တစ်နွေလုံး အပူဒဏ်ခံခဲ့ရသမျှ အေးချမ်းမှုတွေကို ဆောင်ကျဉ်းပေးမယ့် မိုးရာသီလေး ရောက်ရှိလို့လာခဲ့ပါပြီ။ စိတ်ပင်ပန်းခဲ့ရသမျှတွေကို ဖြေဖျောက်ဖို့ရန်အတွက် မိုးရာသီ မှာ ခရီးထွက်ချင်တယ်ဆိုရင် ဘယ် နေရာဒေသ တွေဆီ အလည်အပတ်သွားရမလဲဆိုတာကို ခရီးသွားချစ်သူတို့ သိပြီးကြပါပြီလား။

မိုးရာသီ မှာ လည်ပတ်လို့ အကောင်းဆုံး နေရာဒေသ (၅) ခုကို ဘယ်နေရာတွေဖြစ်မလဲ။

တကယ်တော့ မိုးရာသီမှာ ခရီးသွားခြင်းသည် ပိုပြီးတော့ အကုန်အကျသက်သာပြီး ခရီးသွားလာသူလည်း သိပ်မများတဲ့အတွက်ကြောင့် အေးအေးဆေးဆေးနဲ့ သက်သောင့်သက်သာသွားလာလို့ရတဲ့ အချိန်တစ်ခုပဲဖြစ်ပါတယ်။

ခရီးသွားရတာ နှစ်သက်တဲ့ ခရီးသွားချစ်သူတို့အနေနဲ့ မိုးရာသီ မှာ ခရီးသွားမယ်လို့ စိတ်ကူးထားတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နေရာဒေသ (၅) ခုကိုသာ သတိရလိုက်ပါ။

ထိုင်းနိုင်ငံ

မိုးရာသီ နေရာဒေသ

ဘန်ကောက်နဲ့ ချင်းမိုင်ကတော့ လူအထူထပ်ဆုံးမြို့တွေပဲဖြစ်ပါတယ်။ ခရီးသွားဧည့်သည်အများအပြား အသွားကြဆုံးနေရာတွေဖြစ်ပါတယ်။ တကယ်လို့ ဈေးသက်သာတဲ့နေရာတွေဆီ အလည်အပတ်သွားချင်တယ်ဆိုရင်တော့ ထိုင်းပင်လယ်ကွေ့နားရှိ ကမ်းခြေတွေဆီ သွားနိုင်ပါတယ်။

တောတောင်နဲ့ ကမ်းခြေရဲ့ အလှအပကို တစ်ချိန်တည်းမှာပဲ ရှုမြင်ခံစားချင်တယ်ဆိုရင်တော့ Ang Thong National Marine Park ဆီသို့ သွားရောက်နိုင်ပါတယ်။ တကယ့်ကိုမှ လှပပြီး တစ်သက်လုံးနေချင်သွားအောင် ဆွဲဆောင်နေမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံ

မိုးရာသီ နေရာဒေသ

ခရီးသွားလို့ အကောင်းဆုံးနေရာဒေသတွေထဲမှာ ကျနော်တို့ရဲ့ မြန်မာနိုင်ငံကိုလည်း မေ့ထားလို့မရပါဘူး။ ကမ်းခြေတွေဆီပဲ ခြေဆန့်ချင်သလား ဒါမှမဟုတ် တောင်တန်းတွေဆီပဲ အလည်အပတ်သွားချင်သလား၊ ရင်သပ်ရှုမောစေမယ့် ရှုမျှော်ခင်းများက အမြဲတမ်းစောင့်ကြိုနေတာဖြစ်ပါတယ်။

ဒေသထွက်အစားအစာတွေကလည်း နေရာဒေသအလိုက် ပေါကြွယ်ဝတာကြောင့် အစားအစာချစ်သူ Foodies များအတွက်လည်း ခရီးသွားရင်း ဝမ်းဗိုက်ဖြည့်တင်းလို့ရတာကတော့ အားသာချက်တစ်ခုပါပဲ။

Costa Rica

မိုးရာသီ နေရာဒေသ

Costa Rica သည်လည်း တောင်တန်းတွေလည်း ပေါများသလို ကမ်းခြေတွေကလည်း မရေမတွက်နိုင်အောင်ပါပဲ။ Costa Rica ရဲ့ နေရာတော်တော်များများသည် မိုးသစ်တောများဖြင့် ဖုံးလွှမ်းထားတာဖြစ်တာကြောင့် နှစ်ဝက် တစ်နှစ်ခန့်သည် မိုးရာသီလိုလိုကိုဖြစ်နေတာပါ။ မေလကနေ နိုဝင်ဘာလအထိ မိုးတဖြိုက်ဖြိုက် ရွာသွန်းလေ့ရှိပါတယ်။ ဒါ့ကြောင့် သူ့ရဲ့ပတ်ဝန်းကျင်ဒေသသည် အမြဲတမ်း စိမ်းလန်းစိုပြေကာ လှပနေတာဖြစ်ပါတယ်။

လိပ်ကလေးတွေကို ချစ်မြတ်နိုးသူများကတော့ Tortuguero ကမ်းခြေဆီသို့ သွားရောက်နိုင်ပါတယ်။ ထိုကမ်းခြေက လိပ်ကလေးတွေရဲ့ အိမ်လိုကိုဖြစ်နောပါ။ သဘာဝပတ်ဝန်းကျင်ရဲ့ အလှအပကို အပြည့်အဝခံစားနိုင်ပါတယ်။

Bora Bora

places to travel during monsoon

Photo: Cntraveler

Bora Bora ကတော့ Maldives ထက်ကို ပိုလှတဲ့နေရာဒေသတစ်ခုပဲဖြစ်ပါတယ်။ ရေပေါ်ဘန်ဂလိုလေးများလည်းရှိပြီး Luxury ခရီးစဉ်မျိုး ဖန်တီးချင်ကြတဲ့သူတွေအတွက် အသွားသင့်ဆုံးနေရာတစ်ခုဖြစ်ပါတယ်။ ထိုနေရာသို့ သွားဖြစ်တယ်ဆိုရင်တော့ Scuba Diving ကိုတော့ မမေ့မလျော့ပြုလုပ်သင့်ပါတယ်။

Bali

places to travel during monsoon

Photo: Traveldailymedia

ဘာလီကမ်းခြေကို အလည်အပတ် သွားလို့အကောင်းဆုံးအချိန်ကတော့ ဧပြီလနှင့် အောက်တိုဘာလအတွင်းပဲဖြစ်ပါတယ်။ ထိုအချိန်တွင် ဘာလီရဲ့ရာသီဥတုသည် အရမ်းကြီး စိုစွတ်နေတာလည်းမဟုတ်သလို အရမ်းကြီးပူအိုက်နေတာလည်းမဟုတ်ပါဘူး။ ခရီးသွားလို့အကောင်းဆုံးအချိန်ပဲဖြစ်ပါတယ်။

ခရီးသွားချစ်သူတို့အနေနဲ့ အခုဖော်ပြခဲ့တဲ့ နေရာတွေထဲက တစ်နေရာကို သွားရမယ်ဆိုရင် ဘယ်နိုင်ငံကို ရွေးချယ်ပါသလဲ။

Source: Passporthealthusa

Featured Image: Bora Bora Ocean Adventures