မန်ချက်စတာ ယူနိုက်တက် နည်းပြ အာမိုရင်ကတော့ အာဆင်နယ်ကို အဖွင့်ပွဲမှာ အရေးနိမ့်ခဲ့ပြီးနောက် အသင်းသားတွေကို ဘုန်းတော်ကြီး တွေလို ပြုမူနေထိုင်သင့်ကြောင်း အကြံပေးစကား ပြောကြားခဲ့ပါတယ်။ အာဆင်နယ်နဲ့ ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက် ဂိုးသမား ဘာရင်ဒါရဲ့ အမှားတွေနဲ့ ပတ်သတ်ပြီး ပရိသတ်တွေရဲ့ ဝေဖန်မှုတွေ မြင့်တက်နေခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက် နည်းပြ အာမိုရင်ကတော့ ကစားသမားတွေအနေနဲ့ အဆိုပါ ဝေဖန်မှုတွေအပေါ် ဘယ်လိုကာကွယ်တုန့်ပြန်သင့်လဲဆိုတာ ထုတ်ဖော်ပြောကြားလိုက်တာ ဖြစ်ပါတယ်။

Ruben Amorim

Photo : Goal.com

” ပထမဆုံးအနေနဲ့ ကျွန်တော် ကစားသမားတွေကို ပြောပြထားတာ ရှိပါတယ်။ ဝေဖန်တိုက်ခိုက်မှုတွေ ကြုံလာရချိန်မှာ ခင်ဗျားအနေနဲ့ စိတ်ပျက်ဝမ်းနည်းမိတယ်ဆိုတာ ပုံမှန်ပါပဲ။ ကျွန်တော့်အတွက်ကတော့ ကျွန်တော့်ကိုယ်ကျွန်တော်ရော ၊ ကျွန်တော့်ရဲ့ အသင်းသားတွေကိုပါ ကာကွယ်ဖို့ တစ်ခုတည်းသောနည်းလမ်းက ဘာကိုမမြင်သလို နေလိုက်ဖို့ပါ။ အထူးသဖြင့် ပြဿနာတွေ ကြုံလာတဲ့အခါမှာ ဘုန်းတော်ကြီး တွေလို စိတ်မွေးတတ်ရပါမယ်။ ပြီးတော့ တစ်ခါတလေမှာ သပုတ်လေလွင့် လျှောက်ပြောကြတဲ့ ဇာတ်လမ်းတွေလည်း ရှိတတ်လို့ အချက်အလက်တွေနဲ့ အဖြစ်မှန်ကို ရှင်းဖို့နိုင်ဖို့ ကျွန်တော် ကြိုးစားတယ်။ အာဆင်နယ်နဲ့ပွဲမှာ အယ်လ်တေက အမှားတစ်ခု လုပ်ပါတယ်”

” ဒါပေမယ့် ပြီးခဲ့တဲ့ ရာသီတုန်းက သူအရမ်းကောင်းတဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တာ ငြင်းလို့မရပါဘူး။ ဒါကြောင့် ကျွန်တော် ကစားသမားတွေကို ပြောပြမှာ ဖြစ်သလို ဝေဖန်သူတွေရဲ့ဇာတ်လမ်းတွေကိုလည်း တိုက်ပွဲဝင်ဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် နောက်ဆုံးသတ်မှာတော့ ကစားသမားတွေအားလုံးက သူတို့ဘဝနဲ့သူတို့ ပျော်ရွှင်ကြမှာပါ။ သူတို့အလုပ်သူတို့လုပ်ပြီး သူတို့မိသားစုတွေနဲ့ ပျော်ပျော်ပါးပါး အချိန်ကုန်ဆုံး ကြမှာပါ။ တီဗီ ဒါမှမဟုတ် အင်တာနက်ပေါ်က သူတို့အပေါ်ဝေဖန်သံတွေကို ဘာကိုမှ မကြည့်ပဲ မမြင်ချင်ယောင်ဆောင်ပြီး နေထိုင်တတ်လို့ လိုပါတယ် ” လို့  Sky Sports သတင်းဌာနဲ့ အင်တာဗျူးမှာ နည်းပြ အာမိုရင် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Ruben Amorim
Photo : Firstpost

အာမိုရင်ဟာ ပြီးခဲ့တဲ့အပတ်က အာဆင်နယ်အသင်းကို ၁ – ၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းအတွက် အပြုသဘောဆောင်တဲ့ စကားတွေကို အကြိမ်ကြိမ်ပြောဆိုသွားခဲ့ပြီး ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ရချိန်မှာ အသင်းသားတွေ ဘက်ကနေ ခုခံကာကွယ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်လို ပရီးမီးယားလိဂ် ထိပ်သီးအသင်းကြီးတစ်ခု အနေနဲ့ ကောင်းမွန်တဲ့ ရလဒ်တွေကို လျင်လျင်မြန်မြန် ပြောင်းလဲနိုင်ဖို့ လိုအပ်နေပြီး မဟုတ်ရင်တော့ ပေါ်တူဂီသား နည်းပြအပေါ်ရော ယူနိုက်တက် အသင်းသားတွေ အပေါ်မှာပါ ဖိအားတွေ တိုးလာပါလိမ့်မယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ တနင်္ဂနွေနေ့မှာ ဖူလ်ဟမ်ကို အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင် ရမှာဖြစ်ပြီး အာဆင်နယ်အသင်းနဲ့တုန်းက ရှုံးပွဲရလဒ်ကို ပြန်လည်ချေဖျက်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

Featured Photo : Goal.com