ဂီတဟာ လူတွေအတွက် စိတ်ပျော်ရွှင်စေတဲ့အပြင် ထူးခြားမှုတွေလဲ ရှိပါတယ်။ သင်နားထောင်တဲ့ သီချင်း တွေက ကမ္ဘာကြီးကို သင်ရှုမြင်ပုံတွေကိုပါ ပြောင်းလဲစေပါတယ်။ အခုပြောပြပေးမှာက အကောင်းဆုံး စိတ်ခွန်အားရစေပြီး စိတ်ပျော်ရွှင်စေမယ့် သီချင်းတွေ အကြောင်းပါ။ ဘယ်နာမည်ကြီး အဆိုတော်တွေရဲ့ သီချင်းတွေ ဖြစ်မလဲဆိုတာကို နားထောင်ကြည့်လိုက်ပါဦး။
(၁) Don’t Worry Be Happy – Bobby McFerrin
Source : sk8r123sk8r
ပထမဆုံး တစ်ပုဒ်ကတော့ ဘဝတွေအားလုံးမှာ ပြဿနာတချို့ရှိပေမယ့် စိုးရိမ်ပူပန်တာက ပြဿနာကို ၂ဆပိုဆိုးစေပါတယ်။ Bobby McFerrin ရဲ့ Don’t Worry Be Happy သီချင်းလေးက စိတ်ပူမနေနဲ့ ပျော်ပျော်သာနေ ဆိုတဲ့အတိုင်း ပေါ့ပေါ့ပါးပါးနဲ့ သင့်ကို ပျော်ရွှင်သွားစေမှာပါ။
(၂) Better When I’m Dancing – Meghan Trainor
Source: Meghan Trainor
ဒီသီချင်းလေးကတော့ ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ သီချင်း တစ်ပုဒ်ဖြစ်ပြီး Meghan Trainor ရဲ့ လက်ရာမြောက် သီချင်းတွေထဲက တစ်ပုဒ်အပါအဝင်ပဲ ဖြစ်ပါတယ်။ ကခုန်လိုက်မယ်ဆိုရင် စိတ်ခံစားချက်တွေ ကောင်းသွားလိမ့်မယ်လို့ သီဆိုထားတဲ့ သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။
(၃) Stronger – Kelly Clarkson
Source : Kelly Clarkson
American Idol Season 1 ရဲ့ Winner ဖြစ်တဲ့ Kelly Clarkson ရဲ့ Stronger ဆိုတဲ့ သီချင်းပါ။ What doesn’t kill you make you stronger , doesn’t mean I’m lonely when I’m alone စတဲ့ စာသားတွေနဲ့ အဆိုရှင်ရဲ့ ထူးခြားတဲ့အသံပေါင်းစပ်မှုက နားထောင်တိုင်း သင့်ကိုခွန်အားရစေမှာပါ။
(၄) Fight Song – Rachel Platten
Source : Rachel Platten
နောက်ထပ် သီချင်းကောင်းတပုဒ်ကတော့ Rachel Platten ရဲ့ Fight Song ပါ။ အသံပါဝါကောင်းကောင်းနဲ့ သီဆိုထားတဲ့ Rachel ရဲ့ သီချင်းကောင်းတပုဒ်ဖြစ်ပြီး နားထောင်ပြီးရင် ဘယ်လောက်မိုက်တယ်ဆိုတာ သင်လက်ခံမှာပါ။
(၅) Watermelon Sugar – Harry Styles
Source: Harry Styles
ဒီသီချင်းကတော့ Harry Styles ရဲ့ ၂၀၁၉ တုန်းက ထွက်ရှိခဲ့တဲ့ Fine Line အယ်လ်ဘမ်ထဲက သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ Alternative/ Indei နှင့် Pop တေးဂီတ အမျိုးအစားပဲ ဖြစ်ပါတယ်။
(၆) Not Afraid – Eminem
Source : Eminem
အားလုံးသိတဲ့ ရက်ပ်အဆိုတော် Eminem ရဲ့ Not Afraid ဆိုတဲ့သီချင်းပါ။ Eminemရဲ့ သီချင်း ကောင်းများစွာထဲကမှ Not Afraid ဆိုတဲ့အတိုင်း ဘာကိုမှကြောက်မနေဖို့ ခွန်အားပေးထားတဲ့ သီချင်းစာသားအလန်းတွေ ပါဝင်တာဖြစ်လို့ နားမထောင်ရသေးရင် နားထောင်ကြည့်လိုက်ပါဦး။
(၇) What Makes You Beautiful – One Direction
Source: One Direction
One Direction အဖွဲ့ စပေါ်တုန်းက နာမည်ကြီးခဲ့တဲ့ သီချင်း တစ်ပုဒ်ပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ အနှစ် ဆယ်နှစ်ကျော်က အငွေ့အသက်လေးကို ပြန်လည် ခံစားချင်တယ် ဆိုရင်တော့ ဒီသီချင်းလေးကိုသာ နားဆင်ခံစား ကြည့်လိုက်ပါ။
Featured Photo : VistaCreate