ပတ်ခတ်ရတဲ့ဂိမ်းတွေ ဝါသနာပါတဲ့ ဂိမ်းချစ်သူ ကွီးတို့အတွက် ဒီတစ်ခေါက်မှာတော့ ကိုယ့်ရဲ့ လက်ဖြောင့် စွမ်းရည်ကို စမ်းသပ်နိုင်မယ့် အမိုက်စား Sniper ဂိမ်းတွေ ပြောပြပေးချင်ပါတယ်။ ကွီးတို့ ဘယ်လောက်အထိ စိတ်ငြိမ်လဲ ၊ လက်ဖြောင့်လဲ ၊ ပစ်မှတ်ကို တိတိကျကျ ပစ်ခတ်နိုင်လဲဆိုတာ ဒီဂိမ်းလေးနဲ့အတူ စစ်ဆေးကြည့်လိုက်ပါဦး။

(၁) Lonewolf Sniper

Lonewolf Sniper

Photo : lonewolf.en.aptoide.com

Lonewolf Sniper က တော်တော်လေးကို Deep ဖြစ်တဲ့ Sniper ဂိမ်းတစ်ခုပါ။ Players တွေအနေနဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ပစ်ခတ်မှုတွေရဲ့အဓိက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ရမှာ ဖြစ်ပြီး ပတ်ခတ်မယ့် လူတွေရဲ့ အထောက်အထားတွေကိုလည်း အသေးစိတ် ရှာဖွေရပါမယ်။ ဂိမ်းအဆင့်လိုက် အမိုက်စား လက်နက်မျိုးစုံကို Unlock လုပ်သွားရမှာ ဖြစ်ပြီး Story Mode နဲ့ Missions တွေလည်း အများကြီး ပါပါတယ်။ Android အတွက် Sniper ဂိမ်းကောင်းကောင်းရှာနေတယ်ဆိုရင် Offline ပါ ဆော့လို့ရမယ့် Lonewolf Sniper ဂိမ်းကို စမ်းကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်။

(၂) Modern Sniper

Modern Sniper

Photo : Games.lol

Modern Sniper ဂိမ်းကတော့ လူသိများပြီးသား ဖြစ်တဲ့ Sniper ဂိမ်းတစ်ခု ဖြစ်ပါတယ်။ ဒီဂိမ်းမှာ အမိုက်စား Sniper တစ်ဦးနေရာကတေ ကစားရမှာ ဖြစ်ပြီး စိတ်ဝင်စားဖို့ ကောင်းတဲ့အမျိုးမျိုးသော Missions တွေနဲ့ ရန်သူတွေကို ချေမှုန်းပစ်ရမှာ ဖြစ်ပါတယ်။ ဂိမ်းဆိုဒ်က သေးပေမယ့် Graphics ပိုင်းကတော့ တော်တော်ကြီး လန်းတယ်လို့ ပြောရမှာပါ။ Crime Shooter Missions ပေါင်း ၅၀ ကျော်ပါဝင်ပြီး ကိုယ့်ရဲ့ လက်ဖြောင့် စွမ်းရည်ကို ရှယ်စမ်းသပ်နိုင်မှာ ဖြစ်ပါတယ်။ အချိန်အကန့်အသတ်တစ်ခုအတွင်း ရန်သူကို ပစ်ခတ်တိုက်ခိုက်ရမှာ ဖြစ်တာကြောင့် စိတ်ငြိမ်မှုနဲ့ ပစ်ခတ်နိုင်စွမ်းက အရေးကြီးဆုံး လိုအပ်ချက် ဖြစ်ပါတယ်။ ထူးခြားတဲ့ Maps ၆ ခုအထိ ပါဝင်ပြီး မတူညီတဲ့နေရာတွေ ၊ ကမ္ဘာပေါ်မှာ လက်ရှိအသုံးပြုနေတဲ့ လက်နက် ၇ မျိုးကို ကိုင်တွယ်ပစ်ခတ် ရမှာဖြစ်ပါတယ်။ Shooter ဂိမ်းကောင်းကောင်းကြိုက်တယ် Action-Packed Adventure ဂိမ်းမျိုး ဆော့ချင်တယ်ဆိုရင် Modern Sniper က သေချာပေါက် ဆော့ကြည့်သင့်တဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ်။

(၃) Last Hope Sniper: Zombie War

Last Hope Sniper: Zombie War

Photo : Wiki Game

Last Hope Sniper: Zombie War ကတော့ နာမည်ကြီး ဂိမ်းကုမ္ပဏီ Miniclip ကနေ ဖန်တီးလိုက်တဲ့ အမိုက်စား Sniper ဂိမ်းတစ်ခု ဖြစ်ပါတယ်။ ဒီဂိမ်းမှာ Offline Campaign Mode နဲ့ Multiplayer ဆော့ကစားနိုင်မယ့် PVP တိုက်ပွဲတွေလည်း ပါပါတယ်။ လက်နက်တွေလည်း တော်တော်စုံစုံပါဝင်ပြီး Sniper ရိုင်ဖယ်တွေအပြင် Machine Guns ၊ Shotguns နဲ့ Pistols လက်နက်တွေကိုလည်း တစ်ပြိုင်နက် အသုံးပြုပစ်ခတ်နိုင်မှာပါ။ ဒီလက်နက်တွေကို အသုံးပြုပြီး Missions ပေါင်း ၄၀၀ ကျော်ကို ပြီးမြောက်အောင် ကစားရမှာ ဖြစ်ပါတယ်။
Graphics လဲ မဆိုးလှတဲ့ အနေအထားမှာ ရှိပြီး လက်နက်မျိုးစုံနဲ့ ကိုယ့်ရဲ့ လက်ဖြောင့် စွမ်းရည်ကို သေချာစမ်းသပ်နိုင်မှာ ဖြစ်ပါတယ်။ Last Hope Sniper: Zombie War ဂိမ်းကို Android ရော iOS မှာပါ ဆော့ကစားနိုင်ပါတယ်။

Featured Photo : Vocal Media