ဘောလုံး ပွဲတစ်ခု အနိုင်ရဖို့အတွက် ကစားသမားတွေရဲ့ ကစားစွမ်းရည်သည်လည်း အရေးပါသလို နည်းပြ တွေရဲ့ ဗျုဟာသည်လည်း အရေးပါပါတယ်။ ကျွမ်းကျင်ပြီး ထက်မြက်တဲ့ ဘောလုံး နည်းပြ တစ်ယောက်သာလျှင် အကောင်းဆုံး ဗျူဟာများကို ရေးဆွဲနိုင်ပြီး ဘောလုံးသမားများကို နည်းလမ်းပြသနိုင်မှာဖြစ်ပါတယ်။
အရည်အချင်းရှိပြီး တော်တဲ့ ဘောလုံး နည်းပြ များ အများအပြားရှိတဲ့အနက် ယခုနှစ်အတွင်း အတော်ဆုံးအဖြစ် သတ်မှတ်ခံထားရတဲ့ နည်းပြတွေက ဘယ်သူတွေဖြစ်မလဲ။
Carlo Ancelotti

Photo: Therealchamps
သူ့ရဲ့ နာမည်အပြည့်အစုံကတော့ Carlo Ancelotti Cavaliere ဖြစ်ပြီး အီတလီလူမျိုးဖြစ်ပါတယ်။ အသက် ၆၃ နှစ်ရှိပြီဖြစ်ပြီး လက်ရှိမှာတော့ Real Madrid CF ရဲ့ နည်းပြအဖြစ် တာဝန်ထမ်းဆောင်နေတာပဲဖြစ်ပါတယ်။ သူသည် အတော်ဆုံး ဘောလုံး နည်းပြ အဖြစ် သတ်မှတ်ခံထားရပြီး လေးစားခံရသူတစ်ယောက်လည်း ဖြစ်ပါတယ်။
Jürgen Klopp

Photo: Thisisanfield
Jürgen Klopp ကတော့ ဂျာမန်လူမျိုးဖြစ်ပြီး နာမည်အပြည့်အစုံကတော့ Jürgen Norbert Klopp ဖြစ်ပါတယ်။ အသက် ၅၅ နှစ်ရှိပြီဖြစ်ပြီး လက်ရှိမှာတော့ Liverpool အသင်းရဲ့ နည်းပြအဖြစ် တာဝန်ယူလျက် ရှိပါတယ်။ သူ့ရဲ့ နာမည်ကြီးလာပုံကတော့ ၂၀၁၁ နှင့် ၂၀၁၂ ခုနှစ်များတုန်းက Borussia Dortmund ဆိုတဲ့ ဂျာမန်အသင်းကို တာဝန်ယူခဲ့စဥ်က ဖြစ်ပါတယ်။ ၂၀၁၁ တုန်းက League Titles များ ရရှိခဲ့ပြီး ၂၀၁၂ တုန်းကတော့ ဂျာမန်ဖလားကို ရရှိခဲ့တာဖြစ်ပါတယ်။ Liverpool အသင်းသို့ ရောက်ရှိခဲ့တဲ့အခါမှာတော့ အသင်းတစ်ခုလုံးကို ပြန်လည်ကောင်းမွန်အောင် ဖွဲ့စည်းခဲ့ပြီး Team Spirit ပိုကောင်းလာအောင် ကြိုးစားခဲ့တဲ့ နည်းပြတစ်ယောက် ဖြစ်ပါတယ်။
Pep Guardiola

