လူတိုင်းလူတိုင်းအတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိဖို့က သိပ်ကိုအရေးကြီးပါတယ်။ တကယ်တော့ Self-Confidence ကောင်းဖို့ဆိုတာ ကွီးတို့ ကိုယ်တိုင်တည်ဆောက်ယူမှ ရနိုင်မှာ ဖြစ်ပါတယ်။ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိခြင်းဟာ ဘဝအောင်မြင်မှုအတွက်လည်း တစ်စိတ်တစ်ဒေ သ အရေးပါတဲ့ အရာတစ်ခုဖြစ်တာကြောင့် ကွီးတို့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတိုးချင်တယ်ဆိုရင် အခုပြောပြမယ့် သိပ်မခက်တဲ့ နည်းလမ်းတွေနဲ့ ယုံကြည်မှု မြှင့်တင်နိုင်ပါတယ်။

(၁) ကိုယ့်ရဲ့ ဖြစ်တည်မှုကို လက်ခံပါ

Photo : iStock

လူတိုင်းမှာ မပြည့်စုံခြင်းအကြောင်းတရားတွေ များစွာရှိပါတယ်။ ကိုယ့်ရဲ့ ဖြစ်တည်မှု ၊ ကိုယ့်အကြောင်းကိုယ် အကောင်းဆုံး လက်ခံနိုင်ပြီး ရှေ့ဆက်ဖို့ပဲ လိုတာပါ။ ကိုယ့်ရဲ့ လိုအပ်ချက်တွေကို  သူများတွေနဲ့ နှိုင်းယှဉ်ပြီး စိတ်ဓာတ်ကျနေရင် ယုံကြည်မှုပိုပျောက်သွားဖို့ပဲ ရှိပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို အကောင်းဆုံး လက်ခံနိုင်အောင်ကြိုးစားပါ။

(၂) ကိုယ့်ရဲ့ အစွမ်းအစကို အသုံးချပါ

Photo : Unsplash

ကိုယ့်ရဲ့အားသာချက်က ဘာဖြစ်မလဲ ၊ ကိုယ့်ရဲ့ လုပ်နိုင်စွမ်းဘာတွေရှိမလဲ စသည်ဖြင့် ကိုယ့်ကိုယ်ကို အကောင်းဆုံး ပြန်သုံးသပ်ကြည့်ပါ။ ကိုယ့်ရဲ့ အစွမ်းအစကို ကိုယ်တိုင်သိနားလည်ပြီး လက်တွေ့အသုံးချနိုင်ခြင်းကသာ စစ်မှန်တဲ့ ယုံကြည်မှုကို ရရှိစေမှာဖြစ်ပါ။ ဒါကြောင့် ကွီးတို့အရင်ဆုံး လုပ်ရမှာတစ်ခုက ကိုယ့်ရဲ့ အားသာချက်တွေကို ရှာဖွေပြီး ကိုယ်စွမ်းကိုယ်စကို အသုံးချနိုင်တက်ဖို့ ပဲ ဖြစ်ပါတယ်။

(၃) ကိုယ့်ကိုယ်ကို စိန်ခေါ်ပါ

Photo : All Pro Dad

ကျွန်တော်တို့ အားလုံး ကြောက်ရွံ့စိတ်နဲ့ နောက်ဆုတ်ခဲ့တဲ့ အရာတွေအများကြီး ရှိကြပါတယ်။ ကြောက်စိတ်ဟာ ကွီးတို့ရဲ့ ယုံကြည်မှုတွေကို တိုက်စားနေတဲ့ အဆိုးဆုံးအရာတစ်ခုဖြစ်ပါတယ်။ ကြောက်စိတ်ကို စိန်ခေါ်ပြီး မလုပ်ရဲတဲ့အရာတွေကို လုပ်ဆောင်ခြင်းဟာ ကွီးတို့ကို ယုံကြည်မှု မြှင့်တက်လာစေမယ့် အကောင်းဆုံး နည်းလမ်းတစ်ခုဖြစ်ပါတယ်။

Photo : Favim.com