လူတစ်ယောက် ရင့်ကျက်တယ် မရင့်ကျက် ဘူးဆိုတာဟာ အသက်အရွယ်နဲ့ ဆိုင်တယ်လို့ ပြောကြပါတယ်။ တကယ်တော့ အသက်အရွယ် တစ်ခုတည်းနဲ့ ဆုံးဖြတ်လို့မရနိုင်ပါဘူး။ ကိုယ်ပိုင်အသိဉာဏ် ၊ ဖြတ်သန်းကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်ပုံစံ ၊ ဘဝကပေးတဲ့ အတွေ့အကြုံတွေအပေါ် ဆင်ခြင်သုံးသပ်နိုင်စွမ်းတွေပေါ်မူတည်ပြီး ရင်ကျက်မှုရှိတယ် မရှိဘူးဆိုတာ အများကြီး ကွာဟသွားနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ မရင့်ကျက်သေးတဲ့ လူတစ်ယောက်မှာ မြင်တွေ့ရမယ့် အချက်တွေကို ပြောပြပေးချင်ပါတယ်။

(၁) တာဝန်ယူမှု တာဝန်ခံမှုမရှိခြင်း

man thinking

Photo : Medium

မရင့်ကျက်ခြင်းကို အဓိကဖော်ညွှန်းပြနေတဲ့ အချက်တစ်ခုက တာဝန်ယူမှု တာဝန်ခံမှု မရှိတာပါပဲ။ ကိုယ်တိုင်ပြုမူလုပ်ဆောင်လိုက်တဲ့ လုပ်ရပ်တိုင်းရဲ့ နောက်ဆက်တွဲဟာ ကျွန်တော်တို့အပေါ်မှာပဲ အများကြီး သက်ဆိုင်ပါတယ်။ တခြားသူတွေ အပေါ် မှီခိုတာ ၊ ခေါင်းလွဲရှောင်လွဲလုပ်ချင်တာတွေဟာ ရင့်ကျက်မှုကင်းမဲ့တဲ့ အပြုအမူတစ်ခုပဲ ဖြစ်ပါတယ်။

(၂) ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း နည်းပါးခြင်း

Photo : Osgood & Associates

မရင့်ကျက်သေးတဲ့ လူတစ်ယောက်မှာ စိတ်ခံစားမှုတွေနဲ့ အတွေးတွေဟာ တည်ငြိမ်တဲ့ အခြေအနေတစ်ခုမှာ မရှိပါဘူး။ ပြောရရင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းနည်းပါးသလို အရာရာတိုင်း စိတ်ခံစားမှုနောက်လိုက်ပြီး ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုမူဆောင်ရွက်တက်ကြပါတယ်။

(၃) ပြုပြင်ပြောင်းလဲချင်စိတ်မရှိခြင်း

man

Photo : Yahoo

ကျွန်တော်တို့အားလုံး ဘဝမှာ အမှားတွေကို ကျူးလွန်မိခဲ့ကြဖူးမှာပါ။ အမှားတွေဆိုတာ သင်ယူပြီး ကောင်းမွန်တဲ့ အခြေအနေ အသစ်တွေဆီကို လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ပြောင်းလဲရတာ ဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ပဲ ကိုယ်တိုင်ပြုပြင် ပြောင်းလဲချင်စိတ်လည်းမရှိဘူး ၊ ပြောင်းလဲမှုတွေကို လက်ခံနိုင်စွမ်းလည်း မရှိသလို တူညီတဲ့ အမှားတွေကိုပဲ ထပ်တလဲလဲ လုပ်ဆောင်နေမိမယ်ဆိုရင်တော့ ဒါဟာ မရင့်ကျက်ခြင်းရဲ့သဘောကိုဆောင်တဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။

(၄) တစ်ကိုယ်ကောင်းဆန်ခြင်း

man

Photo : SheKnows

မရင့်ကျက်တဲ့ လူတော်တော်များများမှာ တွေ့ရတာက မိမိကိုယ်ကိုယ် ဗဟိုပြုတဲ့ စိတ်နေစိတ်ထားပါ။ ဘယ်အရာမဆို ကိုယ့်ကိုယ်ကိုယ် ကလွဲရင် ကျန်တာသိပ်ပြီး မစဉ်းစားပေးတက်တဲ့ အနေအထား ဖြစ်ပါတယ်။ စာနာမှုကင်းမဲ့တာ ၊ တဖက်သားကိုထည့် မတွေးပေးတက်တာ ၊ ကိုယ့်ကိုယ်ကိုယ်ပဲ ရှေ့တန်းတင်တာ စတဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ လုပ်ရပ်တွေဟာ ရင့်ကျက်မှုမရှိတဲ့ လူတွေမှာပဲ တွေ့ရတာများပါတယ်။

Featured Photo : Happier Human