vivo ကနေ ပြီးခဲ့တဲ့ မတ်လထဲမှာ Entry-Level Specs တွေနဲ့ ဒေါ်လာ ၁၀၀ ဝန်းကျင် ဘတ်ဂျတ်ဖုန်း Y03 ကို မိတ်ဆက်ခဲ့ပါတယ်။ ယခုအခါမှာတော့ အဆိုပါ Y03 စမတ်ဖုန်းကို Y03t အဖြစ် နာမည်ပြောင်းပြီး MediaTek Helio G85 အစား Unisoc T612 လို့ခေါ်တဲ့ Chipset အသစ်နဲ့ ဖိလစ်ပိုင်နိုင်ငံမှာ ပွဲဦးထွက် ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ vivo Y03 နဲ့ vivo Y03t စမတ်ဖုန်း ၂ ခုမှာ ကျန် Specs တွေကတော့ အားလုံးနီးပါး အတူတူပါပဲ။

vivo Y03t
Photo : GSMArena.com

vivo Y03t စမတ်ဖုန်းမှာ Y03 နဲ့ တူညီတဲ့ ၆.၅၆ လက်မ HD+ 90Hz မျက်နှာပြင်ကိုပဲ တပ်ဆင်ပေးထားပြီး ကျောဘက်မှာ 13MP Main ကင်မရာနဲ့အတူ QVGA (0.08MP) ကင်မရာ ၁ လုံး တွဲဖက် တပ်ဆင်ပေးထားပါတယ်။ အရှေ့ဘက်မှာတော့ f/2.2 (Wide) ပါတဲ့ 5 MP ဆယ်လ်ဖီ ကင်မရာ ၁ လုံး ပါဝင်ပါတယ်။ ဘက်ထရီအနေနဲ့တော့ 15W အားသွင်းစနစ် ပါတဲ့ 5000 mAh ဘက်ထရီကို တပ်ဆင်ပေးထားပါတယ်။

ဘတ်ဂျတ်ဖုန်း vivo Y03t ဟာ 4GB RAM နဲ့ 128 GB Storage အတွဲအစပ်နဲ့လာပြီး microSD Card Slot တစ်ခုလည်း ပါပါတယ်။ Software ပိုင်းမှာတော့ Android 14 အခြေပြု Funtouch OS 14 ကို အသုံးပြုထားပါတယ်။ အရောင်တွေ အနေနဲ့ကတော့ ရိုးရှင်းပြီး သေသပ်လှပတဲ့ Space Black နဲ့ Gem Green ဆိုပြီး အရောင် ၂ မျိုး ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

 vivo Y03t

Photo : GSMArena.com

vivo Y03t ရဲ့ ဈေးနှုန်းကတော့ ထင်မှတ်မထားလောက်အောင် သင့်တင့်သက်သာပြီး ဖိလစ်ပိုင် ပီဆို (PHP) ၄၃၉၉ ( ၇၈ ဒေါ်လာ) ဝန်းကျင်ခန့်သာ ကျသင့်မှာ ဖြစ်ပါတယ်။ Chipset အသစ်နဲ့ အသစ်တဖန် ပွဲထွက်လာတဲ့ vivo Y03t ဟာ ဘတ်ဂျတ်ဈေးတန်းထဲက ရွေးချယ်စရာ စမတ်ဖုန်းတစ်လုံး ဖြစ်လာဦးမှာပဲ ဖြစ်ပါတယ်။

Source : GSMArena.com

Feaured Photo : Ajleeblog