Photo: Football365
သူ့ရဲ့နာမည်အပြည့်အစုံကတော့ Josep Pep Guardiola Sala ဖြစ်ပြီး စပိန်လူမျိုးနည်းပြတစ်ယောက် ဖြစ်ပါတယ်။ အသက် ၅၁ နှစ်ရှိပြီဖြစ်ပြီး ဘောလုံးအသင်းများစွာမှာလည်း နည်းပြလုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံရှိပါတယ်။
သူသည် ၂၀၀၇ တုန်းက Barcelona အသင်းရဲ့ မန်နေဂျာအဖြစ် လုပ်ကိုင်ခဲ့ပြီး ၂၀၀၈ ခုနှစ်မှာတော့ နည်းပြအဖြစ် ပထမဦးဆုံး လုပ်ကိုင်ခဲ့ပါတယ်။ ထိုအချိန်တွင် League Title ကို ၃ ကြိမ်ခန့် အနိုင်ရခဲ့ပြီး ချန်ပီယံလိဂ် ၂ ကြိမ်၊ အသင်းဖလား နှင့် UEFA Super Cup တို့ကို ၂ ကြိမ် ရရှိခဲ့ပါတယ်။ ထိုမှတဆင့် ၂၀၁၃ တွင် Bayern Munich အသင်းသို့ ပြောင်းရွေ့သွားခဲ့ပြီး အနိုင်ပွဲများ များစွာကို ဆွတ်ခူးရရှိစေခဲ့ပါတယ်။ လက်ရှိမှာတော့ Manchester City ရဲ့ နည်းပြအဖြစ် တာဝန်ထမ်းဆောင်နေပြီး ပရီးမီးယားလိဂ် ထရိုဖီ ၄ ကြိမ်တိုင်တိုင် ဆွတ်ခူးနိုင်အောင် ကြိုးစားပေးခဲ့တာ ဖြစ်ပါတယ်။
José Mourinho

Photo: Sportingnews
José Mourinho သည် လက်ရှိတွင် Italian Serie A Club Roma တွင် နည်းပြချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါတယ်။ အသက် ၅၉ နှစ်ရှိပြီဖြစ်တဲ့ ဘောလုံးနည်းပြရဲ့ ဘောလုံးအတွေ့အကြုံများသည်လည်း အံ့မခန်းပါပဲ။ ယခုနှစ်အတွင်း အတော်ဆုံး နည်းပြအဖြစ် သတ်မှတ်ခံခဲ့ရတာသည်လည်း တော်ရုံတန်ရုံ စွမ်းဆောင်ရည်ကြောင့် မဟုတ်ပါဘူး။ AS Roma တွင် နည်းပြအဖြစ် တာဝန်ယူထားချိန်တွင် Porto ၊ Inter Milan နှင့် Real Madrid အသင်းများနှင့် ယှဥ်ဆော့ပြီး အနိုင်ပွဲရရှိနိုင်စေခဲ့ပြီး နည်းပြတစ်ယောက်ရဲ့ အရည်အချင်းကို ပြသခဲ့ပါတယ်။
Diego Simeone

Photo: Coachesvoice
သူ့ရဲ့နာမည်အပြည့်အစုံကတော့ Diego Pablo Simeone González ဖြစ်ပြီး နာမည်ပြောင်ကတော့ El Cholo ဖြစ်ပါတယ်။ အာဂျင်တီးနား ဘောလုံးနည်းပြတစ်ယောက်ဖြစ်ပြီး ဘောလုံးလောကမှ အနားမယူခင်တုန်းက ကွင်းလယ်ကစားသမားအဖြစ် ဘောလုံးကစားခဲ့တာဖြစ်ပါတယ်။ ထို့နောက်မှာတော့ Atlético Madrid အသင်းရဲ့ နည်းပြအဖြစ် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလကတည်းက တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။
သူသည် အတော်ဆုံးနည်းပြအပြင် အကြမ်းတမ်းဆုံး နည်းပြလို့လည်း ဘောလုံးလောကမှာ လူသိများပါတယ်။ သူ့ရဲ့ လေ့ကျင့်ပုံ နည်းဗျူဟာများသည် စစ်တပ်က စစ်သားများကို လေ့ကျင့်ပုံနဲ့တောင် တူတယ်လို့ ပြောစမှတ်ပြုခဲ့ကြတာပါ။ ဘောလုံးပြိုင်ပွဲများတွင် အသုံးချတဲ့ နည်းဗျူဟာများသည်လည်း စစ်ပွဲ နည်းဗျူဟာများအတိုင်း အသုံးချသူတစ်ယောက်ဖြစ်ပါတယ်။
အထက်ပါ ဘောလုံးနည်းပြများကတော့ အတော်ဆုံးအဖြစ် သတ်မှတ်ခံထားရတဲ့ ဘောလုံးနည်းပြ (၅) ယောက်အကြောင်းပဲ ဖြစ်ပါတယ်။ ဘောလုံးချစ်သူ ကွီးတို့ရဲ့ အသည်းစွဲ ဘောလုံးနည်းပြကရော ဘယ်သူတွေဖြစ်မလဲ။
Source: Naijaquest
Featured Image: Thewillnigeria
