အက်ရှင်ဂိမ်း တွေဟာ PC မှာဖြစ်စေ ၊ မိုဘိုင်းလ် မှာဖြစ်စေ မည်သည့်ပလက်ဖောင်းမှ မဆို ရေပန်းအစားဆုံး ဂိမ်း အမျိုးအစားတစ်ခုဖြစ်ပါတယ်။ Plyaers တွေအဖို့ စိတ်လှုပ်ရှားစရာကောင်းတဲ့ ခံစားချက်ကို အပြည့်အဝပေးစွမ်းပြီး ဂိမ်းထဲမှာသာမက ပြင်ပလောကမှာပါ အခက်အခဲနဲ့ ပြဿနာတွေကို အကောင်းဆုံး ဖြေရှင်းနိုင်စေဖို့ ဖြတ်ထိုးဉာဏ်နဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းတွေကို ပေးစွမ်းပါတယ်။ ဒီတစ်ခါမှာတော့ လှုပ်လှုပ်ရှားရှား၊ ပစ်ခတ်တိုက်ခိုက်ဆော့ကစားရတဲ့ အက်ရှင်ဂိမ်းချစ်သူတွေအတွက် မိုဘိုင်းလ် ပေါ်မှာ ဆော့လို့ရမယ့် အမိုက်စား ဂိမ်းတွေကို မျှဝေပေးချင်ပါတယ်။

(၁) Bullet Hell Monday Series

Source : Masayuki Ito

Bullet Hell Monday Series ကတော့ မိုဘိုင်းလ် ပေါ်မှာဆော့ကစားနိုင်တဲ့ အကောင်းဆုံးနဲ့ အလွယ်ကူဆုံး Shmup (“shoot ’em up”) ဂိမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။ Gameplay ပုံစံက အရမ်းကို ရိုးရှင်းပြီး Enemies တွေ ပစ်ခတ်လိုက်တဲ့ ကျည်ဆန်များစွာကို ရှောင်တိမ်းရင်း ပြန်လည်ပစ်ခတ် တိုက်ခိုက်ရမှာ ဖြစ်ပါတယ်။ ဂိမ်းတစ်ခုစီတိုင်းမှာ အဆင့်များစွာပါရှိပြီး ဂိမ်းအဆင့်တစ်ခုတက်တိုင်းမှာ ပိုပြီးခက်လာမှာ ဖြစ်ပါတယ်။ ဒီဂိမ်းက iOS (App Store) ရော Android (Google Play) မှာပါ ဆော့ကစားလို့ရမယ့် အမိုက်စား အက်ရှင်ဂိမ်း တစ်ခုဖြစ်ပါတယ်။

(၂) Dead Cells

Source : Playdigious

Dead Cells ကတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ roguelike-Metroidvania ဂိမ်းတစ်ခု ဖြစ်ပါတယ်။ မှော်ဆန်တဲ့ကျွန်းတစ်ခုပေါ်မှာ ပိတ်မိနေတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ဇာတ်ကောင်နေရာကနေ ကစားရမှာ ဖြစ်ပါတယ်။ Players အနေနဲ့ ကျွန်းပေါ်ကနေ လွတ်မြောက်ဖို့ အဓိကကြိုးစားရမှာဖြစ်ပြီး အကယ်၍ သေသွားပါက စုဆောင်းထားတဲ့ လက်နက်တွေ ၊ အဆင့်မြှင့်တင်မှုတွေ အားလုံးကို ဆုံးရှုံးမှာဖြစ်ကာ အစကနေပြန် ဆော့ရမှာဖြစ်ပါတယ်။

စစဆော့ချင်းမှာတော့ ခဏခဏသေလို့ အနည်းငယ်စိတ်ပျက်စရာကောင်းတယ်လို့ ထင်ကောင်းထင်နိုင်ပေမယ့် ဆော့တာကြာလာတာနဲ့အမျှ စကေးတက်လာပြီး ဂိမ်းရဲ့စိတ်ဝင်စားဖို့အကောင်းဆုံး အပိုင်းတွေကို ဆက်လက်ခေါ်ဆောင်ပေးသွားပါလိမ့်မယ်။ ဒီဂိမ်းက 2D Gameplay ပုံစံဖြစ်ပေမယ့် ဆော့ရတာ တော်တော်လေး Smooth ဖြစ်ပါတယ်။ မိုဘိုင်းလ် အတွက်အကောင်းဆုံး Metroidvania ဂိမ်းတစ်ခုလို့ပြောလို့ရပြီး iOS (App Store) ရော Android (Google Play) မှာပါ ဆော့ကစားနိုင်မှာပါ။ Premium ဂိမ်းတစ်ခုဖြစ်တာနဲ့အညီ ၈ ဒေါ်လာဝန်းကျင်ခန့်နဲ့ စတင်ဝယ်ယူဆော့ကစားရမှာ ဖြစ်ပါတယ်။

