ကမ္ဘာပေါ်မှာ ရင်သပ်ရှုမောဖွယ် နေရာတွေ၊ မယုံနိုင်လောက်အောင် လှပတဲ့ နေရာတွေ၊ သဘာဝတရားကြီးက ဖန်တီးပေးထားတဲ့ အံ့ဩစရာနေရာများစွာနဲ့လည်း ပြည့်နှက်နေပါတယ်။ ထိုရင်သပ်ရှုမောဖွယ်ကောင်းတဲ့ နေရာတွေ က လူများရဲ့ စိတ်နှလုံးအာရုံကို ဖမ်းစားထားနိုင်တယ်ဆိုလည်း မမှားပါဘူး။ ကွီးတို့ရေ စာရေးသူနဲ့ ကမ္ဘာ့အလှပဆုံး နေရာများသို့ သို့မဟုတ် လှပတဲ့ မိုးကုတ်စက်ဝိုင်း နောက်သို့ အတူတူ ခြေရာခံလိုက်ရအောင်။

ဗင်းနစ်၊ အီတလီ

မိုးကုတ်စက်ဝိုင်း နောက်သို့

Photo : TripSavvy

ကွီးတို့ရေ ကျွန်တော်တို့ရဲ့ မိုးကုတ်စက်ဝိုင်း နောက်သို့ ခြေရာခံတဲ့ ခရီးလေးကို အိမ်မက်ဆန်တဲ့ မြို့လေးနဲ့ စတင်လိုက်ရအောင်။ ထိုမြို့လေးကတော့ အီတလီနိုင်ငံ မြောက်ပိုင်း Veneto ဒေသရဲ့ မြို့တော်ဖြစ်သော လှပတဲ့ ဗင်းနစ်မြို့လေးပဲ ဖြစ်ပါတယ်။ ၎င်းမှာ လမ်းများမရှိဘဲ တူးမြောင်းများသာ ရှိသော ရေပေါ်မြို့လေး ဖြစ်ပါတယ်။ ဗင်းနစ်ရှိ အဓိက တူးမြောင်းက စိန့်မာ့ရင်ပြင်ကို ဖြတ်စီးဆင်းပြီး နှစ်မိုင်ရှည်လျားသော ဂရင်းတူးမြောင်းဖြစ်ပြီး ဗင်းနစ်ရဲ့ သမိုင်းဝင်ဗိသုကာလက်ရာအချို့ကို စီတန်းထားကာ အလယ်ခေတ်မှသည် ခန့်ညားထည်ဝါမှုများကို ကြည့်ရှုခံစားနိုင်ပါတယ်။

ဂျပန်

မိုးကုတ်စက်ဝိုင်း နောက်သို့

Photo : Travel + Leisure

နောက်ထပ် ခြေရာခံဖို့ လှပတဲ့ နေရာတစ်ခုကတော့ ဂျပန်ပဲ ဖြစ်ပါတယ်။ ဂျပန်က တစ်နှစ်ပတ်လုံး အမြဲ သာယာလှပနေတယ် ဆိုသော်လည်းပဲ နိုင်ငံတစ်ဝှမ်းရှိ ချယ်ရီပန်းများ ပွင့်လန်းနေသည့် နွေဦးရာသီကတော့ လည်ပတ်ဖို့ အကောင်းဆုံး ဖြစ်ပါတယ်။ ချယ်ရီမြေမှာ ချယ်ရီပန်းများကို ရှုစားရင်း ခရီးသွားခြေရာချဖို့ ဂျပန်ရဲ့ နွေဦးရာသီကို စာရင်းထဲ ထည့်ထားလိုက်ပါ။

Machu Picchu

မိုးကုတ်စက်ဝိုင်း နောက်သို့

Photo : Mapa de Viajante

ကွီးတို့အတွက် နောက်ထပ်ဖော်ပြချင်တဲ့ နေရာတစ်ခုကတော့ ပီရူးနိုင်ငံတွင် အကျော်ကြားဆုံးနေရာဖြစ်ပြီး အံ့မခန်း ဗိသုကာလက်ရာများနှင့် ပတ်ဝန်းကျင်တောင်တန်းများရဲ့ ရှုခင်းများနဲ့ အသက်ရှုမှားလောက်စရာ ကမ္ဘာ့အမွေအနှစ်နေရာ ဖြစ်တဲ့ Machu Picchu ပဲ ဖြစ်ပါတယ်။

