အချိန်အကြာကြီး မီးပျက်လို့ အလုပ်ပျက်အကိုင်ပျက်ဖြစ်ရတယ်ဆိုပြီး ငြီးမစရာမလိုတဲ့ နည်းလမ်းကောင်းတစ်ခုရှိပါတယ်။ ထိုနည်းလမ်းကောင်းကတော့ ဘက်ထရီ ကောင်းတဲ့ အမိုက်စား Laptop များ အသုံးပြုခြင်းပဲ ဖြစ်ပါတယ်။

ဘက်ထရီ ကောင်းတဲ့ Laptop များကို အသုံးပြုတဲ့အခါ မီးပျက်တဲ့ဒဏ်ကို အတိုင်းအတာတစ်ခုအထိ မှုစရာမလိုတော့ပါဘူး။ အွန်လိုင်းသင်တန်းတွေ တက်နေရတဲ့ ကျောင်းသမားတွေအတွက်ရော Work From Home လုပ်နေရတဲ့ ရုံးသမားတွေအတွက်ပါ ဘက်ထရီ ကောင်းတဲ့ Laptop တစ်လုံးသည် မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုပဲ ဖြစ်ပါတယ်။

လတ်တလော ဈေးကွက်ထဲမှာ ဝယ်လိုအားကောင်းနေတဲ့ အကောင်းစား Laptop များကတော့…

Dell Latitude 9510

ဘက္ထရီ Laptop

ဒီမော်ဒယ်ကတော့ ၂၀၂၀ ဇန်နဝါရီလ အစောပိုင်းက ထွက်ရှိထားတာ ဖြစ်ပါတယ်။ ၁၅ လက်မ Display ရှိပြီး Resolution အနေနဲ့ကတော့ 1920 x 1080 Pixels ရှိပါတယ်။ သူ့အလေးချိန်ကတော့ ၁.၄၅ ကီလိုဂရမ်လေးပါတယ်။ ဘက်ထရီ Cell က ၄ ခုတောင် ပါတာဖြစ်တဲ့အတွက်ကြောင့် နာရီပေါင်း ၁၅ နာရီကျော်ကြာအောင် အသုံးခံတဲ့ Laptop တစ်လုံး ဖြစ်ပါတယ်။

Dell Latitude 9410 2-in-1

ဘက္ထရီ Laptop

ဒီ Laptop လေးကတော့ စောစောက အမျိုးအစားနဲ့ယှဉ်ရင် Resolution ပိုင်းက အတူတူပါပဲ။ Display ကျတော့ ဒီမော်ဒယ်က ၁၄ လက်မပဲရှိပါတယ်။ အလေးချိန်သည်လည်း အနည်းငယ်ပေါ့ပါးသွားတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ဘော်ဒီကလည်း တောင့်ပြီး ဘက်ထရီ သက်တမ်းကလည်း အံ့မခန်းပါပဲ။ ၁၇ နာရီကြာ အသုံးခံမှာပဲဖြစ်ပါတယ်။

Asus ExpertBook B9450

ဘက္ထရီ Laptop

ဒီ Laptop လေးကတော့ ဈေးနှုန်းအားဖြင့် ဒေါ်လာ ၁၃၀၀ ဒေါ်လာဝန်းကျင်ကုန်ကျမှာဖြစ်ပါတယ်။ Graphics ပိုင်းလည်း ကောင်းပြီး Display ကတော့ ၁၄ လက်မ စခရင်မ်ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး ဘက်ထရီ သက်တမ်းကတော့ ၂၄ နာရီကြာ အသုံးခံပါတယ်။

Apple MacBook Pro

ဘက္ထရီ Laptop

Photo: Techradar

ဒီ Laptop လေးကတော့ အားလုံးကြိုက်နှစ်သက်ကြတဲ့ MacBook Pro ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်ထုတ် M1 Chip ကို အသုံးပြုထားတဲ့ လက်တော့တစ်လုံးဖြစ်တာကြောင့် မြန်ဆန်မှုနှုန်းကတော့ သြချရလောက်ပါတယ်။ အလေးချိန်ကတော့ ၃ ပေါင်ခန့်သာလေးပြီး  ဘက်ထရီသက်တမ်းကလည်း အကြာကြီးခံတာကြောင့် အချိန်အကြာကြီး မီးပျက်တဲ့ဒဏ်ကို ပူစရာမလိုပါဘူး။

HP Elite Folio

ဘက္ထရီ Laptopဘက္ထရီ Laptopဘက္ထရီ Laptop

ဒီ Laptop လေးကတော့ ၁.၅ လက်မ စခရင်မ်ရှိပြီး အလေးချိန်ကတော့ ၂.၉ ပေါင်သာ လေးပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၆၀၀ ကျော်ရှိပါတယ်။

best battery pc

Laptop ဒီဇိုင်းလိုလည်း သုံးနိုင်သလို Tablet ပုံစံလိုမျိုးလည်း အသုံးပြုနိုင်ပါတယ်။ သူ့မှာ Pen လည်း ပါတာကြောင့် အမိုက်စား အတွေ့အကြုံကို ခံစားရစေမှာပါ။

HP EliteBook x360 1040 G7

best battery pc

ဒီမော်ဒယ်ကတော့ ၂၀၂၀ ခုနှစ်၊ မေလ နှောင်းပိုင်းလောက်က ထွက်ရှိထားတဲ့မော်ဒယ်ဖြစ်ပါတယ်။ Processor ကတော့ Core i5 ဖြစ်ပြီး RAM ကလည်း 8GB တောင် ပါပါတယ်။ SSD ကတော့ 128GB ဖြစ်ပါတယ်။ သူ့ ဘက်ထရီ သက်တမ်းကတော့ ၂၉ နာရီကြာအသုံးခံပါတယ်။ သူ့မှာလည်း Pen ပါတာကြောင့် ပိုမိုမြန်ဆန်တဲ့ လှုပ်ရှားမှု ပြုလုပ်နိုင်ဖို့ရန်အတွက် ခိုင်းစေနိုင်မှာပဲဖြစ်ပါတယ်။

ကွီးတို့ရော ဘက်ထရီ သက်တမ်းရော အဘက်ဘက်ကပါ ပြည့်စုံကောင်းမွန်ပြီး အလုပ်လုပ်ရတာ စိတ်အေးချမ်းသာစွာနဲ့ ပရော်ဖက်ရှင်နယ်ကျကျ အလုပ်လုပ်နိုင်ဖို့အတွက် ဘယ်လို Laptopမျိုးကို ရွေးချယ်ဖြစ်မလဲ။

Source: Laptopmag

Featured Image: Abc