တစ်ခါတစ်ရံမှာ မိန်းကလေးတွေရဲ့ စိတ်နေစိတ်ထား ၊ နှစ်သက်သဘောကျမှုတွေဟာ နားလည်ရခက်တယ် ထင်ရပေမယ့် တကယ်တမ်းမှာ ကွီးတို့ ထင်သလောက် အရမ်းကြီး ရှုပ်ထွေးမနေပါဘူး။ မိန်းကလေး တစ်ယောက်ရဲ့ စိတ်ကို ဘယ်လိုအရာတွေက ဆွဲဆောင်နေလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဒီတစ်ခေါက် ပြောပြပေးချင်တာကတော့ မိန်းကလေးတော်တော်များများရဲ့ စိတ်ကို ကိုင်လှုပ်နိုင်တဲ့ ကွီးတစ်ယောက်ရဲ့ ပုံစံအကြောင်းပါ။
(၁) အေးဆေးတည်ငြိမ်မှုရှိတာ
Photo : The Everygirl
Bad Boy တွေကို မိန်းကလေး တွေ အများစု သဘောကျကြတယ်လို့ ပြောကြပါတယ်။ တကယ်တော့ ဆိုးသွမ်းကောင်လေးတွေထက် အေးဆေးတည်ငြိမ်မှု ရင့်ကျက်မှုရှိရှိ ၊ လူကြီးလူကောင်းဆန်ဆန် နေထိုင်တက်သူတွေကသာ မိန်းကလေးတွေရဲ့ စိတ်ကို အမှန်တကယ် ဆွဲဆောင်နိုင်တာပါ။
(၂) ဝင်ငွေအတည်တကျရှိတာ
Photo : Verywell Mind
ချမ်းသာနေတဲ့ ဘဲတွေကိုမှ မိန်းကလေးတွေ နှစ်သက်တယ်လို့ ထင်ရင်တော့ ကွီးတို့ မှားပါလိမ့်မယ်။ ချမ်းသာဖို့ထက် ဝင်ငွေအတည်အကျရှိပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တဲ့ အမျိုးသားတွေကို မိန်းကလေးတွေက ပိုနှစ်သက်တာပါ။ မိဘဆီ လက်ဖြန့်တောင်းပြီး ကိုယ့်ကိုယ်ကိုယ်တောင် တာဝန်မယူနိုင်တဲ့သူရင် အလုပ်အကိုင် အတည်တကျ နဲ့ ဝင်ငွေလမ်းကြောင်းတစ်ခု ခိုင်ခိုင်မာမာ ရှိတဲ့သူက တစ်ဗန်းသာတယ်ဆိုတာ ငြင်းလို့မရပါဘူး။
(၃) သပ်သပ်ရပ်ရပ် နေတက်သူ
Photo : First Things First
ရုပ်ချောနေမှ မဟုတ်ပါဘူး။ သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် နေတတ်တာကလည်း လူတစ်ယောက်ကို ဆွဲဆောင်မှု ရှိစေတဲ့ အချက်တစ်ခုပဲ မဟုတ်လား ? ဒါကြောင့် တစ်ကိုယ်ရေ သန့်ရှင်းမှုကို ပုံမှန်ဂရုစိုက်ပြီး သန့်သန့်ပြန့်ပြန့် သပ်သပ်ရပ်ရပ် ဝတ်စားနေထိုင်ပါ။ အဝတ်အစားကစလို ဆံပင် ၊ လက်သည်းခြေသည်းအဆုံး သန့်ရှင်းသပ်ရပ်နေအောင် ထားသင့်ပါတယ်။ နောက်ပြီး ဆွဲဆောင်မှုရှိတဲ့ ရေမွှေးကောင်းတစ်မျိုး သုံးပေးပါ။
(၄) ပြဿနာတစ်ခုကို ခေါင်းအေးအေးနဲ့ ဖြေရှင်းနိုင်တာ
Photo : Verywell Mind
မိန်းကလေး တွေရဲ့ ပင်ကိုယ်စိတ်ကိုက လက်တွဲဖော်အပေါ် အားကိုးစိတ် ရှိကြပါတယ်။ အရာရာမှာ ဦးစီးဦးဆောင် နိုင်တဲ့သူကို ဦးစားပေး ရွေးချယ်ချင်ကြပါတယ်။ နောက်ထပ်အရေးကြီးတဲ့ အချက်ကတော့ ပြဿနာတစ်စုံတစ်ခု ဖြစ်လာတာနဲ့ သွေးမပူပဲ ခေါင်းအေးအေးနဲ့ အခြေအနေကို အကောင်းဆုံး အဖြေရှာတက်တာဟာ မိန်းကလေးတွေအတွက်တော့ သဘောကျစရာ ကိုယ်ရည်ကိုယ်သွေးတစ်ခု ဖြစ်ပါတယ်။ ဝုန်းဝုန်းဒိုင်းဒိုင်း ၊ ရှုးရှုးရှဲရှဲ လုပ်လေ့ရှိတယ်ဆိုရင်တော့ သေချာပေါက် ကွီးတို့ အဲ့အကျင့်ကို ပြင်လိုက်ပါနော်။
Source : Real Men Real Style
Featured Photo : Growing Home Together