လေ့ကျင့်ခန်းလုပ်ခြင်းက လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် မဖြစ်မနေလိုအပ်တဲ့ အလေ့အထတစ်ခုပါ။ လေ့ကျင့်ခန်းလုပ်ခြင်း က လူသားတို့ အသက်ရှည် ကျန်းမာဖို့ အတွက် ဆေးကောင်းတစ်လက်ဆိုလည်း မမှားပါဘူး။ ဒါ့ကြောင့် လူတစ်ယောက်ဟာ နေ့စဉ် အလယ်အလတ်ရှိတဲ့ လေ့ကျင့်ခန်း အနည်းဆုံး နာရီဝက်ခန့် ပြုလုပ်သင့်ပါတယ်။ လေ့ကျင့်ခန်းများကို မနက်ခင်းမှာ ပြုလုပ်တာဟာ ပိုမို အကျိုးများပြီး ထိရောက်ပါတယ်။ သို့သော်လည်း မနက်ခင်းမှာ စောစောထပြီး လေ့ကျင့်ခန်းလုပ်ဖို့ဆိုတာ တကယ်တော့ လူတော်တော်များများ အတွက်တော့ မလွယ်ပါဘူး။ ဒါကြောင့် ကွီးတို့ကို ဒီဆောင်းပါးလေး မနက်စောစော လေ့ကျင့်ခန်းလုပ်ဖို့ စိတ်အားထက်သန်စေဖို့ မနက်တိုင်း ပုံမှန် လေ့ကျင့်ခန်း လုပ်ခြင်းဖြင့် ရရှိလာမဲ့ အကျိုးများကို ဖော်ပြပေးချင်ပါတယ်။
(၁) ကိုယ်အလေးချိန်ကို ကျစေပါတယ်

Photo :Healthy Man
ဝိတ်ချဖို့ စဉ်းစားနေတယ်ဆိုရင် မနက်တိုင်း ပုံမှန် လေ့ကျင့်ခန်း လုပ်တဲ့ အလေ့အထကို မွေးမြူလိုက်ပါ။ မနက်စာမစားခင် လေ့ကျင့်ခန်းလုပ်တာက အဆီနဲ့ ကယ်လိုရီတွေကို အလွန်မြန်မြန်ဆန်ဆန် လောင်ကျွမ်းစေပါတယ်။
(၂) ခန္ဓာကိုယ်နဲ့ ဦးနှောက်ကို တတ်ကြွစေပါတယ်

Photo : Scientific American
မနက်ခင်းမှာ လေ့ကျင့်ခန်းလုပ်ပြီး ကွီးတို့ရဲ့ တစ်နေ့တာကို စတင်ခြင်းက ကွီးတို့ရဲ့ စိတ်ရော၊ ကိုယ်ပါ တတ်ကြွစေပါတယ်။ ဒါ့အပြင် သွေးလည်ပတ်မှုကောင်းစေပြီး တစ်နေကုန် လန်းဆန်းတတ်ကြွ စေပါတယ်။ ဦးနှောက်ကိုလည်း အထောက်အကူပြုစေပါတယ်။ တစ်နေ့တာလုံး ထိုင်ပြီး အလုပ်လုပ်ရတဲ့ ကွီးတို့အတွက် မဖြစ်မနေ မနက်ခင်းလေ့ကျင့်ခန်းကို ပြုလုပ်ပါ။
(၃) ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်ပါတယ်

Photo : GOV. UK
မနက်စာ မစားမှီ ပုံမှန် မနက်တိုင်း လေ့ကျင့်ခန်း လုပ်ခြင်းက ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ နံနက်ခင်း လှုပ်ရှားမှုများက ဆီးချိုရောဂါဖြစ်နိုင်ခြေကို နည်းပါးစေသည့် အင်ဆူလင်ခုခံမှုကို အထောက်အကူပြုနိုင်တယ်လို့ ဆိုပါတယ်။
(၄) လိင်မှုဘဝကို တိုးတတ်ကောင်းမွန်စေပါတယ်

Photo : Psychology Today
ပုံမှန် မနက်တိုင်း လေ့ကျင့်ခန်း လုပ်ခြင်းက နှလုံးကို အားကောင်းစေတယ်၊ သွေးလည်ပတ်မှုကောင်းစေတယ်၊ တင်းမာတဲ့ကြွက်သားတွေနဲ့ ပျော့ပျောင်းမှုကို မြှင့်တင်ပေးနိုင်တယ်။ အဲဒီအချက်တွေ အားလုံးက ကွီးတို့ရဲ့လိင်မှုဘ၀ကို တိုးတက်စေနိုင်ပါတယ်။ လေ့လာမှုတစ်ခုအရ တစ်ပတ်လျှင် အနည်းဆုံး မိနစ် ၁၆၀ ခန့် လေ့ကျင့်ခန်းလုပ်ခြင်းက အမျိုးသားများတွင် လိင်အင်္ဂါလုပ်ဆောင်မှုကို သိသာထင်ရှားစွာ မြှင့်တင်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကွီးတို့အတွက် သာယာပျော်ရွှင်တဲ့ လိင်မှုဘဝကို ရချင်ရင် လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ။
(၅) ဇီဝကမ္မဖြစ်ပျက်မှုကို တိုးတတ်စေပါတယ်

