အာဆင်နယ် နောက်ခံကစားသမား ဂါဘရီယယ်လ် မာဂယ်ဟေးစ်က ဘာစီလိုနာ အသင်းဆီကနေ စိတ်ဝင်စားခြင်းခံနေရချိန်မှာ မြောက်လန်ဒန်က ၎င်းရဲ့ အိမ်လိုမျိုး ခံစားရတယ်လို့ ပြောကြားခဲ့ပါတယ်။

Gabriel Magalhaes Celebrated

Photo: talkSPORT

ယခုအပတ်အစောပိုင်းတုန်းက စပိန်သတင်းဌာန SPORT က ဘာစီလိုနာ အသင်းဟာ အသက် ၂၄ နှစ်အရွယ် အာဆင်နယ် နောက်ခံကစားသမားကို စိတ်ဝင်စားနေတယ်လို့ ဖော်ပြခဲ့တာဖြစ်ပြီး ကတ်တလန်ထိပ်သီးအသင်းကြီးဟာ ယခုလာမယ့်နွေရာသီမှာ ဘယ်သန် ဗဟိုနောက်ခံကစားသမား ခေါ်ယူဖို့ ရှာဖွေနေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မြောက်လန်ဒန်ကလပ်အသင်းသားဟာ ၎င်းတို့ရဲ့ ဗဟိုနောက်ခံလူအတွက် ဘယ်လိုကမ်းလှမ်းမှုမျိုးကိုမှ နားထောင်သွားမှာမဟုတ်ဘူးလို့ football.london က ဖော်ပြခဲ့တာဖြစ်ပါတယ်။

၂၀၂၀ မှာ လိုင်လီအသင်းကနေ အာဆင်နယ် ကို ပေါင် ၂၇ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဂါဘရီယယ်လ် က အာတီတာရဲ့အသင်းမှာ တစ်စိတ်တပိုင်းအနေနဲ့ ပါဝင်ကစားခွင့်ရတာ အရမ်းကောင်းမွန်ပြီး မြောက်လန်ဒန်မှာ အရမ်းပျော်ရွှင်နေတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Gabriel action against Tottenham Hotspurs

Photo: Sky Sports

“ကျွန်တော့်ရဲ့ ပထမဆုံးရာသီမှာ အများကြီး လေ့လာသင်ယူခဲ့ရတာ သေချာပါတယ်။ ဒီမှာ တကယ်ကို စိန်ခေါ်မှုတွေ ရှိနေခဲ့ပြီး ကျွန်တော်က နေ့တိုင်း ပိုပိုပြီး အထိုင်ကျလာခဲ့ပါတယ်။ ကျွန်တော် တစ်ပွဲပြီးသွားတိုင်း ပိုပြီးတော့ ကောင်းလာတယ်လို့ ခံစားရပါတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့အားလုံးက ပွဲတိုင်းတော့ ပြီးပြည့်စုံနိုင်မှာမဟုတ်ဘူးဆိုတာ သိခဲ့တယ်။ ကျွန်တော်တို့ အမှားတွေ လုပ်မိတယ်”

“ဒါပေမယ့် ကျွန်တော် ကောင်းမွန်နေတယ်လို့ ခံစားရတယ်။ အာဆင်နယ်မှာ ရှိနေရတာ အိမ်မှာ ရှိနေသလို ခံစားရတယ်။ ဒီလူစာရင်းမှာ တစ်စိတ်တပိုင်းအဖြစ် ပါဝင်ကစားခွင့်ရတာ အရမ်းကောင်းပြီး အတူတူသာဆိုရင် ကျွန်တော်တို့ အောင်မြင်မှုတွေ အများကြီး ရရှိနိုင်တယ်ဆိုတာ သေချာပါတယ်။ ကျွန်တော် ဒီမှာ အရမ်းပျော်ရွှင်နေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Featured Photo: Metro