ဘာလာလာ ဒေါင်း နေတဲ့ ကွီးတို့က ကိုယ့်ရဲ့ ကျန်းမာရေးအတွက် စည်းကမ်းတစ်ခု သေသေချာချာ သတ်မှတ်ထားဖို့ လိုအပ်ပါတယ်။ ဒီလိုမျိုး စည်းစနစ် ကန့်သတ်ထားမှသာလျှင် ဘေးဒုက္ခ မရောက်ရမှာပါ။ နို့မဟုတ်ရင်တော့ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများက ကွီးတို့ရဲ့ ခန္ဓာကိုယ်ထဲသို့ အစည်းအတားမရှိ ဝင်ရောက်လာမှာပဲ ဖြစ်ပါတယ်။
ဒါ့ကြောင့် ဘာလာလာ ဒေါင်း နေတဲ့ ကွီးတို့ ဘေးဒုက္ခ မကြုံရလေအောင် အခုဖော်ပြပေးမယ့် နည်းလမ်းများနဲ့ ကိုယ့်ကိုယ်ကိုယ် ကြိုတင်ကာကွယ်နိုင်ပါတယ်။
ကာကွယ်ဆေးထိုးပါ
အသည်းရောင် အသားဝါ ဘီပိုး၊ HPV အစရှိတဲ့ ရောဂါများအတွက် ကာကွယ်ဆေး ထိုးထားခြင်းက စိတ်ချရပါတယ်။ ကာကွယ်ဆေး ထိုးထားမယ်ဆိုရင် ထိုရောဂါများ ဝင်ရောက်မလာအောင် တားဆီးပေးထားပြီးသားဖြစ်ပါတယ်။ ဒါပေမဲ့ ကာကွယ်ဆေး မရှိသေးတဲ့ ရောဂါများလည်း ရှိသေးတဲ့အတွက်ကြောင့် ကွီးတို့အနေနဲ့ ကာကွယ်ဆေးတစ်ခုတည်းကိုပဲ အားကိုးနေလို့ မရသေးပါဘူး။ အခုဖော်ပြပေးမယ့် အချက်များကိုလည်း ဆက်လက် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။
ဘာလာလာ ဒေါင်း နေပေမယ့် စည်းကမ်း သတ်မှတ်ထားပါ
အကောင်းဆုံးကတော့ တစ်ယောက်ကို တစ်ယောက်တည်း ပုံသေပါတနာ တစ်ယောက်တည်းနဲ့ လိင်ဆက်ဆံတာက အကောင်းဆုံးပါပဲ။ သို့သော် တစ်ယောက်ထက် ပိုတဲ့ ပါတနာတွေ ရှိလာတဲ့အခါ ကိုယ့်ရဲ့ ကျန်းမာရေးအတွက် စည်းကမ်း သတ်မှတ်ထားဖို့ လိုအပ်ပါတယ်။ ကွီးတို့ ပါတနာတွေကလည်း ကွီးတို့ တစ်ယောက်ထက်ပိုတဲ့ အခြားပါတနာများ ရှိတဲ့အခါ ရောဂါ ကူးစက်နိုင်ခြေက ပိုမိုမြင့်မားပါတယ်။ ဒါ့ကြောင့် မဖြစ်မနေ ပြုလုပ်ရမယ့် အချက်တစ်ခုရှိပါတယ်။
ထိုအချက်ကတော့…
ကွန်ဒုံး အသုံးပြုပါ
ဟုတ်ပါတယ်။ ကွန်ဒုံးက လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများ အန္တရာယ်မှ ကာကွယ်ပေးနိုင်ပါတယ်။ ကွန်ဒုံးကို နည်းမှန် လမ်းမှန် အသုံးပြုမယ်ဆိုရင် ကာလသားရောဂါ၊ HIV ၊ အသည်းရောင် အသားဝါနှင့် လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများမှ ကာကွယ်ပေးနိုင်ပါတယ်။ ကွန်ဒုံးကို နည်းစနစ် မှန်ကန်စွာ အသုံးပြုတတ်ဖို့လည်း လိုအပ်ပါတယ်။ ကွန်ဒုံးကို ဘယ်လိုမျိုး အသုံးပြုသင့်သလဲဆိုတာကို သေချာသိချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးမှာ လေ့လာဖတ်ရှုနိုင်ပါတယ်။
ပုံမှန် ဆေးစစ်ပါ
ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ ကျန်းမာရေး အခြေအနေကို ခရေစေ့ တွင်းကျ သိထားမယ်ဆိုရင် ကိုယ်ကနေတဆင့် အခြားသူတွေဆီသို့ ရောဂါပိုး ကူးစက်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ ခြေတစ်လှမ်း မှားသွားတာနဲ့ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေက အဆီးအတားမဲ့စွာ ဝင်ရောက်လာနိုင်တဲ့အတွက်ကြောင့် ကွီးတို့အနေနဲ့ စားတာလည်း စား၊ ကိုယ့် ကျန်းမာရေးအတွက်လည်း ဂရုစိုက်ဖို့ လိုအပ်ပါတယ်။
အချို့ရောဂါများကတော့ ကုသလို့ ပျောက်ပေမယ့် အချို့ရောဂါများကတော့ ရေရှည် ဆေးသောက်ဖို့ လိုအပ်တာကြောင့် မတော်တဆ ရောဂါ စစ်ဆေး တွေ့ရှိခဲ့ရင်တောင်မှ စိတ်ဓာတ် မကျဖို့ လိုအပ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် သံသယ ကင်းကင်းနဲ့ ကျန်းမာစွာ နေထိုင်ချင်တယ်ဆိုရင်တော့ ကာကွယ်မှုတွေကို တတ်နိုင်သမျှ ပြုလုပ်ပါ။ ကျန်းမာရေး စစ်ဆေးမှုကိုလည်း ပုံမှန် ခံယူပါ။
ကွီးတို့ရော မူစကူ ဒူးတဲ့အခါ ကျန်းမာရေး မထိခိုက်အောင်၊ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက် မလာအောင် ဘယ်လိုမျိုး မူစကူ ဒူးကြသလဲဆိုတာကို ကျန်တဲ့ ညိုကီတွေအတွက်လည်း ဝေမျှခဲ့ပါဦး။
Source: Cdc.gov
Featured Image: Freepik