Photo : Men’s Health Magazine
ဇီဝကမ္မဖြစ်ပျက်မှု (Metabolism) ဆိုသည်မှာ ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်မှ ကျွန်ုပ်တို့စားသုံးသော အစားအစာနဲ့ အဖျော်ယမကာများကို စွမ်းအင်အဖြစ် ပြောင်းလဲပေးသည့် လုပ်ငန်းစဉ် ဖြစ်ပါတယ်။ ကျွန်တော်တို့ အိပ်နေချိန်မှပင် ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်က ဤယန္တရားအား ဆက်လက်လည်ပတ်ရန် လိုအပ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်ပျက်မှု အားကောင်းနေဖို့ လိုပါတယ်။ ဇီဝကမ္မဖြစ်ပျက်မှု (Metabolism) အားကောင်းမှသာ ကျွန်တော်တို့ ကျန်းမာမှာဖြစ်ပါတယ်။ ဇီဝကမ္မဖြစ်ပျက်မှုကို တိုးတတ်စေဖို့ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းက ကူညီပေးနိုင်ပါတယ်။ ဒါ့ကြောင့် ကွီးတို့ တစ်နေ့တာ အချိန်စာရင်းထဲမှာ လေ့ကျင့်ခန်း လုပ်ဖို့ အချိန်ကို ထည့်သွင်းထားပါ။
(၆) ကြွက်သားများကို လျင်မြန်စွာ တည်ဆောက်နိုင်ပါတယ်

Photo : Generation Iron
ကွီးတို့အနေနဲ့ ကြွက်သားများကို ကျစ်လစ်ကြည့်ကောင်းစေဖို့ မြန်မြန်တည်ဆောက် လိုပါသလား။ ဒီလို ကြွက်သားများ မြန်မြန်တည်ဆောက်နိုင်ဖို့ ကျွန်ုပ်တို့ ခန္ဓာကိုယ်မှာ Testosterone ဆိုတဲ့ အရာကို လိုအပ်ပါတယ်။ ကြွက်သားများ မြန်မြန်တည်ဆောက်နိုင်ဖို့ လိုအပ်တဲ့ Testosterone ပမာဏစဟာ မနက်ခင်း အိပ်ရာထချိန်မှာ အမြင့်ဆုံးပါ။ ဒါကြောင့် မနက်ခင်းမှာ လေ့ကျင့်ခန်း လုပ်ခြင်းက ကြွက်သား တည်ဆောက်မှုကို ပိုမိုထိရောက်အောင် ကူညီပေးနိုင်ပါတယ်။
(၇) အိပ်စက်မှု စက်ဝန်းကို ပိုမိုကောင်းမွန်စေပါတယ်

Photo : Ask Man
စိတ်ဖိစီးမှုများကြောင့် အိပ်မရတာ၊ အကြောင်းအမျိုးမျိုးကြောင့် လွယ်လွယ်အိပ်ပျော်ဖို့ ခက်နေတယ်ဆိုရင် လေ့ကျင့်ခန်း တစ်ခုခုကို မနက်တိုင်း အချိန်အနည်းငယ်ပေးပြီး ပြုလုပ်ဖို့ တိုက်တွန်းပါရစေ။ မနက်ပိုင်း လေ့ကျင့်ခန်းကို အချိန် အနည်းငယ်လုပ်ရုံဖြင့် ဇီဝဖြစ်စဉ်နှုန်းကို မြှင့်တင်ပေးခြင်းကြောင့် ဟော်မုန်းမျှတမှုကို ဖန်တီးပေးပြီး ညဘက် ကောင်းမွန်စွာ အိပ်ပျော်စေပါတယ်။
(၈) စိတ်ဖိစီးမှုများကို လျော့ကျစေပါတယ်

Photo : Men’ Health
လူသားတွေဟာ နေ့စဉ် ဘက်ပေါင်းစုံကနေ စိတ်ဖိစီးမှုတွေ ၊ စိတ်ပင်ပန်းမှုတွေ ကြုံတွေ့နေရပါတယ်။ နေ့စဉ်ပုံမှန် လေ့ကျင့်ခန်း လုပ်တာက တွေကို လျော့ပါးသက်သာစေဖို့ ထိရောက်တဲ့နည်းလမ်းတစ်ခုပါပဲ။ လေကျင့်ခန်းလုပ်ခြင်းကြောင့် ကွီးတို့ရေ ဦးနှောက်အတွင်းရှိ Endorphin များကို ထုတ်လွှတ်သည့်အပြင် ကိုယ်လက်လှုပ်ရှားမှုက ကြွက်သားများကို ပြေလျော့စေပြီး ခန္ဓာကိုယ်တွင်း တင်းမာမှုများကို သက်သာ စေပါတယ်။ ယနေ့ခေတ်လို စိတ်ဖိစီးမှုတွေ ဘက်ပေါင်းစုံက ရနေချိန်မှာ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးခြင်းဖြင့် ကွီးတို့ရဲ့ ကိုယ်၊ စိတ် ကျန်းမာရေး နှစ်ခုလုံးကို အထောက်အကူပြုမှာ ဖြစ်ပါတယ်။
ကွီးတို့ရေ မနက်တိုင်း ပုံမှန် လေ့ကျင့်ခန်း လုပ်ခြင်းက ကျွန်ုပ်တို့အတွက် ကျန်းမာရေးသုခနဲ့ ပြည့်စုံစေသည်သာမက အကျိုးကျေးဇူးများစွာကို ရရှိနိုင်ပါတယ်။
Source : Decathlon Blog
Featured Photo : Eat This, Not That
