အမျိုးသားတိုင်း စိုးရိမ်တဲ့ ပန်းသေပန်းညှိုး ပြဿနာဟာ စိတ်ဖိစီးမှု ၊ စိတ်ကျရောဂါ ၊ ဟော်မုန်းပြောင်းလဲမှု ၊ ဆေးလိပ်နဲ့ အရက်အလွန်အကျွံ သုံးစွဲမှုတွေအပြင် အစားအသောက် ၊ အနေအထိုင် မှားယွင်းမှုတွေနဲ့လည်း အများကြီး သက်ဆိုင်ပါတယ်။ ကွီးတို့အနေနဲ့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအသောက်တွေကို ချင့်ချိန်စားသုံးပေးမယ်ဆိုရင်ပဲ ပန်းသေပန်းညှိုး ပြဿနာကို အထိုက်အလျောက်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ ကွီးတို့ရဲ့ ဖွားဖက်တာ် သန်စွမ်းကျန်းမာနေစေဖို့ စားပေးသင့်တဲ့ အစားအစာတွေအကြောင်းကို မျှဝေပေးပါမယ်။
(၁) အဆီများတဲ့ငါး
Photo : The Paleo Diet
တူနာ ၊ ဆာဒင်း ၊ မက်ကရယ်နဲ့ ဆော်လမွန် ငါးတွေမှာ Omega-3 Fatty Acids ဓာတ်အမြင့်ဆုံး ပါဝင်ပါတယ်။ ငါးမှာ ပါဝင်တဲ့ Omega-3 Fatty Acids ဓာတ်ဟာ သွေးစီးဆင်းမှုပိုမိုကောင်းမွန်စေပြီး ဖွားဖက်တော် သန်စွမ်းကျန်းမာမှုကို တိုးစေပါတယ်။ လေ့လာမှုတစ်ခုအရ ED ပြဿနာရင်ဆိုင်နေရတဲ့ အမျိုးသားတွေကို Omega-3 Fatty Acids မှီဝဲစေခြင်းဖြင့် လိင်အင်္ဂါပြန်လည်သန်စွမ်းမှုကို ရစေတယ်လို့ သုတေသီတွေက ဆိုထားပါတယ်။
(၂) ငှက်ပျောသီး
Photo : The Nutrition Source – Harvard University
ငှက်ပျောသီးမှာ ပိုတက်စီယမ်ဓာတ် မြင့်မားစွာပါဝင်ပါတယ်။ ဒါ့အပြင် ငှက်ပျောသီးမှာ Flavonoids (ဖလေဗာနွိုက်) ဓာတ်တွေလည်း အများကြီးပါရှိပါတယ်။ လေ့လာမှုတွေအရ ၁၀ နှစ်တာကာလအတွင်း Flavonoids (ဖလေဗာနွိုက်) စားသုံးမှု အများဆုံးအမျိုးသားတွေဟာ ED ခံစားရနိုင်ခြေ ၁၀ ရာခိုင်နှုန်း လျော့နည်းကြောင်း တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
(၃) အခွံမာသီးနဲ့ အစေ့အဆန်များ
Photo : Fairtrade Foundation
ပီစတာချီယို ၊ သစ်ကြားသီး ၊ ဟေဇယ်နက် နဲ့ ဗာဒံစေ့တွေလို အခွံမာသီးတွေကို စားသုံးပေးတာဟာ ပန်းသေပန်းညှိုး ပြဿနာကြုံတွေ့နေရတဲ့ အမျိုးသားတွေအတွက် အများကြီးအထောက်အကူ ဖြစ်စေတယ်လို့ လေ့လာမှုတွေမှာ ဖော်ပြထားပါတယ်။ ၃ ပတ်တာ သုတေသနပြုချက်တစ်ခုမှာ အခွံမာသီးတွေ ပုံမှန်စားသုံးတဲ့ အမျိုးသားတွေအနေနဲ့ လိင်အင်္ဂါသွေးစီးဆင်းမှု ပိုမိုကောင်းမွန်လာပြီး ဖွားဖက်တော် သန်မာမှု သိသိသာသာ တိုးလာစေတာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ အခွံမာသီးတွေဟာ လိင်စိတ်ဆန္ဒကို တိုးစေပြီး ပိုမိုကောင်းမွန်တဲ့ လိင်မှုဘဝကို ရစေဖို့လည်း ကူညီပေးနိုင်ပါတယ်။
(၄) အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ
Photo : Cauldron Foods
ဟင်းနုနွယ်ရွက် ၊ ကညွှတ် ၊ ဘရပ်ဆဲလ်ပင်ပေါက်နဲ့ မုန်ညင်းစိမ်းတွေလို အစိမ်းရင့်ရောင် အသီးအရွက်တွေမှာ ဖောလစ်အက်ဆစ်ဓာတ် မြင့်မားစွာပါဝင်ပါတယ်။ ဖောလိတ်ဓာတ်ဟာ ဗီတာမင် B9 ရဲ့ မူလအရင်းမြစ်ဓာတ် တစ်မျိုးပါ။ လေ့လာမှုတစ်ခုအရ ပန်းသေပန်းညှိုး ပြဿနာရင်ဆိုင်နေရတဲ့ အမျိုးသားတွေဟာ ဖောလစ်အက်ဆစ်ဓာတ် မှီဝဲမှုနည်းပါးလေ့ရှိကြောင်း တွေ့ရှိရပါတယ်။ ဖောလစ်အက်ဆစ်ကို တိုးမြှင့်စားသုံးခြင်းဟာ ပန်းသေပန်းညှိုးခြင်းကို ကြိုတင်ကာကွယ်နိုင်သလို ပန်းသေပန်းညှိုးပြဿနာနဲ့ ရင်ဆိုင်နေရပါကလည်း သက်သာစေနိုင်ကြောင်း လေ့လာတွေ့ရှိချက်တွေမှာ ဖော်ပြထားပါတယ်။
Source : Precise Men’s Medical Center
Featured Photo : Healthwire