(၃) Grid Autosport

Source : Feral Interactive

Racing Games ချစ်သူတွေ အတွက်ပါ။ Grid Autosport ကတော့ မိုဘိုင်းလ် ပေါ်မှာဆော့ကစားနိုင်တဲ့ အကောင်းဆုံး ကားပြိုင်ဂိမ်းတစ်ခု ဖြစ်ပါတယ်။ ဂိမ်းရဲ့ On-Screen Controls ပိုင်းတွေက တော်တော်လေး ကောင်းမွန်တဲ့အပြင် Hardware Controller Support ပေးတဲ့အတွက် မတူညီတဲ့ အတွေ့အကြုံအသစ်ကို ခံစားချင်တယ်ဆိုရင်တော့ Controller နဲ့ချိတ်ဆက်ပြီး ကစားလို့ရပါတယ်။ Graphics ပိုင်းကလည်း တခြား Racing Games တွေထက် သိသိသာသာ ထူးခြားကောင်းမွန်တာ တွေ့ရပါတယ်။

၂၀၁၄ ခုနှစ်ကတည်းက Xbox 360 ၊ PlayStation 3 နဲ့ PC အတွက် ထုတ်လုပ်ခဲ့တာဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာမှ မိုဘိုင်းလ် ဗားရှင်းကို ထုတ်ခဲ့တာပါ။ ဒီဂိမ်းကလည်း iOS (App Store) ရော Android (Google Play) မှာပါ ဆော့ကစားလို့ရမှာဖြစ်ပြီး ၁၀ ဒေါ်လာဝန်းကျင်ခန့်နဲ့ ဝယ်ယူကစားနိုင်မှာဖြစ်ပါတယ်။

(၄) Into the Dead 2

Source : PikPokGames

Into the Dead 2 ကတော့ Zombie တွေအများကြီးနဲ့ တိုက်ခိုက်ပြေးလွှားရမယ့် Runner – Style ဂိမ်းပုံစံ Survival Game တစ်ခုဖြစ်ပါတယ်။ ဂိမ်းမှာ Levels တွေ အများကြီးရှိပြီး Players တွေအတွက် လက်နက်မျိုးစုံ ၊ အဖော်ခွေးလေးနဲ့ တခြားလိုအပ်မယ့် ကိရိယာတွေကို ပေးထားပါတယ်။ ဂိမ်း Story ကတော့ အရမ်းကြီးထူးခြားလေးနက်နေတာမျိုး မဟုတ်ပေမယ့် Zombie ဂိမ်းပုံစံတွေအတိုင်း ရင်ခုန်စိတ်လှုပ်ရှားမှုအပြည့်နဲ့ စိတ်ဝင်စားစရာ ဆော့ကစားရမှာ ဖြစ်ပါတယ်။

ဇာတ်ကောင်ရဲ့မိသားစုကို ဖုတ်ကောင်ကမ္ဘာပျက်ကြီးကနေ သွားရောက်ကယ်တင် ခရီးနှင်ရမှာ ဖြစ်ပါတယ်။ ခရီးလမ်းတစ်လျှောက်မှာ လက်နက်တွေ ၊ ရံဖန်ရံခါခံတပ်တွေလို Zombie တွေရန်ကနေ ကာကွယ်ပေးနိုင်မယ့် တခြားကူညီဖြစ်စေတဲ့ အရာတွေ ရပါလိမ့်မယ်။ ဒီဂိမ်းက အင်တာနက်ချိတ်ဆက်မှု မလိုပဲ Offline အနေနဲ့လည်း ကစားနိုင်မှာ ဖြစ်ပါတယ်။ iOS (App Store) ရော Android (Google Play) မှာပါ ဆော့ကစားလို့ရမှာဖြစ်တဲ့အပြင် Free To Play ကစားနိုင်တဲ့အကောင်းဆုံး မိုဘိုင်းလ် အက်ရှင်ဂိမ်း တစ်ခုဖြစ်ပါတယ်။

Featured Photo : Epic Games