အကြောင်းအမျိုးမျိုးကြောင့် စိတ်ဖိစီးစရာတွေကို ကော့တေးလ် တစ်ခွက်တည်းနဲ့ ဖြေဖျောက်ချင်ပါသလား။ ဒါဆိုရင်တော့ ဘီယာ နှင့် ရမ်တို့ကို အသုံးပြုကာ ကျိုချက်ထားတဲ့ ကော့တေးလ် Recipe လေးကိုသာ သတိရလိုက်ပါ။
ကွီးတို့ရဲ့ စိတ်ညစ်စရာများကို ဖြေဖျောက်ပေးမယ့် ဘီယာ ကော့တေးလ် တစ်ခွက် ပြုလုပ်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ပါဝင်ပစ္စည်း (၅) မျိုးကို လိုအပ်မှာပဲဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ

- သကြားအချော စားပွဲတင်ဇွန်း ၁၆ ဇွန်း
- ရေ စားပွဲတင်ဇွန်း ၈ ဇွန်း
- လတ်လတ်ဆတ်ဆတ် ညှစ်ထားသော သံပုရာရည် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
- Ginger ဘီယာ စားပွဲတင်ဇွန်း ၄ ဇွန်း
- Dark ရမ် စားပွဲတင်ဇွန်း ၄ ဇွန်း
ပြုလုပ်နည်း အဆင့်ဆင့်

၁။ သကြားအချောနှင့် ရေတို့ကို အဆင်သင့်ပြင်ထားလိုက်ပါ။

၂။ ထို့နောက် အိုးတစ်လုံးကို အလယ်အလတ် မီးအပူချိန်ဖြင့် အပူပေးပြီးနောက် သကြားနှင့် ရေတို့ကို ထည့်ကာ အပူပေးလိုက်ပါ။ သကြားများ ပျော်ဝင်သွားသည်အထိ အဆက်မပြတ်မွှေပေးဖို့လည်း လိုအပ်ပါတယ်။

၃။ ရရှိလာတဲ့ သကြားဖျော်ရည်ကို ဖန်ပုလင်းထဲထည့်ပြီး ရေခဲသတ္တာထဲတွင် ၁၅ မိနစ်ခန့် အအေးခံထားလိုက်ပါ။ သတ်မှတ်ချိန်ပြည့်အောင် အအေးခံထားပြီးတဲ့နောက်မှာတော့ သကြားဖျော်ရည်ကို ချက်ချင်းအသုံးပြုလို့လည်း ရသလို ဖန်ပုလင်းထဲမှာ လုံအောင်ပိတ်ပြီး သိုလှောင်ထားပါက ရက်သတ္တပတ် ၂ ပတ် ကြာသည်အထိ အသုံးပြုလုပ်နိုင်ပါတယ်။

၄။ ထို့နောက် ကော့တေးဖန်ခွက်ထဲသို့ သကြားရည် စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ တစ်ဆက်တည်းမှာပဲ သံပုရာရည်နှင့် Ginger ဘီယာတို့ထည့်ကာ ၁၀ စက္ကန့်ခန့် သမအောင် မွှေပေးလိုက်ပါ။

၅။ ထို့နောက် ဖန်ခွက်ထဲသို့ ရေခဲတုံးများထည့်ပါ။ Dark ရမ်ကို အပေါ်ကနေ လောင်းထည့်လိုက်ပါ။
၆။ နောက်ဆုံးအဆင့်အနေနဲ့ သံပုရာသီးစိပ်လေးဖြင့် မိမိစိတ်ကြိုက်အလှဆင်နိုင်ပါတယ်။

ဒါဆိုရင်တော့ ကွီးတို့အားလုံး ကြိုက်နှစ်သက်ကြမယ့် ဘီယာ နှင့် ရမ်တို့ကို အဓိကထားကာဖျော်စပ်ထားတဲ့ ကော့တေးလ် တစ်ခွက် ရရှိသွားပြီပဲဖြစ်ပါတယ်။
Source: Thespruceeats
Featured Image: Booznow
