မိမိကိုယ်ကိုယ် အခြားသူများနှင့် မ နှိုင်းယှဉ် ပါနဲ့ဆိုတာက အပြောလွယ်သလောက် လုပ်ရတာ ခက်ခဲတဲ့အရာတစ်ခုပါ။

ကျနော်တို့သည် ငယ်စဉ်ကတည်းက မိမိမောင်နှမအရင်းနှင့်ဖြစ်စေ၊ ဝမ်းကွဲမောင်နှမ၊ သူငယ်ချင်းများနှင့်ဖြစ်စေ အမြဲဆိုသလို နှိုင်းယှဉ်ခြင်း ခံနေရတာပါ။ ငယ်စဉ်ကတည်းက ဒီလိုပတ်ဝန်းကျင်နဲ့ ကြီးပြင်းလာရတဲ့အတွက်ကြောင့် အသက်အရွယ်ရလာမှ မိမိကိုယ်ကိုယ် အခြားသူများနှင့် မနှိုင်းယှဉ် ရဘူးလို့ ပြောလာတဲ့အခါ ပြုပြင်ရခက်ခဲသွားပါတယ်။

တကယ်ဆိုရင် ကလေးဘဝကတည်းက သင်သည် ဘယ်သူနဲ့မျှ နှိုင်းယှဉ်မခံရဘဲ ကိုယ့်ရဲ့တန်ဖိုးကို ကိုယ် သိနားလည်တတ်တဲ့ ကလေးတစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့သင့်တာပါ။ လူတိုင်းမှာ ကိုယ်ပိုင်ဘဝ၊ ကိုယ်ပိုင်လမ်းကြောင်း၊ ကိုယ်ပိုင်အားသာချက်တွေ ကိုယ်စီ ကိုယ်စီ ရှိကြပါတယ်။ သင့်အနေနဲ့ ကိုယ့်ရဲ့ဖြစ်တည်မှုကို ကိုယ်အလေးထားပြီး အခြားသူများနှင့် မိမိကိုယ်ကိုယ် မ နှိုင်းယှဉ် သင့်ပါဘူး။

တကယ်လို့ ထိုအကျင့်ကြီးကို ဘယ်လိုမှ ဖျောက်ဖျက်မရဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းများကိုသာ သတိရလိုက်ပါ။

မိမိကိုယ်ကိုယ် အခြားသူများနှင့် နှိုင်းယှဉ် ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးများကို သတိပြုပါ

gossip

သင့်ရဲ့စိတ်ကိုသာ ပူလောင်စေပြီး စိတ်ပင်ပန်းမှုများ၊ စိတ်ဖိစီးမှုများ ရရှိစေပါတယ်။ သင့်ရဲ့ အတွင်းစိတ်ထဲမှာ မငြိမ်းမချမ်းဖြစ်နေတာသည်လည်း မျက်နှာပေါ်မှာ မြင်တွေ့ရတတ်ပါတယ်။ အဆုံးမှာတော့ သင်သည် အခြားသူများရဲ့ အောင်မြင်မှုကို မနာလိုရှု့စိမ့်နေသူတစ်ယောက်အဖြစ် သတ်မှတ်ခံရပါလိမ့်မယ်။

ကိုယ့်ရဲ့ အောင်မြင်မှုကိုသာ အလေးထားပါ

success

သင်သည် စာရေးဆရာ၊ ဂီတပညာရှင်၊ ဆရာဝန်၊ အိမ်ထောင်ဦးစီးတစ်ယောက်ပဲ ဖြစ်နေပါစေ သင့်ဆီမှာ အခြားသူနဲ့ မတူညီတဲ့ ကိုယ်ပိုင်ဘဝအတွေ့အကြုံများ၊ အားသာချက်များ ရှိပါတယ်။ သင့်မှာ သင့်ပတ်ဝန်းကျင်ကို မေတ္တာတရား၊ ကိုယ်ချင်းစာတရားနှင့် အခြားသော လူမှုကူညီမှုများကို ပေးစွမ်းနိုစွမ်းရှိတဲ့ လူသားတစ်ယောက်ဖြစ်ပါတယ်။

