အမျိုးသားတွေအတွက် လိင်အင်္ဂါ မသန်စွမ်းမှု ပြဿနာကို အထောက်အကူပြုတဲ့ သောက်စရာ ဖျော်ရည်တွေ ရှိတယ်ဆိုတာ ကွီးတို့ သိပါသလား ? ဟုတ်ပါတယ် အချို့ အစားအသောက်တွေဟာ လိင်အင်္ဂါ ကျန်းမာရေးနဲ့ လိင်မှုဆိုင်ရာ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ပြီး လိင်အင်္ဂါ ကမောက်ကမဖြစ်တဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်စွမ်း ရှိပါတယ်။ ဒီဆောင်းပါးမှာတော့ ဖွားဖက်တော် သန်မာမှု အားကောင်းစေဖို့ ကွီးတို့ သောက်ရမယ့် Drinks ၄ မျိုးကို ပြောပြပေးပါမယ်။

(၁) သလဲသီးဖျော်ရည်

pomegranate juice

Photo : Vaya

သလဲသီး ဖျော်ရည်မှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက နိုက်ထရစ်အောက်ဆိုဒ် ပမာဏကို မြှင့်တင်ပေးပါတယ်။ နိုက်ထရစ်အောက်ဆိုဒ်ဟာ သွေးကြောတွေအတွင်း သွေးစီးဆင်းမှုကို ကောင်းမွန်စေဖို့ ထောက်ပံ့ပေးနေတဲ့ မော်လီကျူး တစ်ခုပါပဲ။ ဒါကြောင့် သလဲသီးဖျော်ရည်ကို သောက်ပေးတာက ဖွားဖက်တော် ဆီ သွေးစီးဆင်းမှုကို တိုးစေပြီး လိင်တံ ပြည့်ပြည့်ဝဝ ထောင်မတ်နိုင်စေဖို့ ကူညီပေးနိုင်ပါတယ်။

(၂) ဖရဲသီးဖျော်ရည်

Watermelon Juice

Photo : Love and Lemons

ဖရဲသီးမှာ L-citrulline ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ L-citrulline ဆိုတာ ခန္ဓာကိုယ်ရဲ့ စွမ်းအင်ပမဏနဲ့ လိင်မှုဆိုင်ရာ စွမ်းဆောင်ရည်အတွက် အဓိက အရေးပါတဲ့ အမိုင်နိုအက်ဆစ်ဓာတ်တစ်မျိုး ဖြစ်ပြီး ၎င်းက သွေးစီးဆင်းမှုနဲ့ သွေးကြောတွေရဲ့ လုပ်ဆောင်ချက်တွေကို ကောင်းမွန်စေဖို့ ထောက်ပံ့ပေးပါတယ်။ လိင်အင်္ဂါ သန်မာမှု တိုးစေဖို့အတွက် ဖရဲသီးကို အသီးတိုင်းစားလို့ ရသလို ဖျော်ရည်အနေနဲ့လည်း သောက်သုံးလို့ ရပါတယ်။

(၃) သကြားမုန်လာဖျော်ရည်

Beet Juice

Photo : Taste of Home

ဖွားဖက်တော် သန်စွမ်းမှုကို အားကောင်းစေမယ့် နောက်ထပ်အကောင်းဆုံး ဖျော်ရည်တစ်ခုကတော့ Beetroot ခေါ်  သကြားမုန်လာဖျော်ရည်ပါ။ သကြားမုန်လာဖျော်ရည်ဟာ သွေးထဲက နိုက်ထရစ်အောက်ဆိုဒ် ပမဏကို တိုးစေပြီး သွေးစီးဆင်းမှုကို မြှင့်တင်ပေးကာ လိင်တံတစ်ဝိုက်ရှိ သွေးကြောတွေကို ပွင့်လာစေဖို့ ကူညီပေးနိုင်တာကြောင့် လိင်တံ ထောင်မတ်မှုကို အားကောင်းစေတာပဲ ဖြစ်ပါတယ်။

(၄) နွားနို့

Milk

Photo : Parents

၂၀၀၃ ခုနှစ်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ ကြွက်သားနဲ့ အရိုးအဆစ်တွေကို သန်မာစေတဲ့ နွားနို့ဟာ အမျိုးသားတွေရဲ့  ဖွားဖက်တော် သန်စွမ်းမှုအတွက်လည်း အထောက်အကူ ပြုတယ်လို့ ဆိုထားပါတယ်။ နွားနို့မှာ အဓိကအားဖြင့် အမိုင်နိုအက်ဆစ်ဓာတ် L-arginine ပါဝင်တာကြောင့် ကြွက်သားတွေကို ပြေလျော့စေပြီး ခန္ဓာကိုယ်တွင်း သွေးစီးဆင်းမှုကို တိုးစေကာ  လိင်တံ ပြည့်ပြည့်ဝဝ ထောင်မတ်နိုင်စေဖို့ ကူညီပေးနိုင်တာ ဖြစ်ပါတယ်။

Source : Hims

Featured Photo : Keeley Rankin