Honor ကနေ ဒီနေ့မှာ X50 GT လို့နာမည်ပေးထားတဲ့ စမတ်ဖုန်းသစ်တစ်လုံးကို မိတ်ဆက်ခဲ့ပါတယ်။ Honor X50 GT မှာ Snapdragon 8+ Gen 1 Chipset ကို မောင်းနှင်ထားပြီး ပေးရတဲ့ ဈေးနဲ့တန်တဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ကိုပေးမယ့် စမတ်ဖုန်းတွေ ထဲကတစ်လုံး ဖြစ်လာမယ်လို့ ကတိပြုထားပါတယ်။ Honor X50 GT ဟာ Honor X50 Pro နဲ့ ဆင်တူပေမယ့်လည်း RAM / Storage ပိုများပြီး ကျောဘက်မှာ အမိုက်စား Racing Stripe ဒီဇိုင်းကို ထည့်ပေးထားပါတယ်။

Honor X50 GT

Photo : GSMArena.com

X50 Pro ရော X50 GT ၂ ခုလုံးမှာ ၆.၇၈ လက်မ AMOLED မျက်နှာပြင် တပ်ဆင်ပေးထားပြီး 1220p Resolution နဲ့ 120 Hz Refresh Rate ထောက်ပံ့ပေးထားပါတယ်။ X50 GT မှာ 16 GB RAM နဲ့အတူ 56 GB ၊ 512 GB နဲ့ 1 TB Storage ဆိုပြီး Memory အတွဲအစပ်အသစ် ၃ မျိုး ပါဝင်ပါတယ်။

ကျောဘက်က ကြီးမားကျယ်ပြန့်တဲ့ Camera Island ထဲမှာ 108 MP Sensor ကင်မရာတစ်လုံးနဲ့အတူ Secondary Shooter ကိုတော့ 2MP Depth Sensor တွဲဖက်တပ်ဆင်ပေးပြီး Dual-LED Flash မီး ၂ လုံးပါရှိပါတယ်။ အရှေ့ဘက်မှာတော့ 8MP Sensor ဆယ်လ်ဖီကင်မရာကို တပ်ဆင်ပေးထားပါတယ်။

Honor X50 GT

Photo : Gizchina.com

X50 GT မှာ Vapor Chamber နဲ့ 5,100 sq. mm Cooling Area လုပ်ဆောင်ချက်တွေ ပါပါတယ်။ 35W Wired Charging စနစ်ထောက်ပံ့ပေးထားပြီး အရွယ်အစားကြီးမားတဲ့ 5,800 mAh ဘက်ထရီ အကိတ်ကြီးကို ထည့်ပေးထားပါတယ်။

ဆော့ဖ်ဝဲပိုင်းမှာ Android 13 အခြေပြု MagicOS 7.2 အသုံးပြုထားပြီး အခြား Features တွေအနေနဲ့ကတော့ Under-Display Fingerprint Scanner ၊ NFC ၊ ရေနဲ့ဖုန်ဒဏ်ကာ IP53 အဆင့်သတ်မှတ်ချက် တို့ပါရှိပါတယ်။ X50 GT မှာ 3.5 mm နားကြပ်ပေါက်တော့ မပါပါဘူး။

Honor X50 GT

Photo : GSMArena.com

Honor X50 GT အနက်ရောင်နဲ့ ငွေရောင်ဆိုပြီး ၂ မျိုးရွေးချယ်စရာ ပေးထားပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ ယွမ် ၁၉၉၉ ( ဒေါ်လာ ၂၈၀ ၊ ယူရို ၂၅၅ ) ကနေစတင်မှာဖြစ်ပြီး Storage အပေါ်မူတည်ပြီး ယွမ် ၂၇၉၉ ( ဒေါ်လာ ၃၉၀ ၊ ယူရို ၃၅၀ ) အထိ ဈေးရှိနိုင်ပါတယ်။

Featured Photo : MySmartPrice