ဘဝဆိုတာ တကယ်တော့ တိုးတောင်းလွန်းပါတယ်။ ဒီလိုတိုတောင်းလှအချိန်ခဏအတွင်းမှာ ပျော်ရွှင်စွာမနေထိုင်နိုင်ရင် လူဖြစ်ရကျိုးနပ်မှာမဟုတ်ပါဘူး။ဒါကြောင့် သင့်ဘဝရဲ့ ပျော်ရွှင်မှုတွေကို ဖျက်စီးနေတဲ့အရာတွေကို စွန့်လွှတ်ဖို့လိုအပ်ပါတယ်။

(၁) အဆိပ်ရှိတဲ့ ပတ်ဝန်းကျင်

Source : Church Leaders

လူရယ်လို့ဖြစ်လာရင် လူ့ဘောင်လူ့ပတ်ဝန်းကျင်မှာရှင်သန်ရတာ သဘာဝပါပဲ။သို့သော် ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်က ကိုယ်အတွက်အဆိပ်အတောက်ဖြစ်နေစေလားဆိုတာတော့ တစ်ချက်ပြန်ပြီးလေ့လာသင့်ပါတယ်။ ကိုယ်ကိုအမြဲဒုက္ခပေးနေတဲ့သူတွေ ချစ်သူပဲဖြစ်ဖြစ် မိတ်ဆွေအပေါင်းအသင်းတွေပဲဖြစ်ဖြစ် ဒီလိုအဆိပ်လိုဖြစ်နေတဲ့လူတွေကို ကိုယ့်ဘဝထဲကထုတ်လိုက်သင့်ပါတယ်။

(၂) အတိတ်က ဖြစ်ရပ်များ

Source : 123RF.com

ဖြတ်သန်းခဲ့ရတဲ့အတိတ်ကာလတွေမှာကောင်းတဲ့အရာတွေရှိသလို မကောင်းတဲ့အတိတ်တွေလည်းရှိခဲ့မှာပါ။ လူတွေကတစ်ခါတစ်လေမှာ အတိတ်ကအဖြစ်အပျက်တွေ စိတ်ပျက်စရာကိစ္စတွေ အမှားတွေကိုထပ်ခါထပ်ခါ ပြန်တွေးပြီး လက်ရှိဘဝရဲ ပျော်ရွှင်မှုတွေကို ဖျက်ဆီးနေမိတက်ပါတယ်။ဒါကြောင့် အတိတ်ကို အတိတ်မှာဘဲထားခဲ့ပြီး လက်ရှိဘဝနဲ့ အနာဂတ်ကိုသာအကောင်းဆုံးဖြတ်သန်းမယ်ဆိုရင် ပျော်ရွှင်ရမှာပါ။

(၃) ကိုယ့်ကိုယ်ကို မသိမြင်ခြင်း

Source : 123RF.com

လူတိုင်းကတော့ ကိုယ်ထက်သာတဲ့သူတွေ့ရင်အားကျမိတာသဘာဝပါပဲ။ ဒါပေမယ့်လည်း တခြားသူတွေနဲ့ နှိုင်းယှဉ်ပြီး ကိုယ့်ကိုယ်ကို သူတို့လောက်မှ မတော်ဘူး သူတို့လောက် မဖြစ်မြောက်ဘူးတွေးနေရင် စိတ်ဓာတ်ကျခြင်းနှင့်ကျရှုံးခြင်းတွေသာ ရရှိမှာပါ။တကယ်တော့လူတိုင်းမှာ ကိုယ်ပိုင်အစွမ်းအစတွေရှိပါတယ်။ကိုယ်ရဲ့ အရည်းအချင်းကို ကိုယ်တိုင်သိမြင်ပြီး ကိုယ်ကိုယ်ပိုင်ဆိုင်တဲ့အရာတွေကို တန်ဖိုးထားမယ်ဆိုရင် ဘဝကကျေနပ်ဖို့ကောင်းနေမှာပါ။

(၄) အဆိုးမြင်တက်တဲ့စိတ်

Source : Creative Market

အဆိုးမြင်တဲ့စိတ်က ဘာကောင်းကျိုးမှမပေးနိုင်တာသေချာပါတယ်။ ဖြစ်ပျက်လာတဲ့အရာတွေအပေါ် အဆိုးဘက်ကမြင်ပြီး အားမလိုအားမရ ဒေါသမောဟတွေဖြစ်နေရင် ပျော်ရွှင်မှုဆိုတာပျောက်ဆုံးသွားမှာဖြစ်ပါတယ်။ဘဝမှာတကယ်ပဲ အဆိုးတွေကြုံလာပါစေအုန်း အဆိုးထဲကအကောင်းကိုရှာပြီး ကိုယ့်ရဲ့ စိတ်သက်သာမှုကိုရယူရမှာဖြစ်ပါတယ်။ဒါကြောင့် ဘဝမှာပျော်ချင်ရင်အဆိုးမြင်စိတ်တွေလျော့ပါ။