ဘဝ မှာ အသက်ရှင် ရပ်တည် နေထိုင်ဖို့ရန်အတွက် တတ်မြောက်ထားသင့်တဲ့ စကေး များရှိပါတယ်။ စာပိုင်းပဲ သိထားရုံနဲ့ မရပါဘူး။ လက်တွေ့အသုံးချတတ်ဖို့လည်း လိုအပ်ပါတယ်။ ဒါမှသာလျှင် အရေးရယ် အကြောင်းရယ်ဆို ကိုယ့်အားကိုယ်ကိုးပြီး ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

ကိုယ်က တစ်ခုခုကို မလုပ်တတ်ဘူးဆိုရင် “ဒါလေးတောင် မလုပ်တတ်ဘူးလား” ဆိုပြီး သူများတွေက အထင်အမြင် သေးသွားတတ်ပါတယ်။ ကိုယ့်ကို အခြားသူတွေ အထင်မြင် မသေးဖို့နဲ့ ကိုယ့်အားကိုယ်ကိုးနိုင်ဖို့အတွက်  ဘဝ အတွက် တတ်မြောက်ထားသင့်တဲ့ စကေး တွေကတော့…

နည်းမှန် လမ်းမှန်နဲ့ သံရိုက်တတ်ရမယ်

ဘဝ စကေး

Photo: The Spruce

သံရိုက်တာပဲ ဘာခက်တာမှတ်လို့ ဆိုပြီး ကွီးတို့ ပြန်ပြောပါလိမ့်မယ်။ ဟုတ်ပါတယ်။ တချို့လူတွေအတွက်တော့ သံရိုက်တာက ထမင်းစား ရေသောက်လို လွယ်ကူပေမယ့် အချို့ကတော့ စနစ်ကျအောင် မရိုက်တတ်ကြပါဘူး။ ထိုကဲ့သို့သောသူတွေအနေနဲ့ အရင်ဦးဆုံး သံကို ရိုက်မယ့်နေရာမှာ ခပ်စောင်းစောင်းလေး ထောင်ထားဖို့ လိုအပ်ပါတယ်။ ထို့နောက် တူရဲ့ အလယ်တည့်တည့်ကနေ သံကို အလိုက်သင့်လေး ဟန်ချက်ညီညီနဲ့ ရိုက်ရမှာပဲ ဖြစ်ပါတယ်။ ဒါမှသာ သံက ကွေးသွား ကောက်သွားခြင်းမရှိဘဲ လိုရာအတိုင်း တစ်ပြိုင်နက်တည်း ဝင်ရောက်သွားမှာပဲဖြစ်ပါတယ်။

ရေပိုက်တွေ ပိတ်ဆို့နေရင် ဘယ်လိုလုပ်မလဲ

ဘဝ စကေး

Photo: HomeServe

အကောင်းဆုံး နည်းလမ်းကတော့ ရေနွေးပူ အသုံးပြုခြင်းပါပဲ။ ရေပိတ်မှာ ပိတ်ဆို့နေတတ်တဲ့ အချို့သော အဆီခဲတွေကို ရေနွေးနဲ့ ဖျောချလိုက်မယ်ဆိုရင် ရေပိုက် ပိတ်နေတာမျိုး ရှိတော့မှာ မဟုတ်ပါဘူး။ ဒီလိုမှမဟုတ်ဘဲနဲ့ ရေနွေးနဲ့လည်း မရတော့ဘူးဆိုရင်တော့ စုပ်ခွက်ကို အသုံးပြုကာ စုပ်ထုတ်ပေးရမှာပဲ ဖြစ်ပါတယ်။

ရေပိုက်မှာ ရေတွေ တစိမ့်စိမ့်ကျနေတာကို ဘယ်လိုမျိုး ပြင်ဆင်မလဲ

water tap

Source: B&Q

အရင်ဦးဆုံး ဘေစင်အောက်က အဓိက ရေပိုက်ခေါင်းကို စစ်ကြည့်ပါ။ ဘေစင်အောက်နားက ပိုက်ခေါင်းမှာ ဝက်အူလှည့်တံလေးနဲ့ အရင်ဆုံး ကြပ်ပေးလိုက်ပါ။ ဘေစင်အောက်မှာ ပိုက်မရှိဘူးဆိုရင်တော့ နောက်တစ်နည်းကို အသုံးပြုရမှာပဲ ဖြစ်ပါတယ်။​ နောက်တစ်နည်းကတော့ ဘေစင်က ရေပိုက်ခေါင်းကို ဖွင့်လိုက်ပါ။ ထို့နောက် အထဲက ရေပိုက်ခေါင်းကို သေချာလှည့်ပြီး ကြပ်ပေးလိုက်ရပါမယ်။ ထို့နောက် ရေပိုက်ခေါင်း ပြန်တပ်ကား စမ်းကြည့်လိုက်ပါ။

လက်သမားစကေး

ဘဝ စကေး

လက်သမားအလုပ်လုပ်စားမှ ဒီပညာကို တတ်ရမယ်လို့ မထင်လိုက်ပါနဲ့။ ကွီးတို့ရဲ့ အိမ်မှာ ဘာဘာညာညာ ပြင်ဆင်မယ်၊ ဖန်တီးချင်တယ်ဆိုရင်လည်း ဒီစကေးက တတ်မြောက်ထားသင့်တဲ့ စကေးတစ်ခုပဲ ဖြစ်ပါတယ်။ ကွီးတို့အိမ်မှာ ဖိနပ်စင်ပဲ ဆောက်ချင်သလား၊ စာအုပ်စင်ပဲ ဆောက်ချင်သလား၊ ကိုယ့် စိတ်ကြိုက် ဖန်တီးချင်တယ်ဆိုရင်တော့ ဒီပညာရပ်က မရှိမဖြစ် တတ်မြောက်ထားသင့်ပါတယ်။ ဘာမှ အထူးတလည် လုပ်စရာမလိုပါဘူး။ အိမ်ဆောက်ပစ္စည်း နည်းနည်းပါးပါးရှိတာနဲ့တင် ပြုလုပ်နိုင်ပါတယ်။

ကိုယ့်အိမ်ကိုယ် ဆေးသုတ်မယ်

ဆေးသုတ်မယ်

Photo: Hiconsumption

ကိုယ့်အိမ်နံရံကို ဆေးသုတ်ဖို့ဆိုရင် စိတ်ရှည်လက်ရှည်နဲ့ ဆေးသုတ်တတ်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ အရောင်တွေက ညီညီညာညာနဲ့ လှပစွာ ထွက်ရှိလာမှာဖြစ်ပါတယ်။ ဆေးသုတ်တော့မယ်ဆိုရင် ကြမ်းခင်းတွေ မညစ်ပတ်သွားအောင်လို့ အရင်ဦးဆုံး သတင်းစာ စက္ကူများနဲ့ ခင်းထားလိုက်ပါ။ ပြီးရင်တော့ ဆေးအရောင်များကို သေသေချာချာ စပ်ပြီးတော့ ဒလှိမ့်တုံးဖြင့် သေချာစွာ သုတ်ပေးလိုက်ပါ။

ကွီးတို့ရော ဘဝ အတွက် ဘယ်လိုမျိုး စကေး တွေကို တတ်မြောက်ထားပါသလဲ။

Featured Image: Freepik