ်ကို ဘယ်လောက်ပမာဏအထိ မှီဝဲသင့်သလဲဆိုတာ သိသွားလောက်ပြီလို့ ထင်ပါတယ်။
(၂) Pelvic Floor လေ့ကျင့်ခန်းများကို နေ့စဥ် ပြုလုပ်ပါ
သဘာဝအတိုင်း ဖွားဖက်တော်စဥ် မှီမှီနဲ့ ကြီးလာချင်တယ်ဆိုသူတွေအတွက် သိပ္ပံနည်းကျ အတည်ပြုထားတဲ့ အချက်ကတော့ Pelvic Floor လေ့ကျင့်ခန်းများကို မှန်မှန်ပြုလုပ်ခြင်းပဲဖြစ်ပါတယ်။ ထိုလေ့ကျင့်ခန်းများ ပြုလုပ်တဲ့အခါမှာ ဖွားဖက်တော်ဆီသို့ သွေးများ လှည့်ပတ်စီးဆင်းသွားစေပြီး ကွီးတို့ ဖွားဖက်တော် အရွယ်အစားကို သဘာဝအတိုင်း ကြီးမားလာအောင် ကူညီပေးပါတယ်။
(၃) အိပ်ရေးပျက်မခံဘဲ အိပ်ရေး ဝဝ အိပ်စက်အနားယူပါ
အိပ်ရေးဝဝ အိပ်စက်အနားယူခြင်းသည်လည်း ကွီးတို့ရဲ့ ဖွားဖက်တော်ကျန်းမာရေးအတွက် အထူးအရေးကြီးတာကြောင့် အိပ်ရေးပျက်မခံဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ဆေးလိပ်အလွန်အကျွံ သောက်သုံးခြင်းကိုလည်း ရှောင်ကြဉ်သင့်ပြီး အရက်၊ ဘီယာတို့ကိုလည်း သင့်တင့်မျှတရုံသာ သောက်သုံးသင့်ပါတယ်။
(၄) ပုံမှန် နိုးထလာရမယ့်အချိန်မှာ နိုးမထလာဘဲ ဖွားဖက်တော်စဥ် မမှီသလိုဖြစ်နေတဲ့အခါ
ဒီလိုအခြေအနေမျိုး ရောက်လာပြီဆိုရင်တော့ ရှက်ကြောက်မနေဘဲနဲ့ ဆရာဝန်ထံ အမြန်ဆုံး ကုသမှု ခံယူသင့်ပါတယ်။ ဖွားဖက်တော်စဥ် မမှီတဲ့အချိန်၊ လိင်တံနဲ့ လိင်အင်္ဂါတစ်လျှောက် လိင်အင်္ဂါလုပ်ဆောင်မှု၊ သုတ်လွှတ်ခြင်း သို့မဟုတ် ကြုံတွေ့ရတဲ့ လက္ခဏာအသစ်များ၊ ပုံမှန်မဟုတ်တဲ့ အခြေအနေများ စတာတွေ ခံစားနေရတဲ့အခါ၊ ဆီးသွားတဲ့အခါ နာကျင်ခြင်း၊ ပုံမှန်မဟုတ်သော လိင်တံကွေးကောက်ခြင်း၊ လိင်တံ သို့မဟုတ် လိင်အင်္ဂါတွင် အဖုအထစ်များ ပေါ်ပေါက်လာခြင်း၊ သုတ်လွှတ်စဉ်အတွင်း နာကျင်မှု ခံစားရခြင်း၊ ပြင်ပမှ ထိခိုက်ဒဏ်ရာ ရရှိခြင်းစတာတွေ ခံစားနေရပြီဆိုလျှင်လည်း လုံးဝ မပေါ့ဆပါနဲ့။ သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့ လိုပါတယ်။ စောစောစီးစီး ကုသမှု ခံယူတဲ့အခါ အပ်နဲ့ ထွင်းရမယ့်အရာက ပုဆိန်နဲ့ ပေါက်စရာ မလိုတော့ဘူးပေါ့ဗျာ။
ကွီးတို့ရော ကိုယ့်ရဲ့ ဖွားဖက်တော်လေး လူစဥ်မှီလာဖို့အရေး ဘယ်လိုမျိုး ကြိုးစားလေ့ရှိပါသလဲ။
Source: Menshealth
Featured Image: Iflscience