ပီအက်စ်ဂျီ ဘယ်နောက်ခံကစားသမား နူနို မန်းဒက်စ်က ပီအက်စ်ဂျီ စူပါစတားတွေဖြစ်ကြတဲ့ လီယွန်နယ် မက်ဆီ ၊ နေမာ ၊ အမ်ဘာပေ တို့အတူ အဝတ်လဲခန်းကို မျှဝေသုံးစွဲရတာ ဘယ်လိုနေလဲဆိုတာကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

PSG Left-back Nuno Mendes

Photo: PSG Talk

အသက် ၁၉ နှစ်အရွယ်သာရှိသေးပေမယ့်လည်း မန်းဒက်စ်ဟာ ကစားသမားဘဝကို တော်တော်လေး ဖြတ်သန်းခဲ့ပြီးဖြစ်ပြီး နောက်ခံတောင်ပံကစားသမားဟာ ပြီးခဲ့တဲ့ရာသီကို စပို့တင်းလစ္စဘွန်းအတွက် ပြိုင်ပွဲစုံ ၃၅ ပွဲအထိ ပါဝင်ကစားပေးခဲ့သူ ဖြစ်ပါတယ်။ မန်းဒက်စ်ရဲ့ ပရီးမီးယားလီဂါမှာ ပြသနေတဲ့ စွမ်းဆောင်ရည်ကြောင့် ဥရောပရဲ့ အကြီးမားဆုံးအသင်းကြီးတွေဆီကနေ စိတ်ဝင်စားခြင်းကို ခံခဲ့ရပြီး ပီအက်စ်ဂျီက နောက်ဆုံးမှာတော့ ယူရိုသန်း ၄၀ ဝန်းကျင်နဲ့ အပြီးသတ်ခေါ်ယူခွင့်ပါဝင်တဲ့ ကနဦး တစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပေါ်တူဂီနောက်ခံကစားသမားဟာ လက်ရှိမှာတော့ မက်ဆီ၊ နေမာ၊ အမ်ဘာပေတို့လို ကစားသမားတွေနဲ့ အဝတ်လဲခန်းထဲမှာ အတူတူရှိနေခွင့်ရပြီဖြစ်ပြီး ကစားသမား အများအပြားက ဒီကစားသမားတွေနဲ့ အတူတူကစားခဲ့ရပေမယ့် မန်းဒက်စ်ကတော့ ဘောလုံးစူပါစတား ၃ ဦးနဲ့အတူ ကွင်းထဲမှာ ကစားခွင့်ရတာကို ဂုဏ်ယူနေတာဖြစ်ပါတယ်။

PSG Superstars Trio

Photo: PSG Talk

မန်းဒက်စ်က အစပိုင်းတုန်းက လေ့ကျင့်ရေးမှာ မက်ဆီ၊ နေမာ၊ အမ်ဘာပေတို့ ၃ ဦးနဲ့ လေ့ကျင့်ရတာ ထူးဆန်းနေတယ်ဆိုတာကို တွေ့ရှိခဲ့ကြောင်း ဝန်ခံ ပြောကြားခဲ့ပေမယ့် နောက်ပိုင်းမှာ ကျင့်သားရသွားပြီးနောက် လက်ရှိမှာ အဝတ်လဲခန်းကို မျှဝေသုံးစွဲနေရတာကို ဝမ်းမြောက်ဝမ်းသာဖြစ်နေတာ ဖြစ်ပါတယ်။

“ပထမတုန်းကတော့ နည်းနည်း ထူးဆန်းနေခဲ့ပေမယ့် ကျွန်တော် အဲဒါကို တကယ်နှစ်သက်ပါတယ်။ ကျွန်တော် သူတို့နဲ့အဝတ်လဲခန်းကို အတူမျှဝေသုံးစွဲရတာကို နှစ်သက်တယ်။ သူတို့တွေက အရမ်းကောင်းတဲ့လူတွေ၊ အရမ်းကောင်းတဲ့ ကစားသမားတွေဆိုတာ သိသာပါတယ်။ မက်ဆီ၊ နေမာ၊ အမ်ဘာပေတို့နဲ့အတူ အဝတ်လဲခန်းကို မျှဝေသုံးစွဲနေတဲ့ ကစားသမားအများအပြား ရှိနေပေမယ့် သူတို့ ၃ ယောက်စလုံးနဲ့အတူ ကစားဖို့ကတော့ အရမ်းကို ခက်ခဲပြီး ကျွန်တော် အဲဒါကို ရအောင် လုပ်နိုင်ခဲ့တယ်။ ကျွန်တော် သူတို့နဲ့ရော အခြားအသင်းဖော်တွေအားလုံးနဲ့အတူ အဝတ်လဲခန်း မျှဝေသုံးစွဲရတာ အရမ်းကို ပျော်ရွှင်မိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Featured Photo: Sportskeeda