မော်ဒိုက်

most beautiful places

Photo : Make my trip

မျက်စိတစ်ဆုံးမြင်နေရတဲ့ အပြာရောင်ပင်လယ်ပြင်ကြီးနဲ့ မိုးကုတ်စက်ဝိုင်းကို ရှုစားချင်ပါသလား။ ဒါဆိုရင်တော့ တစ်ကယ်ကို လှပတဲ့ မော်ဒိုက် ရှိပါတယ်။ မော်ဒိုက်က တစ်နည်းအားဖြင့် Republic of Maldives ဖြစ်ပြီး အိန္ဒိယ သမုဒ္ဒရာ တွင်တည်ရှိတဲ့ ကျွန်းစုနိုင်ငံဖြစ်ပါတယ်။ သီရိအင်္လကာနဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ အနောက်တောင်ဘက်တွင် တည်ရှိပါတယ်။ အရမ်းကို လှပတဲ့ မော်ဒိုက်မှာ တည်းခိုဖို လှပတဲ့ Resort တွေလည်းရှိပါတယ်။

ဂရိ

most beautiful places

Photo : Zizoo

ဂရိမှာရှိတဲ့ Oia၊ Santorini ကတော့ ကမ္ဘာပေါ်တွင် အလှပဆုံးနေရာများထဲမှ တစ်ခုဖြစ်ပါတယ်။ ဂရိကျွန်းများအားလုံးက လှပတယ်လို့ ဆိုနိုင်သော်လည်းပဲ တောက်ပသော အပြာရောင် Aegean ပင်လယ်ရဲ့ အကောင်းဆုံးရှုခင်းများနဲ့ မိုးကုတ်စက်ဝိုင်းကို ခံစား ကြည့်ရန်အတွက် တောင်စောင်းမြို့ Oia ကတော့ အကောင်းဆုံး ရွေးချယ်မှုပါပဲ။

ပုဂံ

most beautiful places

Photo : Wallpaper Vista

ကွီးတို့ရေ ကမ္ဘာပေါ်က အလှပဆုံးနဲ့ ရင်သပ်ရှုမောဖွယ်နေရာတွေကို ပြောမယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံရဲ့ ပုဂံကိုလည်း ချန်ထားခဲ့လို့ မရပါဘူး။ ရှေးဟောင်းမြို့တော်တစ်ခု ဖြစ်တဲ့ ပုဂံဟာ မြန်မာနိုင်ငံရဲ့ အလေးအမြတ်ထားရာ နေရာတစ်ခု ဖြစ်သည်သာမက ထောင်ချီသော စေတီပုထိုးများနဲ့ ပုဂံမြို့ဟာ နိုင်ငံတွင်းသာမက ပြည်ပခရီးသွားများကိုပါ ဆွဲဆောင်နိုင်တဲ့ နေရာတစ်ခုဆိုလည်း မမှားပါဘူး။ ပုဂံမှာ ရှေးဟောင်းစေတီပုထိုးများရဲ့ အံ့မခန်းဖွယ် ဗိသုကာလက်ရာများနဲ့ ပုဂံမြို့ ရှုမျှော်ခင်းတွေက တစ်သတ်တာ မမေ့နိုင်စရာပါပဲ။ ပုဂံမှာ ကြည့်ရတဲ့ နေထွက်ချိန်၊ နေဝင်ချိန်တွေဟာ စာရေးသူအတွက်တော့ အလှပဆုံး မြင်ကွင်းတွေပါပဲ။ ပုဂံဟာ UNESCO ကမ္ဘာ့အမွေအနှစ် နေရာတစ်ခုလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံသား မှန်ရင်တော့ ပုဂံမြေကို တစ်ခေါက်လောက်တော့ ရောက်ဖူးသင့်ပါတယ်။

Source : BAZZAR

Featured Photo : Designer