ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ အကြီးဆုံးနဲ့ အကျယ်ပြန့်ဆုံး ကိုယ်အင်္ဂါ အစိတ်အပိုင်းက အရေပြားပါပဲ။ များသောအားဖြင့် ကျွန်တော်တို့ တော်တော်များများက မျက်နှာအသားအရေသာလျှင် အသားခြောက်တာ ၊ အရေပြားခြောက်သွေ့ယားယံတာတွေ ဖြစ်တက်တယ်လို့ ထင်ကြတာပါ။ တကယ်တော့ ကျွန်တော်တို့ရဲ့ အရေပြား ဘယ်နေရာမှာမဆို ဖြစ်နိုင်ပြီး လိင်အင်္ဂါ ဖွားဖက်တော် မှာပင် အရေပြား ခြောက်သွေ့ယားယံတာမျိုး ဖြစ်နိုင်ပါတယ်။

လိင်အင်္ဂါ အရေပြားဧရိယာ တဝိုက်ဟာ အလွန်တရာ ထိလွယ်ရှလွယ် ရှိတာကြောင့် အလွယ်တကူ အရေပြား ခြောက်သွေ့တာ ၊ ယားယံနာကျင်တာတွေ ခံစားရနိုင်ပါတယ်။

လိင်တံအရေပြား ခြောက်သွေ့ရခြင်း အကြောင်းရင်းများ

Featured Photo : Men's Health Photo : Netdoctor

Photo : Netdoctor

အဓိကအားဖြင့် အမျိုးသားတွေရဲ့ ဖွားဖက်တော် အရေပြားခြောက်သွေ့ခြင်းကို ခံစားရစေတဲ့ အဖြစ်အများဆုံး အကြောင်းအရင်းတွေထဲက တစ်ခုကတော့ ကွန်ဒုံး သို့မဟုတ် ချောဆီသုံးခြင်းတွေကြောင့် ဓါတ်မတည့်မှု ဖြစ်ခြင်းကနေတဆင့် ဖြစ်ပွားလေ့ ရှိပါတယ်။ ဒါ့အပြင် အပြင်းစား ဆပ်ပြာတွေ ၊ Body Sprays တွေ ၊ အမွှေးရနံ့ပါတဲ့ Colognes တွေနဲ့ ချိုင်းလိမ်းဆီတွေ အသုံးပြုခြင်းကနေလည်း လိင်တံအသားအရေ ခြောက်သွေ့ခြင်းကို ဖြစ်စေနိုင်ပါတယ်။ အလားတူ လိင်တံအရေပြားပေါ် ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်မှုတွေ လုပ်မိရင်လည်းတစ်ခါတစ်ရံမှာ အရေပြားခြောက်သွေ့ခြင်းကို ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ ပြောရရင် လိင်တံအရေပြား ခြောက်သွေ့ယားယံခြင်းဟာ အလွန်အကျွံ လိင်ဆက်ဆံမှု ဒါမှမဟုတ် အလွန်အကျွံ တစ်ကိုယ်ရည်အာသာဖြေခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတစ်ခု ဖြစ်နိုင်ပါတယ်။

နောက်တစ်ချက်ကတော့ အတွင်းခံဘောင်းဘီတွေပါ။ သန့်ရှင်းမှုမရှိတဲ့ အတွင်းခံ ဘောင်းဘီတွေကို ဝတ်ဆင်တာ ဒါမှမဟုတ် တင်းကျပ်လွန်းတဲ့ ဘောင်းဘီတွေကို ဝတ်ဆင်ခြင်းကြောင့် ပွတ်တိုက်မှုကို ဖြစ်စေပြီး ဖွားဖက်တော် အရေပြား ခြောက်သွေ့တာ ၊ နီမြန်းယားယံတာ ၊ ပိုးဝင်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒီအချက်တွေကို ဂရုစိုက်ပေးခြင်းဖြင့် ကွီးတို့ရဲ့ညီလေးကို ကျန်းမာအောင် ထားနိုင်ပါတယ်။

လိင်တံအရေပြား ခြောက်သွေ့ခြင်းကို ကာကွယ်ကုသနိုင်မယ့် နည်းလမ်းများ

Penis

Photo : Greatist

အနည်းဆုံး ၂၄ နာရီအတွင်း တစ်ကြိမ်ထက်ပိုပြီး လိင်ဆက်ဆံခြင်း ဒါမှမဟုတ် တစ်ကိုယ်ရည်အာသာဖြေခြင်းကို ရှောင်ကြဉ်ပါ။

ဖွားဖက်တော် ကို ကြက်သီးနွေး ရေနွေး ၊ ဆပ်ပြာအပျော့စားအသုံးပြုပြီး ဆေးကြောသန့်စင်ပေးပါ။ ဆေးကြောသန့်စင်ပြီးနောက်မှာ လိင်တံကို သန့်ရှင်းတဲ့ ပုဝါနဲ့ ခြောက်သွေ့အောင် ညင်သာစွာ သုတ်ပေးပါ။ ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်အခြောက်ခံတာမျိုး မလုပ်ပါနဲ့။

ထို့နောက် အစိုဓာတ်ထိန်းခရင်မ် သို့မဟုတ် သဘာဝအဆီတစ်မျိုးမျိုး လိမ်းပြီး လိင်တံအရေပြားထဲအထိ စိမ့်ဝင်အောင့် ညင်သာစွာ နှိပ်နယ်ပေးပါ။ ဒီနည်းလမ်းကို အနည်းဆုံး တစ်ပတ်ကို တစ်ကြိမ်လောက် လုပ်ပေးနိုင်ပါတယ်။ အကယ်၍ လိင်တံ အရေပြား ခြောက်သွေ့ယားယံခြင်း ပြဿနာအမြဲတမ်းဖြစ်နေပါက အစိုဓာတ်ထိန်းခရင်မ် သို့မဟုတ် သဘာဝအဆီကို နေ့တိုင်း လိမ်းပေးနိုင်ပါတယ်။

ဒါ့အပြင် Vitamin E သောက်သုံးတာ ၊ Vitamin E ဆေးတောင့်ကိုဖောက်ပြီး အထဲက အဆီကို ဖွားဖက်တော် အရေပြားမှာ လိမ်းပေးတာမျိုးလည်း လုပ်နိုင်ပါတယ်။ Vitamin E ဟာ အရေပြား ခြောက်သွေ့ယားယံခြင်းကို သက်သာစေပြီး အရေပြား ဆဲလ်အသစ်တွေ ပြန်လည်မွေးဖွားလာစေဖို့လည်း ကူညီပေးပါတယ်။

Featured Photo : Men’s Health