ကွီးတို့ နေ့စဥ်အသုံးပြုနေတဲ့ Skincare Routine ထဲမှာ နေလောင်ကာခရင်မ်သည်လည်း မရှိမဖြစ် အသုံးပြုရမယ့်အရာတစ်ခုဖြစ်ပါတယ်။ မိုး ရာသီက နေမှမပူတာ Sunscreen သုံးစရာလိုလို့လား ဆိုပြီး မေးခွန်းထုတ်စရာရှိပါတယ်။ ကွီးတို့ရော ဘယ်လိုထင်မြင်ယူဆ မိပါသလဲ။
တကယ်တော့ နေလောင်ကာခရင်မ်ဆိုတာသည် နေပူပူ၊ မိုးရွာရွာ၊ နှင်းကျကျ လိမ်းကျံပေးရမယ့် ပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။
နေလောင်ကာခရင်မ် လိမ်းပေးခြင်းအားဖြင့် နေလောင်ဒဏ်ကြောင့် အသားအရေများ ပျက်စီးသွားခြင်းမှ ကာကွယ်ပေးပါတယ်။ ဒါ့အပြင် အရွယ်မတိုင်မီမှာ အရေးအကြောင်း ပေါ်ခြင်း၊ ပါးရေတွန့်ခြင်းတို့မှ ကာကွယ်ပေးနိုင်ပါသေးတယ်။ ဒါ့ကြောင့် ကွီးတို့ရဲ့ နေ့စဥ်ဘဝမှာ နေလောင်ကာခရင်မ်သည် အင်မတန်မှ အရေးကြီးတာပဲ ဖြစ်ပါတယ်။
မိုး ရာသီ ရောက်ပြီဆိုတာနဲ့ Sunscreen မသုံးချင်တဲ့ ကွီးတို့ကတော့ အခုဖော်ပြပေးမယ့်အချက်များနဲ့ ကိုယ့်ကိုယ်ကိုယ် သတိပြန်ထိန်းလိုက်ပါ။
သည်းကြီးမည်းကြီး ရွာနေတဲ့မိုးက ကွီးတို့ရဲ့ အသားအရေကို ခရမ်းလွန်ရောင်ခြည်ဒဏ်မှ မကာကွယ်ပေးပါ
မိုးရွာနေလို့ဆိုပြီး ခရမ်းလွန်ရောင်ခြည်ဒဏ်က လျော့နည်းသွားတာ မဟုတ်ပါဘူး။ နေလောင်ဒဏ်ကြောင့် ပျက်စီးမှု အခြေအနေသည် ရှိရင်းစွဲအတိုင်းပဲဖြစ်ပါတယ်။ အေးတဲ့ ရာသီဥတုမှာဆိုရင် နေလောင်ဒဏ်က ပိုပြီးပြင်းထန်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ရာသီဥတုက ဘယ်လိုပဲဖြစ်နေဖြစ်နေ နေလောင်ကာခရင်မ် လိမ်းဖို့ မမေ့ပါနဲ့။
တစ်ကြိမ်တည်း လိမ်းလိုက်ရုံနဲ့ တစ်နေ့တာလုံးစာအတွက် လုံလောက်သွားတာမဟုတ်ပါ
နေလောင်ကာခရင်မ်သည် တစ်ကြိမ်လောက် လိမ်းလိုက်တာနဲ့ တစ်နေ့တာလုံး ကြာရှည်ခံသွားတာ မဟုတ်ပါဘူး။ နာရီအနည်းငယ်ကြာတာနဲ့ ပြန်လိမ်းကျံပေးဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ရေကူးတဲ့အချိန်၊ ချွေးထွက်များတဲ့အချိန်၊ လေ့ကျင့်ခန်း ပြုလုပ်ပြီးတဲ့အချိန်တွေမှာ ပြန်လည် လိမ်းကျံပေးဖို့ လိုအပ်ပါတယ်။
SPF အနည်းဆုံး ၃၀ ခန့်ရှိရပါမယ်
မိုး ရာသီမှ မဟုတ်ပါဘူး၊ တခြားရာသီတွေမှာလည်း Sunscreen ရွေးတယ်ဆိုတာနဲ့ ကိုယ်ရွေးချယ်တဲ့ နေလောင်ကာခရင်မ်က အနည်းဆုံး SPF 30 ရှိရပါမယ်။ SPF 30 အောက် နည်းနေမယ်ဆိုရင်တော့ ကွီးတို့ရဲ့ ပိုက်ဆံက အလကားကုန်တာပဲ အဖတ်တင်ပါလိမ့်မယ်။ ပြီးတော့ နေ့တိုင်း လိမ်းနေရတာကလည်း အချိန်ကုန်ပါတယ်။ အသားအရေအတွက် ဘာထိရောက်မှုမှ မရှိပါဘူး။ ဒါ့ကြောင့် နေလောင်ကာခရင်မ် ရွေးချယ်တော့မယ်ဆို အနည်းဆုံး SPF 30 ရှိတဲ့ နေလောင်ကာခရင်မ်မျိုးကို ရွေးချယ်လိုက်ပါ။
Gel-Based နေလောင်ကာခရင်မ်များကို အသုံးပြုပါ
မိုးရာသီဆိုပေမယ့် ရာသီဥတုက ပူအိုက်နေမှာပါပဲ။ ဒီလိုအချိန်မျိုးမှာ ကိုယ် အသုံးပြုတဲ့ နေလောင်ကာခရင်မ်က ထူပျစ်ပျစ်ကြီးဖြစ်နေမယ်ဆိုရင် အသားအရေကို ကပ်စေးစေးဖြစ်စေပြီး ချွေးထွက်များကာ အဆီပြန်စေမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကွီးတို့အနေနဲ့ နေလောင်ကာခရင်မ် ရွေးချယ်တဲ့အခါ ထူပျစ်ပျစ် နေလောင်ကာခရင်မ်မျိုးထက် Texture က ပေါ့ပေါ့ပါးပါးဖြစ်တဲ့ နေလောင်ကာခရင်မ်မျိုးကို ရွေးချယ်သင့်ပါတယ်။ Lightweight ဖြစ်တဲ့ Gel-Based နေလောင်ကာခရင်မ်များကို အသုံးပြုခြင်းကြောင့် ကွီးတို့ရဲ့ အသားအရေက ကွီးတို့ကို ကျေးဇူးတင်နေမှာပါ။
ကွီးတို့ဆီမှာရော နေလောင်ကာခရင်မ်အပြင် နေလောင်ကာခရင်မ်ကို အမြဲတမ်းလိမ်းဖို့ သတိပေးမယ့် ရှော်တီလေး ရှိရဲ့လား။
Source: Fixderma
Featured Image: Freepik