ကွီးတို့ရဲ့ဘော်ဒါတွေထဲမှာ ဘီယာ ကို နှစ်နှစ်ခြိုက်ခြိုက် သောက်သုံးကြသူတွေ ရှိကြမှာပါပဲ။ ဘီယာ အသည်းစွဲ ကွီးတို့အတွက် လက်ဆောင် ပစ္စည်း အကောင်းစားလေးတွေ ပေးချင်ပေမယ့် ဘယ်လိုပစ္စည်းများကို ရွေးချယ်ပေးရမယ်မှန်းမသိဘူးဖြစ်နေတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အမျိုးအစားများကို လေ့လာကြည့်နိုင်ပါတယ်။

ဘီယာအအေးခံကျောက်

ဘီယာ လက်ဆောင်

နံပါတ် (၁) အနေနဲ့ ရွေးချယ်ပေးချင်တဲ့ပစ္စည်းလေးကတော့ ဘီယာပုလင်းတွေကို အအေးခံပေးနိုင်တဲ့ ကျောက်ပြားလေးတွေပဲဖြစ်ပါတယ်။ သူ့ရဲ့အားသာချက်လေးကတော့ ကျောက်ဒီဇိုင်းများကလည်း ရိုးရိုးရှင်းရှင်းနဲ့ လှပခံ့ညားနေခြင်းပဲဖြစ်ပါတယ်။ ဘီယာပုလင်းများကိုလည်း အေးစက်နေအောင် ဖန်တီးပေးထားနိုင်တဲ့အတွက်ကြောင့် လက်ဆောင် ပေးလို့ကောင်းတဲ့ ပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။

Thanos လက်အိတ် ဘီယာ အဖုံးဖွင့်စက်

ဘီယာ လက်ဆောင်

ကွီးတို့ရဲ့ဘော်ဒါက Marvel ပရိသတ်တစ်ယောက်လည်း ဖြစ်တယ် ဘီယာ သောက်ရတာလည်း ကြိုက်နှစ်သက်တယ်ဆိုရင်တော့ ဒီ Thanos လက်အိတ် ဘီယာ အဖုံးဖွင့်စက်ကို လက်ဆောင် အဖြစ်ပေးနိုင်ပါတယ်။ သူ့ရဲ့တန်ဖိုးကတော့ ဒေါ်လာ ၂၆ ဒေါ်လာ ပေးချေရမှာပဲဖြစ်ပါတယ်။ ပစ္စည်းက တန်ပြီး ဒီဇိုင်းကလည်း ဆန်းတဲ့အတွက်ကြောင့် လက်ဆောင်ပေးတဲ့အခါမှာလည်း မျက်နှာပန်းလှစေမှာပါ။

ဘီယာ အအေးခံအိတ်

ဘီယာ လက်ဆောင်

ဒီအိတ်လေးကတော့ သူ့ရဲ့ဆိုဒ် အကြီးအသေးပေါ် မူတည်ပြီး ဈေးနှုန်းလည်း အမျိုးမျိုး ကွဲပြားသွားပါလိမ့်မယ်။ အိတ်အသေးကတော့ ဒေါ်လာ ၄၈ ဒေါ်လာ ပေးဝယ်ရမှာဖြစ်ပြီး အိတ်အကြီးကတော့ ဒေါ်လာ ၇၀ ကုန်ကျမှာဖြစ်ပါတယ်။ ဒီအိတ်ကတော့  သူငယ်ချင်းတွေ အုပ်စုလိုက်ကြီး Camping ထွက်တဲ့အခါမျိုး ပေါ့ပေါ့ပါးပါးနဲ့ ယူသွားနိုင်မှာပဲဖြစ်ပါတယ်။

ဒီဇိုင်းအလန်းစား ဘီယာဖန်ခွက်များ

beer mug

ဆိုင်မှာ ဘီယာ သွားသောက်တဲ့အခါမှာတော့ ဘီယာဖန်ခွက် အမိုက်စားနဲ့ ထည့်ပေးတာဖြစ်လို့ အထာကျကျ သောက်သုံးနိုင်ပါတယ်။ ဒါပေမဲ့ အိမ်မှာပဲ ဘီယာသောက်တဲ့အခါကျတော့ အိမ်မှာရှိတဲ့ ရိုးရိုးဖန်ခွက်များနှင့်သာ သောက်ဖြစ်ကြပါတယ်။ အထာကျကျ ဘီယာ သောက်နေရပါလားဆိုတဲ့ ခံစားချက်မျိုး ခံစားချင်တယ် ဆိုရင်တော့ ဒီဇိုင်းအမိုက်စား ဘီယာခွက်များကို လက်ဆောင် ပေးနိုင်ပါတယ်။ ဒီဘီယာခွက်လေးကတော့ Set အလိုက် ပါရှိမှာဖြစ်ပြီး ဈေးနှုန်းအားဖြင့်တော့ ဒေါ်လာ ၂၉ ဒေါ်လာ ပေးဝယ်ရမှာပဲဖြစ်ပါတယ်။

အကောင်းစား ဘီယာများ

best beer

အရေးအကြီးဆုံးအရာကိုတော့ မေ့လို့ဘယ်ဖြစ်မလဲ။ အကောင်းစားဘီယာများသည်လည်း ဘီယာချစ်သူများအတွက် အနှစ်သက်ဆုံးလက်ဆောင်တစ်ခုဖြစ်ပါလိမ့်မယ်။ ဈေးကွက်ထဲမှာ ကွာလတီကောင်းပြီး လူကြိုက်များတဲ့ ဘီယာအမျိုးအစား အများအပြားရှိတဲ့အတွက်ကြောင့် မိမိစိတ်ကြိုက်ရွေးချယ်ကာ ဝယ်ယူနိုင်ပါတယ်။ တစ်ခုရှိတာကတော့ ကွီးတို့လက်ဆောင်ပေးမယ့်သူရဲ့ အကြိုက်ကို ဦးစားပေးပြီး ရွေးချယ်ဝယ်ယူကာ လက်ဆောင်ပေးမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။

Source: Esquire

Featured Image: Japanbeertimes