ဘီယာချစ်သူ ကွီးတို့ရဲ့အိမ်မှာ ဘီယာဗူးခွံ အလွတ်တွေ တစ်ပုံကြီး ရှိနေမယ်ဆိုတာ စိတ်မှန်းနဲ့တင် ပြောရဲပါတယ်။ ကွီးတို့ရဲ့ ဘီယာ ဗူးခွံ အလွတ်တွေကို မလွှင့်ပစ်ဘဲနဲ့ ကိုယ့်ရဲ့ အိမ်အတွက် အလှဆင်ကာ ပစ္စည်းအသစ်တစ်မျိုး မ ဖန်တီး ချင်ဘူးလား။
ဘီယာ ဗူးခွံ အလွတ်တွေနဲ့ အခုလိုမျိုး ဖန်တီး လိုက်မယ်ဆိုရင် ပိုက်ဆံလည်း အကုန်သက်သာပြီး ကွီးတို့ အိမ်လည်း လှပသွားမှာ အသေအချာပါပဲ။
(၁) ဘီယာနဲ့ အလှဆင်ထားတဲ့ ဘီယာ မီးဆိုင်းကြီး
ဘီယာဗူးခွံနဲ့ ပြုလုပ်ထားတဲ့ မီးဆိုင်းကြီး ပြုလုပ်ချင်တယ်ဆိုရင်တော့ လွယ်လွယ်လေးပါပဲ။ ဘီယာဗူးခွံ အလွတ်တွေကို ကွီးတို့ စိတ်ကြိုက် ပုံသဏ္ဍာန် ရစ်ပတ်ထားလိုက်ပါ။ စက်ဝိုင်းပုံကြိက်ရင် စက်ဝိုင်းပုံ ဖန်တီးပါ။ လေးထောင့်ဆန်ဆန် ကြိုက်ရင် လေးထောင့်ဆန်ဆန် ပုံစံမျိုး ဖန်တီးလိုက်ပါ။ အားလုံး ပြီးသွားရင်တော့ မီးလုံးလေးကို ဖန်ပုလင်း အလွတ်ထဲ ထည့်လိုက်ပါ။ ပြီးရင်တော့ ထိုဖန်ပုလင်းကို ဘီယာဗူးခွံရဲ့ အလယ်တည့်တည့်မှာ ထားထားလိုက်ပါ။ ပြီးရင်တော့ ကွီးတို့ ဧည့်ခန်း အလယ်တည့်တည့်မှာ ချိတ်ဆွဲထားနိုင်ပါပြီ။
(၂) ဖယောင်းတိုင် ထည့်ရင်း အလှဆင်မယ်
ဒါကတော့ မီး ခဏ ခဏ လာတတ်တဲ့ ညအချိန်မျိုးမှာဆိုရင်တော့ တကယ့်ကို အသုံးတည့်မယ့် ဘီယာဗူးခွံလေးပါပဲ။ ဖယောင်းတိုင်လေးကို ဘီယာ ဗူးခွံထဲ ထည့်ထားလိုက်ရုံပါပဲ။
ဒါမျိုးကိုတော့ မီးမလာတဲ့အချိန်တွေမှာ အသုံးပြုနိုင်သလို ရိုမန့်တစ် ဆန်ဆန် ညစာမျိုး စားချင်တယ်ဆိုရင်တော့ လျှပ်စစ်မီးတွေ ပိတ်ထားပြီး ဒါလေး ထွန်းထားနိုင်ပါတယ်။
(၃) ဘီယာ ဗူးခွံ အသုံးပြုပြီး ငှက်လှောင်အိမ် ဖန်တီး မယ်
ချစ်စရာကောင်းတဲ့ ငှက်လှောင်အိမ်လေးကိုလည်း ကွီးတို့ ဘီယာ ဗူးခွံအလွတ်နဲ့ အလှဆင်နိုင်ပါတယ်။ တစ်ခု သတိထားရမှာကတော့ ရှနိုင်တဲ့ နေရာတွေကို သေချာလေး ချိုးထည့်ထားဖို့ လိုအပ်ပါလိမ့်မယ်။ နို့မဟုတ်ရင်တော့ လာအသိုက်ဆောက်မယ့် ငှက်ကလေးတွေ ဒဏ်ရာ ရသွားနိုင်ပါတယ်။
(၄) ဘောပင် ထည့်တဲ့ခွက်အဖြစ် ပြောင်းလဲပစ်မယ်
ဘောပင် ထည့်တဲ့ ခွက်ကို ဘာ့ကြောင့် ပိုက်ဆံ အကုန်ခံပြီး ဝယ်နေတော့မှာလဲ။ ဘီယာ ဗူးခွံ အလွတ်များကို အသုံးပြုပြီး ဖန်တီးနိုင်ပါတယ်။ ဒါဆိုရင်တော့ ပတ်ဝန်းကျင်အတွက်လည်း အပိုပစ္စည်းတွေ မဖြစ်တော့ဘူး။ ကွီးတို့ အိမ်အတွက်လည်း အလှဆင်ပြီးသား ဖြစ်သွားပါလိမ့်မယ်။
(၅) လေတိုက်တိုင်းမှာ တေးသံသာ နားဆင်ချင်တယ်ဆိုရင် ဒီလိုလုပ်ကြမယ်
လေတိုက်လိုက်တိုင်းမှာ တေးသံသာလေးတွေ နားဆင်ချင်ပါသလား။ ဘီယာဗူးခွံ အလွတ်တွေ အသုံးပြုပြီး ဖန်တီးနိုင်ပါတယ်။ အရင်ဦးဆုံး ဘီယာဗူးခွံအလွတ်များကို ပါကင်ပေကာ ပြောင်ပြောင်လက်လက်များဖြင့် ရစ်ပတ်ကာ အလှဆင်ထားလိုက်ပါ။ ပြီးရင်တော့ ဘီယာဗူးခွံကို ချိတ်ဆွဲဖြင့် ကြိုးအလှ တစ်ချောင်းရှာပြီး ဘီယာဗူးခွံဖြင့် ချိတ်ပေးလိုက်ပါ။ ပြီးရင်တော့ ပြတင်းတံခါးဝ (သို့) တံခါးဝတည့်တည့်မှာ ချိတ်ဆွဲကာ အလှဆင်ထားနိုင်ပါတယ်။ ဒါဆိုရင်တော့ လေတိုက်တဲ့အချိန်မှာ တေးသံသာလေးကို နားဆင်နိုင်ပါပြီ။
ကွီးတို့ရော ကွီးတို့ရဲ့ ဘီယာဗူးခွံအလွတ်တွေကို ရောင်းစားပစ်တာမျိုး မဟုတ်ဘဲ အကျိုးရှိအောင် ဘယ်လိုမျိုး အသုံးချလေ့ ရှိပါသလဲ။
Source : Thebeerexchange.io
Featured Photo : Reddit