ခရစ္စတီယာနို ရော်နယ်ဒို တစ်ယောက်တော့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အယ်လ်ရှာဘက် ကို ၃-၂ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ကွင်းအတွင်း ရိုင်းပြတဲ့ မဖွယ်မရာအပြုအမူ လုပ်ဆောင်ခဲ့တာကြောင့် ဒဏ်ရိုက်ခံလိုက်ရပါတယ်။
Photo : The Sun
ပြီးခဲ့တဲ့ ရက်အတွင်းက အသက် ၃၉ နှစ်အရွယ် မန်ချက်စတာယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ် ဂန္တဝင်ကစားသမားဟောင်းဟာ အဆိုပါ ပွဲစဉ်အတွင်း ပြိုင်ဘက်အယ်လ်ရှာဘတ် ပရိသတ်တွေကို မဖွယ်မရာအပြုအမူလုပ်ပြခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခု ဆိုရှယ်မီဒီယာပေါ်မှာ ပြန့်နှံ့လာခဲ့တာပါ။
ဗီဒီယိုထဲမှာတော့ ရော်နယ်ဒို ဟာ နားရွက်နားမှာ လက်ကာထားပြီးနောက် သူ့ရဲ့လက်ကို ကိုယ်ခန္ဓာအောက်ပိုင်းမှာ ရှေ့တိုးနောက်ဆုတ်ပုံစံမျိုး ပရိသတ်တွေကို လုပ်ပြခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ပွဲကစားချိန် ၂၁ မိနစ်မှာ အယ်လ်နာဆာအသင်းအတွက် ပင်နယ်တီကနေ အဖွင့်ဂိုးသွင်းခဲ့ပြီးနောက် အောင်ပွဲခံနေစဉ် အယ်လ်ရှာဘတ် ပရိသတ်တွေက ရော်နယ်ဒိုရဲ့ မဟာပြိုင်ဘက် မက်ဆီရဲ့နာမည်ကို သံပြိုင်သီဆိုကြွေးကြော်ခဲ့တာကြောင့် ပေါ်တူဂီသား က အခုလို တုန့်ပြန်ခဲ့ပါ။
လက်ရှိ ဆော်ဒီအာရေဗျ ဘောလုံးအဖွဲ့ချုပ်ရဲ့ စည်းကမ်းထိန်းသိမ်းရေး တာဝန်ရှိသူတွေကတော့ ဒီအပြုအမူကြောင့် ရော်နယ်ဒို ကို ၁ ပွဲပယ် ပြစ်ဒဏ်နဲ့ ဒဏ်ငွေ ပေါင် ၄၁၉၀ ပေးဆောင်ဖို့ သတ်မှတ်လိုက်ပါတယ်။ ရော်နယ်ဒိုဟာ ပွဲပယ်ပြစ်ဒဏ်ကြောင့် ကြာသပတေးနေ့မှာ ကစားမယ့် အယ်လ်ဟာဇမ်နဲ့ ပွဲစဉ်ကို လွဲချော်ရမှာ ဖြစ်ပါတယ်။
Photo : Goal.com
ရော်နယ်ဒို အနေနဲ့ အခုလို တုန့်ပြန်ခဲ့တာဟာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဧပြီလတုန်းက အလ်ဟီလာလ်နဲ့ ကစားခဲ့တဲ့ ပွဲအပြီးမှာ ပရိသတ်တွေက မက်ဆီနာမည်ကို အော်ခဲ့ကြတာကြောင့် ရော်နယ်ဒို တစ်ယောက် သူ့ရဲ့ ညီလေးကို ဆုပ်ကိုင်ပြတဲ့ အပြုအမူမျိုး လုပ်ပြခဲ့ဖူးပါတယ်။
Featured Photo : GB News