ဗောက်တွေ ယားလို့ လက်မလည်အောင် ခေါင်းတွေကုပ်နေရပြီလား။ ဒီအခြေအနေကနေ လွတ်မြောက်ဖို့အတွက် အိမ်တွင်းနည်းလမ်းကောင်းလေးတွေ ရှိပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ဗောက်ပြဿနာကို အထိရောက်ဆုံးနဲ့ လွယ်ကူရိုးရှင်းစွာ ဖြေရှင်းနိုင်ဖို့ Hair Masks လုပ်နည်းလေးတွေ ပြောပြပေးချင်ပါတယ်။
(၁) ဒိန်ချဉ် ၊ ပျားရည်နဲ့ သံပုရာ Hair Mask
Photo : Stylecraze
သံပုရာရည်မှာပါတဲ့ Citric Acid က ဆံပင်ရဲ့ pH ညီမျှကို ထိန်းညှိပေးပါတယ်။ ဒိန်ချဉ်ကတော့ ဆံသားပျက်စီးခြင်းကို ပြုပြင်ပေးပြီး ဆံသားကို ပျော့ပျောင်းစေပါတယ်။ ပျားရည်က ဗောက်နဲ့ Seborrheic Dermatitis ကဲ့သို့ အခြေအနေတွေကို ပိုမိုကောင်းမွန်စေဖို့ ကူညီပေးနိုင်ပါတယ်။
လိုအပ်တဲ့ ပစ္စည်းများ
ဒိန်ချဉ် ၁/၂ ခွက်
သံပုရာရည် ၁ ဇွန်း
ပျားရည် ၁ ဇွန်း
ပြုလုပ်နည်းအဆင့်ဆင့်
ပါဝင်ပစ္စည်းတွေအားလုံးကို ပန်းကန်တစ်ခုထဲမှာ သေချာစွာရောမွှေပါ။
ရလာတဲ့ အရောအစပ်ကို ဦးရေပြားကနေ ဆံသားအဖျားအထိ လိမ်းကျံပေးရပါမယ်။
အချိန်အားဖြင့်တော့ မိနစ် ၃၀ လောက်ထားလိုက်ပါ။
ပြီးရင် Sulfate-Free အပျော့စား ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်လိုက်ပါ။
တစ်ပတ် ၂ ကြိမ်လောက် ပြုလုပ်ပေးခြင်းဖြင့် ဗောက်တွေ သိသိသာသာ သက်သာသွားပါလိမ့်မယ်။
(၂) ငှက်ပျောသီး ၊ ပျားရည် ၊ သံပုရာနဲ့ သံလွင်ဆီ Hair Mask
Photo : Stylecraze
ဒီ Hair Mask ကတော့ ဆံပင်ခြောက်တဲ့သူတွေအတွက် အရမ်းကောင်းပါတယ်။ ငှက်ပျောသီးက ဆံပင်ကို သန်စွမ်းစေပြီး ဗောက်တွေကို ထိန်းပေးနိုင်ပါတယ်။ သံလွင်ဆီကတော့ ဆံပင်တွေကို ပျော့ပျောင်းစေပြီး သန်စွမ်းစေဖို့ ကူညီပေးပါတယ်။ သံပုရာမှာပါတဲ့ Citric Acid က ဆံပင်ရဲ့ pH Level ကို မျှတအောင် ကူညီပေးပြီး ပျားရည်ကတော့ ဗောက်ထခြင်းကို သက်သာစေပါတယ်။
လိုအပ်တဲ့ ပစ္စည်းများ
ငှက်ပျောသီးမှည့် ၂ လုံး
သံလွင်ဆီ ၁ ဇွန်း
သံပုရာရည် ၁ ဇွန်း
ပျားရည် ၁ ဇွန်း
ပြုလုပ်နည်းအဆင့်ဆင့်
အရင်ဆုံး ငှက်ပျောသီးမှည့်ကို ကျေညှက်သွားအောင် ပန်းကန်တစ်ခုထဲမှာ သေချာစွာ ကြိတ်ချေပေးပါ။
ထို့နောက် ငှက်ပျောသီးအနှစ်ထဲကို ပျားရည် ၊ သံပုရာနဲ့ သံလွင်ဆီတို့ ရောထည့်ပြီး မွှေပေးပါ။
ရလာတဲ့ ငှက်ပျောသီးအနှစ်ကို ဆံပင်နဲ့ ဦးရေပြားအနှံ့ သေချာစွာ လိမ်းကျံပေးပါ။
မိနစ် ၃၀ လောက်ထားပြီးရင်တော့ အပျော့စား ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်လိုက်ပါ။
ဗောက်တွေ သက်သာစေဖို့ တစ်ပတ် ၁ ကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါတယ်။
(၃) ထောပတ်သီး ၊ ပျားရည်နဲ့ သံလွင်ဆီ Hair Mask
Photo : Stylecraze
ထောပတ်သီးမှာ ဆံပင်နဲ့ ဦးရေပြားကျန်းမာရေးကို အထောက်အကူပြုတဲ့ Antioxidants တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ထောပတ်သီး ၊ ပျားရည်နဲ့ သံလွင်ဆီ အရောအစပ် Hair Mask က ဦးရေပြားကို သန့်စင်ပေးပြီး ဗောက်ပြဿနာကို ကင်းရှင်းစေကာ ဆံသားကို ပျော့ပြောင်းတောက်ပြောင်စေပါတယ်။
လိုအပ်တဲ့ ပစ္စည်းများ
ထောပတ်သီးအမှည့် ၁ လုံး
သံလွင်ဆီ ၂ ဇွန်း
ပျားရည် ၂ ဇွန်း
ပြုလုပ်နည်းအဆင့်ဆင့်
ထောပတ်သီးမှည့်ကို ကျေညှက်သွားအောင် ခရင်းနဲ့သေချာစွာ ကြိတ်ချေပေးပါ။
ရလာတဲ့ ထောပတ်သီးအနှစ်ထဲကို ပျားရည်နဲ့ သံလွင်ဆီ ၂ ဇွန်းစီထည့်ပါ။
ထို့နောက် အဆိုပါ အရောအစပ်ကို ဆံပင်အရင်းကနေ အဖျားအထိ သေချာနှံ့အောင် လိမ်းကျံပေးပါ။
ပြီးရင်တော့ အချိန် ၄၅ မိနစ်လောက် ထားလိုက်ပါ။
အချိန်ပြည့်ရင် အပျော့စား ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်လိုက်ပါ။
တစ်ပတ် ၁ ကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါတယ်။ ဗောက်တွေ သက်သာပြီး ဆံသားနဲ့ ဦးရေပြား ကျန်းမာရေး ပိုမိုကောင်းမွန်လာတာ တွေ့ရပါလိမ့်မယ်။
Featured Photo : Pete & Pedro