သင်သည် သင် လိုချင်တဲ့အရာများ၊ အိပ်မက်များကို ကိုယ်တိုင်အကောင်အထည်ဖော်နိုင်စွမ်းရှိတဲ့ လူသားတစ်ယောက်ပါ။ ဒါ့ကြောင့် အခြားသူနှင့် လိုက်လံ နှိုင်းယှဉ်နေမယ့်အစား ကိုယ့်ကိုယ်ကိုသာ ဂရုစိုက်ပါ။ ကိုယ့်ရဲ့ တိုးတက်မှုများ၊ အောင်မြင်မှုများကိုသာ အလေးပေးရမှာဖြစ်ပါတယ်။

မိမိကိုယ်ကိုယ် ချီးမွမ်းပါ

man smiling

ဘဝဆိုတာ အမြဲတမ်း ယှဉ်ပြိုင်နေဖို့မဟုတ်ပါဘူး။ ကိုယ့်ရဲ့ဘဝရည်မှန်းချက်၊ ကိုယ့်ရဲ့အိပ်မက်တွေကို ကိုယ်ကိုယ်တိုင် အကောင်အထည်ဖော်ရမှာဖြစ်ပါတယ်။ အခြားသူရဲ့ အိပ်မက်တွေကတော့ ပြည့်မြောက်သွားပြီ၊ ငါကတော့ မအောင်မြင်နိုင်သေးပါလား ဆိုပြီးလည်း ကိုယ့်ကိုယ်ကိုယ် အားငယ်စိတ် မဝင်ပါနဲ့။

တစ်စုံတစ်ရာကို အောင်မြင်အောင် လုပ်ဆောင်နိုင်တယ်ဆိုရင် ကိုယ့်ကိုယ်ကို ချီးမွမ်းဖို့ မမေ့ပါနဲ့။ ကိုယ့်ကိုယ်ကို ချီးမွမ်းခြင်းသည် စိတ်ခွန်အား တက်စေပြီး အောင်မြင်မှုအတွက် အထောက်အကူဖြစ်စေနိုင်ပါတယ်။

အခြားသူများနှင့် နှိုင်းယှဉ်နေမယ့်အစား သူတို့ထံမှ လေ့လာသင်ယူပါ

မိမိကိုယ်ကိုယ် နှိုင်းယှဉ်

ဟုတ်ပါတယ်။ ကိုယ့်ကိုယ်ကို အခြားသူများနှင့် လိုက်လံနှိုင်းယှဉ်နေမယ့်အစား သူတို့ ဘယ်လို ကြိုးစားသလဲဆိုတာကို နည်းနမူနာယူကာ ကိုယ့်ရဲ့အောင်မြင်မှုအတွက် ပြန်လည်အသုံးချနိုင်ပါတယ်။ အခြားသူများရဲ့ အားသာချက်များထံမှ လေ့လာသင်ယူပါ။ သူတို့နဲ့ လိုက်ပြိုင်နေမယ်ဆိုရင်တော့ သင်ပဲ စိတ်ပင်ပန်းရမှာပါ။ ဒါပေမဲ့ သူတို့ထံမှ ပြန်လည်လေ့လာသင်ယူမယ်ဆိုရင်တော့ သင့်ရဲ့ တိုးတက်မှု၊ အောင်မြင်မှုအတွက် အထောက်အကူ ဖြစ်စေပါလိမ့်မယ်။

မိမိကိုယ်ကိုယ်သာ နှိုင်းယှဉ်ပါ

မိမိကိုယ်ကိုယ် နှိုင်းယှဉ်

မဖြစ်မနေ နှိုင်းယှဉ်ချင်တယ်ဆိုရင်တော့ အခြားသူနဲ့ မနှိုင်းယှဉ်ဘဲ ကိုယ့်ကိုယ်ကိုသာ ပြန်နှိုင်းယှဉ်လိုက်ပါ။ မနေ့က သင် နဲ့ ဒီနေ့ သင် တို့ နှစ်ယောက်ကြား ဘယ်လို ခြားနားမှုတွေ ရှိခဲ့သလဲ။ တိုးတက်မှုတွေ ရှိခဲ့သလား။ ဆုတ်ယုတ်သွားတာမျိုးကို မြင်တွေ့ရသလား။ ဆုတ်ယုတ်သွားတာမျိုး မဟုတ်ဘဲ တိုးတက်လာတဲ့ ဖြစ်စဉ်ကိုသာ မြင်တွေ့သင့်တာ ဖြစ်ပါတယ်။ ဒါမှသာ သင့်ရဲ့ အိပ်မက်တွေကို အမြန်ဆုံး အရောက်လှမ်းနိုင်မှာဖြစ်ပါတယ်။

Source: Becomingminimalist

Featured Image: Springprofessional