ဂိမ်း ဆိုရင် လွယ်တာ မဆော့ချင်ဘူး။ Challenge ဖြစ်ဖြစ် ၊ ခက်ခက်ခဲခဲမှ ကစားရတာ ဖီးလ်ရှိပါတယ်ဆိုတဲ့ ကွီးတို့အတွက် ဒီတစ်ခေါက်မှာတော့ အခက်အခဲဆုံး မိုလ်ဘိုင်းဂိမ်းတွေကို ပြောပြပေးပါမယ်။

(၁) Getting Over It

 

 

Source : Noodlecake

ဒီဂိမ်းက တကယ်စိတ်ရှည်နိုင်တဲ့ သူတွေမှ ဆော့လို့ အဆင်ပြေပါမယ်။ ရိုးရိုးတောင်တက် ဂိမ်းမဟုတ်တဲ့ Physics-Based တောက်တက်ဂိမ်းတစ်ခု ဖြစ်ပြီး ကစားသူတွေအနေနဲ့ တစ်နေရာကနေ တစ်နေရာ ရွေ့လျားဖို့ တူကို လွှဲပြီး တက်ရမှာ ဖြစ်ပါတယ်။ ပြုတ်ကျလိုက် ၊ ပြန်တက်လိုက်နဲ့ တကယ့်ကို စိတ်ကင်ဆာပေးမယ့် ဂိမ်းတစ်ခုလို့ ပြောရမှာဖြစ်ပြီး စိတ်မရှည်ရင်တော့ လုံးဝမဆော့ဖို့ အကြံပေးချင်ပါတယ်။

(၂) Dead Cells

Source : Playdigious

အခက်ဆုံး ဂိမ်း စာရင်းမှာ Dead Cells ကို မပါမဖြစ် ထည့်ရပါလိမ့်မယ်။ လျှို့ဝှက်ဆန်းကြယ်တဲ့ စမ်းသပ်မှု တစ်ခုကနေ ပြန်လည် ရှင်သန်နိုးထလာတဲ့ အကျဉ်းသားတစ်ဦး ဇာတ်ကောင်ကနေ ဆော့ကစားရမှာပါ။ ရန်သူတွေနဲ့ တိုက်ခိုက်ဖို့ လက်နက်ကိရိယာတွေ စုဆောင်းရတာ ၊ အဆင့်မြှင့်တင်မှုတွေ လုပ်ဆောင်ရတာတွေ ပါဝင်ပြီး တဆင့်ပြီးတဆင့် စွမ်းရည်အသစ်တွေ ရလာတာနဲ့ တပြိုင်နက် စိတ်ဝင်စားဖို့ကောင်းတဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်လာနိုင်မှာ ဖြစ်ပါတယ်။

(၃) That Level Again

Source : IamTagir

ဒီဂိမ်းက ကြည့်လိုက်ရင် ရိုးရှင်းပြီး ဆော့ရလွယ်တယ်လို့ ထင်ရနိုင်ပေမယ့် တကယ်တမ်းမှာတော့ ရှယ်ခက်တဲ့ ဂိမ်း တစ်ခု ဖြစ်ပါတယ်။ ဂိမ်းဒီဇိုင်းက တော်တော်လေး ထူးခြားတဲ့အထဲမှာ ပါဝင်ပြီး Level တစ်ခုသာ ရှိပါတယ်။ ဒါပေမယ့် ဂိမ်းကို အနိုင်ရအောင်ဆော့ဖို့ ထူးခြားတဲ့ နည်းလမ်း ၉၆ ခု ရှိပါတယ်။ ဒီဂိမ်းက စိန်ခေါ်မှု ပြင်းထန်တဲ့အတွက် ခေါင်းစားခံနိုင်တယ် ၊ တွေးရခေါ်ရတာ ကြိုက်တယ်ဆိုမှ ဆော့သင့်ပါတယ်။

(၄) Vector

Source : Vector

ဒီဂိမ်းရဲ့ ဇာတ်လမ်းက စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဂိမ်း ကမ္ဘာထဲက လူတွေဟာ သူတို့ရဲ့ ဦးနှောက်ထဲမှာ ထည့်သွင်းထားတဲ့ စိတ်ကိုထိန်းချုပ်နိုင်တဲ့ ကိရိယာကနေ တဆင့် ထိန်းချုပ်ခံထား ရသူတွေပါ။ အဲ့ဒီလူတွေထဲက တစ်ယောက်ရဲ့ စိတ်ထိန်းချုပ်မှု ကိရိယာဟာ မတော်တဆ ကျိုးသွားခဲ့ပြီး မြို့တွင်းကနေ လွတ်မြောက်အောင် ထွက်ပြေးတဲ့ ဇာတ်ကောင်နေရာကနေ ကစားရမှာပါ။ ဒီဂိမ်းက Parkour Run ဂိမ်းတစ်ခုဖြစ်ပြီး နံရံတွေပေါ် တွယ်တက် ၊ အတားအဆီးတွေကို ခုန်ပျံကျော်လွှားကာ စကေးကျကျ ကစားရမှာ ဖြစ်ပါတယ်။

Source : Mobile Gaming Insider 

Featured Photo : X